[Zawgyi]

၀ီဂန္ရဲ႕ အလြန္အက်ဴးေအာင္ပြဲ၊ အဂြဲ႐ိုးရဲ႕ ေဒါသ၊ စံုစမ္းစစ္ေဆးခံရမယ့္ ၀ီဂန္

၀ီဂန္ဟာ မန္စီးတီးကို အက္ဖ္ေအဖလားမွာ ေအာင္ႏုိင္ခဲ့ျခင္းဟာ သူတုိ႔အတြက္ မဟာေအာင္ပြဲပါပဲ။ ကြင္းအတြင္းကို ပရိသတ္ေတြ ၀င္ေရာက္ေအာင္ပြဲခံတယ္ဆိုတာကလည္း ေဘာလံုးေလာကမွာ ျမင္ေနက်အရာ တစ္ခုျဖစ္ေနလို႔ မထူးဆန္းပါဘူး။ ဒါေပမဲ့ ထူးျခားသြားတာက ကြင္းထဲေအာင္ပြဲ၀င္ခဲ့တဲ့ ၀ီဂန္ပရိသတ္နဲ႔ မန္စီးတီးတုိက္စစ္မွဴး အဂြဲ႐ိုး(Aguero) နဲ႔ ခုိက္ရန္ျဖစ္ပြားခဲ့တာပါပဲ။ ၀ီဂန္ပရိသတ္က အဂြဲ႐ိုးကုိ ရန္ျပဳဖို႔ႀကိဳးစားခဲ့ၿပီး အဂြဲ႐ိုးက ျပန္လည္ေဆာင့္တြန္းခဲ့လု႔ိ ပြဲက ပိုၾကမ္းသြားခဲ့တယ္။ သူတုိ႔ႏွစ္ဦးရဲ႕ ရန္ပဲြကို ၀ီဂန္ေနာက္ခံလူ ဒန္ကေလ(Dunkley)၊ မန္စီးတီးလက္ေထာက္နည္းျပ အာတီတာ(Arteta) နဲ႔ ကာယဆရာ လုိင္ေလ(Lilley) တို႔ ၀င္ေရာက္ျဖန္ေဖ်ခဲ့ရတယ္။

ဒီျပႆနာေတြတင္မဟုတ္ဘဲ မန္စီးတီးနည္းျပ ဂြါဒီယိုလာ (Guardiola)နဲ႔ ၀ီဂန္နည္းျပ ကြတ္ခ္(Cook) တုိ႔ဟာ အ၀တ္လဲခန္းထဲသြားခ်ိန္မွာ ရန္ျဖစ္ခဲ့ပါေသးတယ္။ ပရိသတ္ေတြနဲ႔ လံုၿခံဳေရးရဲတပ္ဖြဲ႕၀င္ေတြရဲ႕ ရန္ပြဲေတြဟာ ၀ီဂန္နဲ႔ မန္စီးတီးပြဲက ႐ုပ္ဆိုးအက်ည္းတန္ျမင္ကြင္းေတြပါပဲ။

အက်ည္းတန္ရန္ပြဲ

၀ီဂန္အသင္းဥကၠ႒ ေဒးဗစ္ရွက္ပ္(David Sharpe) က ပရိသတ္ေတြရဲ႕ စိတ္ခံစားခ်က္ေတြကို နားလည္ေပမယ့္ ဒီလိုျမင္ကြင္းမ်ဳိးေတြ ျမင္ရတာ စိတ္ပ်က္မိတယ္ လို႔ ေျပာခဲ့ပါတယ္။ ၀ီဂန္အသင္းနည္းျပ ကြတ္ခ္ “ ပရိသတ္ေတြရဲ႕ လုပ္ရပ္ဟာ မွားပါတယ္။ ကစားသမားတစ္ဦးရဲ႕ လံုၿခံဳေရးဟာ အရမ္းအေရးႀကီးပါတယ္” လို႔ေျပာခဲ့ပါတယ္။

၀ီဂန္ပရိသတ္ေတြရဲ႕ လုပ္ရပ္ကို ျမင္ရတာ အရင္တုန္းက အဂၤလန္ဆိုးသြမ္းပရိသတ္ေတြကို အမွတ္ရေစပါတယ္။ တကယ္လို႔မ်ား အဂြဲ႐ိုးကို ရန္ရွာသူဟာ လက္ခ်ည္းသက္သက္မဟုတ္ဘဲ အႏၱရာယ္ရွိေစမယ့္ ပစၥည္းတစ္ခုခုပါလာမယ္ဆိုရင္ ဘယ္လုိလုပ္မလဲ။ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ (FA) က ၀ီဂန္အသင္းကို စံုစမ္းသြားမွာျဖစ္ၿပီး ဘယ္လုိအေရးယူခံရမလဲဆုိတာ ေစာင့္ၾကည့္ရမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

ဝီဂန်ရဲ့ အလွန်အကျူးအောင်ပွဲ၊ အဂွဲရိုးရဲ့ ဒေါသ၊ စုံစမ်းစစ်ဆေးခံရမယ့် ဝီဂန်

ဝီဂန်ဟာ မန်စီးတီးကို အက်ဖ်အေဖလားမှာ အောင်နိုင်ခဲ့ခြင်းဟာ သူတို့အတွက် မဟာအောင်ပွဲပါပဲ။ ကွင်းအတွင်းကို ပရိသတ်တွေ ဝင်ရောက်အောင်ပွဲခံတယ်ဆိုတာကလည်း ဘောလုံးလောကမှာ မြင်နေကျအရာ တစ်ခုဖြစ်နေလို့ မထူးဆန်းပါဘူး။ ဒါပေမဲ့ ထူးခြားသွားတာက ကွင်းထဲအောင်ပွဲဝင်ခဲ့တဲ့ ဝီဂန်ပရိသတ်နဲ့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုး(Aguero) နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တာပါပဲ။ ဝီဂန်ပရိသတ်က အဂွဲရိုးကို ရန်ပြုဖို့ကြိုးစားခဲ့ပြီး အဂွဲရိုးက ပြန်လည်ဆောင့်တွန်းခဲ့လု့ိ ပွဲက ပိုကြမ်းသွားခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ရန်ပွဲကို ဝီဂန်နောက်ခံလူ ဒန်ကလေ(Dunkley)၊ မန်စီးတီးလက်ထောက်နည်းပြ အာတီတာ(Arteta) နဲ့ ကာယဆရာ လိုင်လေ(Lilley) တို့ ဝင်ရောက်ဖြန်ဖျေခဲ့ရတယ်။

ဒီပြဿနာတွေတင်မဟုတ်ဘဲ မန်စီးတီးနည်းပြ ဂွါဒီယိုလာ (Guardiola)နဲ့ ဝီဂန်နည်းပြ ကွတ်ခ်(Cook) တို့ဟာ အဝတ်လဲခန်းထဲသွားချိန်မှာ ရန်ဖြစ်ခဲ့ပါသေးတယ်။ ပရိသတ်တွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရဲ့ ရန်ပွဲတွေဟာ ဝီဂန်နဲ့ မန်စီးတီးပွဲက ရုပ်ဆိုးအကျည်းတန်မြင်ကွင်းတွေပါပဲ။

အကျည်းတန်ရန်ပွဲ

ဝီဂန်အသင်းဥက္ကဋ္ဌ ဒေးဗစ်ရှက်ပ်(David Sharpe) က ပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေမယ့် ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရတာ စိတ်ပျက်မိတယ် လို့ ပြောခဲ့ပါတယ်။ ဝီဂန်အသင်းနည်းပြ ကွတ်ခ် “ ပရိသတ်တွေရဲ့ လုပ်ရပ်ဟာ မှားပါတယ်။ ကစားသမားတစ်ဦးရဲ့ လုံခြုံရေးဟာ အရမ်းအရေးကြီးပါတယ်” လို့ပြောခဲ့ပါတယ်။

ဝီဂန်ပရိသတ်တွေရဲ့ လုပ်ရပ်ကို မြင်ရတာ အရင်တုန်းက အင်္ဂလန်ဆိုးသွမ်းပရိသတ်တွေကို အမှတ်ရစေပါတယ်။ တကယ်လို့များ အဂွဲရိုးကို ရန်ရှာသူဟာ လက်ချည်းသက်သက်မဟုတ်ဘဲ အန္တရာယ်ရှိစေမယ့် ပစ္စည်းတစ်ခုခုပါလာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ဝီဂန်အသင်းကို စုံစမ်းသွားမှာဖြစ်ပြီး ဘယ်လိုအရေးယူခံရမလဲဆိုတာ စောင့်ကြည့်ရမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။