[Zawgyi]

အန္ဖီးလ္ က်ိန္စာဆုိးကုိ ခ်ိဳးျဖတ္ႏုိင္ျခင္း မရွိေသးတဲ့ အဂြဲ႐ုိး Aguero

မန္စီးတီးရဲ႕ ဂုိးသြင္းစက္ အဂြဲ႐ုိး Aguero ဆုိတာက ကြင္းမေရြး၊ ၿပိဳင္ဘက္မေရြး ရင္ဆုိင္ စိန္ေခၚဖုိ႔ အသင့္ရွိေနတတ္တဲ့ ကစားသမားတစ္ဦး။ ဒါေပမဲ့ အန္ဖီးလ္ဆုိတဲ့ အမည္ကုိ ၾကားလုိက္ရင္ အဂဲြ႐ုိးတစ္ေယာက္ တုန္လႈပ္သြားတတ္တယ္။ က်န္တ့ဲကြင္းေတြမွာ က်ားရဲတစ္ေကာင္လုိ မာန္ျပင္းျပင္းနဲ႔ ဂုိးေတြ တဒုိင္းဒုိင္း သြင္းယူေလ့ရွိတဲ့ အဂြဲ႐ုိး အန္ဖီးလ္ကြင္းမွာဆုိရင္ ေၾကာင္တစ္ေကာင္လုိ ျဖစ္သြားတယ္။ ပုိဆုိးတာက အန္ဖီးလ္ကြင္းမွာ ေျခခ်ခဲ့တဲ့ပဲြတိုင္း အဂြဲ႐ုိး ေခါင္းေမာ့ရင္ေကာ့ၿပီး ထြက္ခဲ့ရတာက တစ္ႀကိမ္မွ မရွိခဲ့ဘူး။ “You’ll Never Walk Alone “ဆုိတဲ့ စာသားေအာက္မွာ အဂြဲ႐ုိးရဲ႕ ဂုိးဆာေလာင္မႈ၀ိညာဥ္က ေသဆုံးသြားခဲ့ရတယ္။

Aguero

Aguero

အန္ဖီးလ္ကြင္းကုိ အဂြဲ႐ုိး ပထမဆုံးေျခခ်ခဲ့တာက ၂၀၀၈၊ ႏုိ၀င္ဘာလ (၄)ရက္။ အဲဒီအခ်ိန္တုန္းက အက္သလက္တီကုိအသင္းနဲ႔အတူ ေတာက္ပေနတဲ့ ၾကယ္ပြင့္သစ္ဂုဏ္ပုဒ္ ပုိင္ရွင္ အဂြဲ႐ုိး ဦးေဆာင္လာတ့ဲ အသင္းက အန္ဖီးလ္ကြင္းမွာ သေရတစ္မွတ္ကုိ ရင္မွာပုိက္ၿပီး အိမ္ျပန္ခဲ့ရတယ္။ ဒါဟာ အဂြဲ႐ုိးရဲ႕ အန္ဖီးလ္က်ိန္စာဆုိးအတြက္ နိဒါန္းပါပဲ။ အဲဒီကတည္းက အန္ဖီးလ္ဆုိတာက အဂြဲ႐ုိးအတြက္ အိပ္မက္ဆုိးေတြ ဖန္တီးရာ ေနရာတစ္ခုျဖစ္ခဲ့ၿပီး အခုအခ်ိန္အထိလည္း ဒီအိပ္မက္ဆုိးထဲက မႏုိးထႏုိင္ေသးပါဘူး။

Aguero-struggle-against-Liverpool

Aguero-struggle-against-Liverpool

တနဂၤေႏြေန႔မွွာ အဂြဲ႐ုိးရဲ႕ အျပာေရာင္တပ္သားေတြ ႀကိဳးၾကာနီတို႔ရဲ႕ ေတာင္ပံခတ္သံၾကားမွာ တစ္စစီ လြင့္စီခဲ့ၿပီး အဂြဲ႐ုိးဆုိရင္ ပဲြခ်ိန္ျပည့္ေတာင္ မကစားခဲ့ရဘဲ လူစားလဲခံခဲ့ရတယ္။ အခုဆုိ အဂြဲ႐ုိးရဲ႕ အန္ဖီးလ္ကြင္းမွတ္တမ္း (၁၀)ပဲြမွာ ႏုိင္ပဲြမရွိ၊ သြင္းဂုိးမရွိ။ ျဖစ္ႏုိင္မယ္ဆုိရင္ သူ႔ ကစားသမားဘ၀မွတ္တမ္းမွာ အန္ဖီးလ္ကြင္းနဲ႔ပတ္သက္တဲ့ စာမ်က္ႏွာေတြကုိ အဂြဲ႐ုိး စုတ္ၿဖဲပစ္ခ်င္ေနပါလိမ့္မယ္။ အဂြဲ႐ုိးရဲ႕ အန္ဖီးလ္အိပ္မက္ဆုိးေတြက ဘယ္ေတာ့မွ အဆုံးသတ္သြားမလဲဆုိတာေတာ့ . .

Aguero-Anfield-Curse-Continue

Aguero-Anfield-Curse-Continue

အဂြဲ႐ုိးရဲ႕ အန္ဖီးလ္ကြင္းမွတ္တမ္းဆုိး

Liverpool 1 Atletico Madrid 1 – Champions League, November 4, 2008
Liverpool 2 Atletico Madrid 1 – Europa League, April 29, 2010
Liverpool 1 Manchester City 1 – Premier League, November 27, 2011
Liverpool 2 Manchester City 2 – League Cup, January 25, 2012
Liverpool 3 Manchester City 2 – Premier League, April 13, 2014
Liverpool 2 Manchester City 1 – Premier League, March 1, 2015
Liverpool 3 Manchester City 0 – Premier League, March 2, 2016
Liverpool 1 Manchester City 0 – Premier League, December 31, 2016
Liverpool 4 Manchester City 3 – Premier League, January 14, 2018
Liverpool 0 Manchester City 0 – Premier League, October 7, 2018

REF:dailystar
Photo:Fox Sports,Daily Advent Nigeria,squawka,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အန်ဖီးလ် ကျိန်စာဆိုးကို ချိုးဖြတ်နိုင်ခြင်း မရှိသေးတဲ့ အဂွဲရိုး Aguero

မန်စီးတီးရဲ့ ဂိုးသွင်းစက် အဂွဲရိုး Aguero ဆိုတာက ကွင်းမရွေး၊ ပြိုင်ဘက်မရွေး ရင်ဆိုင် စိန်ခေါ်ဖို့ အသင့်ရှိနေတတ်တဲ့ ကစားသမားတစ်ဦး။ ဒါပေမဲ့ အန်ဖီးလ်ဆိုတဲ့ အမည်ကို ကြားလိုက်ရင် အဂွဲရိုးတစ်ယောက် တုန်လှုပ်သွားတတ်တယ်။ ကျန်တဲ့ကွင်းတွေမှာ ကျားရဲတစ်ကောင်လို မာန်ပြင်းပြင်းနဲ့ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူလေ့ရှိတဲ့ အဂွဲရိုး အန်ဖီးလ်ကွင်းမှာဆိုရင် ကြောင်တစ်ကောင်လို ဖြစ်သွားတယ်။ ပိုဆိုးတာက အန်ဖီးလ်ကွင်းမှာ ခြေချခဲ့တဲ့ပွဲတိုင်း အဂွဲရိုး ခေါင်းမော့ရင်ကော့ပြီး ထွက်ခဲ့ရတာက တစ်ကြိမ်မှ မရှိခဲ့ဘူး။ “You’ll Never Walk Alone “ဆိုတဲ့ စာသားအောက်မှာ အဂွဲရိုးရဲ့ ဂိုးဆာလောင်မှုဝိညာဉ်က သေဆုံးသွားခဲ့ရတယ်။

Aguero

Aguero

အန်ဖီးလ်ကွင်းကို အဂွဲရိုး ပထမဆုံးခြေချခဲ့တာက ၂၀၀၈၊ နိုဝင်ဘာလ (၄)ရက်။ အဲဒီအချိန်တုန်းက အက်သလက်တီကိုအသင်းနဲ့အတူ တောက်ပနေတဲ့ ကြယ်ပွင့်သစ်ဂုဏ်ပုဒ် ပိုင်ရှင် အဂွဲရိုး ဦးဆောင်လာတဲ့ အသင်းက အန်ဖီးလ်ကွင်းမှာ သရေတစ်မှတ်ကို ရင်မှာပိုက်ပြီး အိမ်ပြန်ခဲ့ရတယ်။ ဒါဟာ အဂွဲရိုးရဲ့ အန်ဖီးလ်ကျိန်စာဆိုးအတွက် နိဒါန်းပါပဲ။ အဲဒီကတည်းက အန်ဖီးလ်ဆိုတာက အဂွဲရိုးအတွက် အိပ်မက်ဆိုးတွေ ဖန်တီးရာ နေရာတစ်ခုဖြစ်ခဲ့ပြီး အခုအချိန်အထိလည်း ဒီအိပ်မက်ဆိုးထဲက မနိုးထနိုင်သေးပါဘူး။

Aguero-struggle-against-Liverpool

Aguero-struggle-against-Liverpool

တနင်္ဂနွေနေ့မှာ အဂွဲရိုးရဲ့ အပြာရောင်တပ်သားတွေ ကြိုးကြာနီတို့ရဲ့ တောင်ပံခတ်သံကြားမှာ တစ်စစီ လွင့်စီခဲ့ပြီး အဂွဲရိုးဆိုရင် ပွဲချိန်ပြည့်တောင် မကစားခဲ့ရဘဲ လူစားလဲခံခဲ့ရတယ်။ အခုဆို အဂွဲရိုးရဲ့ အန်ဖီးလ်ကွင်းမှတ်တမ်း (၁၀)ပွဲမှာ နိုင်ပွဲမရှိ၊ သွင်းဂိုးမရှိ။ ဖြစ်နိုင်မယ်ဆိုရင် သူ့ ကစားသမားဘဝမှတ်တမ်းမှာ အန်ဖီးလ်ကွင်းနဲ့ပတ်သက်တဲ့ စာမျက်နှာတွေကို အဂွဲရိုး စုတ်ဖြဲပစ်ချင်နေပါလိမ့်မယ်။ အဂွဲရိုးရဲ့ အန်ဖီးလ်အိပ်မက်ဆိုးတွေက ဘယ်တော့မှ အဆုံးသတ်သွားမလဲဆိုတာတော့ . .

Aguero-Anfield-Curse-Continue

Aguero-Anfield-Curse-Continue

အဂွဲရိုးရဲ့ အန်ဖီးလ်ကွင်းမှတ်တမ်းဆိုး

Liverpool 1 Atletico Madrid 1 – Champions League, November 4, 2008
Liverpool 2 Atletico Madrid 1 – Europa League, April 29, 2010
Liverpool 1 Manchester City 1 – Premier League, November 27, 2011
Liverpool 2 Manchester City 2 – League Cup, January 25, 2012
Liverpool 3 Manchester City 2 – Premier League, April 13, 2014
Liverpool 2 Manchester City 1 – Premier League, March 1, 2015
Liverpool 3 Manchester City 0 – Premier League, March 2, 2016
Liverpool 1 Manchester City 0 – Premier League, December 31, 2016
Liverpool 4 Manchester City 3 – Premier League, January 14, 2018
Liverpool 0 Manchester City 0 – Premier League, October 7, 2018

REF:dailystar
Photo:Fox Sports,Daily Advent Nigeria,squawka,Getty Images
Naing Linn(Akhayar)
www.akhayar.com