[Zawgyi]

ပရီးမီးယားလိဂ္ ဟက္ထရစ္စံခ်ိန္သစ္ရယူဖို႔ နီးစပ္လာတဲ႔ အဂြဲ႐ုိး Agüero

မန္စီးတီးအသင္းဟာ မေန႔ည(တနဂၤေႏြ)က ပရီးမီးယားလိဂ္ပြဲစဥ္(၂)အျဖစ္ အိမ္ကြင္းမွာ ဟတ္ဒါဖီး္လ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ႔ပါတယ္။ ဒီပြဲစဥ္မွာ မန္စီးတီးအသင္းဟာ အေကာင္းဆံုးေျခစြမ္းေတြကို ျပသခဲ႔ျပီး ဟတ္ဒါဖီးလ္အသင္းကို ( ၆ – ၁ )နဲ႔အႏိုင္ရရိွခဲ႔သလို အသင္းရဲ႕တိုက္စစ္မႈး အဂြဲ႐ုိး Agüero ဟာလည္း ဟက္ထရစ္သြင္းယူႏိုင္ခဲ႔ပါတယ္။ ဟတ္ဒါဖီးလ္နဲ႔ပြဲမွာ အဂြဲ႐ုိး Agüero ဟာ မန္စီးတီးအသင္းအတြက္(၉)ၾကိမ္ေျမာက္ ပရီးမီးယားလိဂ္ ဟက္ထရစ္ဂိုးကိုသြင္းယူႏိုင္ခဲ႔တာျဖစ္ျပီး မန္စီးတီးကစားသမားဘ၀ တစ္ေလွ်ာက္ (၁၃)ၾကိမ္ေျမာက္ဟက္ထရစ္ဂိုးကို ရရိွခဲ႔တာလည္းျဖစ္ပါတယ္။ လက္ရိွအခ်ိန္မွာ အဂြဲ႐ုိး Agüero ဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္အမ်ားဆံုးသြင္းယူထားသူ စာရင္းမွာ လီဗာပူးလ္တိုက္စစ္မႈး ေရာင္ဘီေဖာင္လာ Robbie Fowler နဲ႔အတူ(၉)ၾကိမ္စီနဲ႔ ဒုတိယေနရာမွာရပ္တည္ေနပါတယ္။ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္အမ်ားဆံုးသြင္းယူထားတဲ႔ ကစားသမားကေတာ႔ အလန္ရီွးယား Alan Shearer ျဖစ္ျပီး (၁၁)ၾကိမ္နဲ႔ရပ္တည္ေနတာပါ။ အဂြဲ႐ုိး Agüero ရဲ႕ မန္စီးတီးအသင္းဟာ အေကာင္းဆံုးပံုစံမွာရိွေနျပီး အသင္းရဲ႕ကြင္းလယ္ပိုင္းဟာလည္း အဂြဲ႐ုိး Agüero ကိုပံပိုးမႈေတြျပဳလုပ္ေပးႏိုင္တာေၾကာင္႔ အလန္ရီွးယား Alan Shearer ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ျပႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါ။

Agüero

Agüero

မန္စီးတီးအသင္းအတြက္ အဂြဲ႐ုိး Agüero ဟက္ထရစ္သြင္းယူခဲ႔တဲ႔ ပြဲစဥ္မ်ား

မန္စီးတီး ၆ – ၁ ဟတ္ဒါဖီးလ္ ( ၃ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၅ – ၁ လက္စတာ (၄ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၃ – ၁ နယူးကာဆယ္ ( ၃ ဂိုး ) – ပရီးမီးယားလိဂ္
၀က္ဖို႔ဒ္ ၀ – ၆ မန္စီးတီး ( ၃ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၄ – ၀ မိုခ်န္ဂလာဘတ္ ( ၃ ဂိုး ) – ခ်န္ပီယံလိဂ္
စတူအာဘူခါရက္ ၀ – ၅ မန္စီးတီး ( ၃ ဂိုး ) – ခ်န္ပီယံလိဂ္
ခ်ယ္လ္ဆီး ၀ – ၃ မန္စီးတီး ( ၃ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၆ – ၁ နယူးကာဆယ္ (၅ ဂိုး) – ပရီးမီးယားလိဂ္
မန္စီးတီး ၆ – ၀ QPR ( ၃ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၃ – ၂ ဘိုင္ယန္ျမဴးနစ္ ( ၃ ဂိုး ) – ခ်န္ပီယံလိဂ္
မန္စီးတီး ၄ – ၁ စပါး (၄ ဂိုး ) – ပရီးမီးယားလိဂ္
မန္စီးတီး ၄ – ၂ ၀က္ဖို႔ဒ္ ( ၃ ဂိုး ) – FA Cup
မန္စီးတီး ၃ – ၀ ၀ီဂန္ ( ၃ ဂိုး ) – ပရီးမီးယားလိဂ္

ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ဟက္ထရစ္အၾကိမ္အမ်ားဆံုးသြင္းယူထားသူမ်ားစာရင္း အျပည္႔အစံု

Ref: Soccerway
Photo: Football News ,10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ် ဟက်ထရစ်စံချိန်သစ်ရယူဖို့ နီးစပ်လာတဲ့ အဂွဲရိုး Agüero

မန်စီးတီးအသင်းဟာ မနေ့ည(တနင်္ဂနွေ)က ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် အိမ်ကွင်းမှာ ဟတ်ဒါဖီ်းလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး ဟတ်ဒါဖီးလ်အသင်းကို ( ၆ – ၁ )နဲ့အနိုင်ရရှိခဲ့သလို အသင်းရဲ့တိုက်စစ်မှုး အဂွဲရိုး Agüero ဟာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ဟတ်ဒါဖီးလ်နဲ့ပွဲမှာ အဂွဲရိုး Agüero ဟာ မန်စီးတီးအသင်းအတွက်(၉)ကြိမ်မြောက် ပရီးမီးယားလိဂ် ဟက်ထရစ်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးကစားသမားဘ၀ တစ်လျှောက် (၁၃)ကြိမ်မြောက်ဟက်ထရစ်ဂိုးကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အဂွဲရိုး Agüero ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးသွင်းယူထားသူ စာရင်းမှာ လီဗာပူးလ်တိုက်စစ်မှုး ရောင်ဘီဖောင်လာ Robbie Fowler နဲ့အတူ(၉)ကြိမ်စီနဲ့ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးသွင်းယူထားတဲ့ ကစားသမားကတော့ အလန်ရှီးယား Alan Shearer ဖြစ်ပြီး (၁၁)ကြိမ်နဲ့ရပ်တည်နေတာပါ။ အဂွဲရိုး Agüero ရဲ့ မန်စီးတီးအသင်းဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး အသင်းရဲ့ကွင်းလယ်ပိုင်းဟာလည်း အဂွဲရိုး Agüero ကိုပံပိုးမှုတွေပြုလုပ်ပေးနိုင်တာကြောင့် အလန်ရှီးယား Alan Shearer ရဲ့စံချိန်ကို ကျော်ဖြတ်ပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Agüero

Agüero

မန်စီးတီးအသင်းအတွက် အဂွဲရိုး Agüero ဟက်ထရစ်သွင်းယူခဲ့တဲ့ ပွဲစဉ်များ

မန်စီးတီး ၆ – ၁ ဟတ်ဒါဖီးလ် ( ၃ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၅ – ၁ လက်စတာ (၄ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၃ – ၁ နယူးကာဆယ် ( ၃ ဂိုး ) – ပရီးမီးယားလိဂ်
ဝက်ဖို့ဒ် ၀ – ၆ မန်စီးတီး ( ၃ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၄ – ၀ မိုချန်ဂလာဘတ် ( ၃ ဂိုး ) – ချန်ပီယံလိဂ်
စတူအာဘူခါရက် ၀ – ၅ မန်စီးတီး ( ၃ ဂိုး ) – ချန်ပီယံလိဂ်
ချယ်လ်ဆီး ၀ – ၃ မန်စီးတီး ( ၃ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၆ – ၁ နယူးကာဆယ် (၅ ဂိုး) – ပရီးမီးယားလိဂ်
မန်စီးတီး ၆ – ၀ QPR ( ၃ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၃ – ၂ ဘိုင်ယန်မြူးနစ် ( ၃ ဂိုး ) – ချန်ပီယံလိဂ်
မန်စီးတီး ၄ – ၁ စပါး (၄ ဂိုး ) – ပရီးမီးယားလိဂ်
မန်စီးတီး ၄ – ၂ ဝက်ဖို့ဒ် ( ၃ ဂိုး ) – FA Cup
မန်စီးတီး ၃ – ၀ ဝီဂန် ( ၃ ဂိုး ) – ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အကြိမ်အများဆုံးသွင်းယူထားသူများစာရင်း အပြည့်အစုံ

Ref: Soccerway
Photo: Football News ,10z Soccer
Ko Kyue(Akhayar)
www.akhayar.com