This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ႏုိက္ဂ်ီးရီးယားနဲ႔ပဲြမွာ ပဲြထြက္ကစားသမားစာရင္းက ခ်န္လွပ္ခံရဖုိ႔ရွိေနတဲ့ အဂြဲ႐ုိး Aguero

အာဂ်င္တီးနားအသင္းနည္းျပ ဆမ္ပါအုိလီ Sampaoli ဟာ နာမည္ေက်ာ္တိုက္စစ္မွဴး အဂြဲ႐ုိး Aguero ကုိ ႏုိက္ဂ်ီးရီးယားနဲ႔ကစားမယ့္ အုပ္စုေနာက္ဆုံးပဲြက်ရင္ ပဲြထြက္ကစားသမားစာရငး္က ခ်န္လွပ္ဖုိ႔ စီစဥ္ေနပါၿပီ။ အဂြဲ႐ုိးဟာ အုိက္စလန္နဲ႔သေရက်ခဲ့တဲ့ပဲြမွာ တစ္ဂုိးသြင္းယူခဲ့ေပမယ့္ ေျခစြမ္းမျပႏုိင္ခဲ့သလုိ ခ႐ုိေအးရွားအသင္းကုိ (၃)ဂုိးျပတ္႐ႈံးနိမ့္ခဲ့တဲပဲြမွာလည္း ပုံမွန္ေျခစြမ္းေအာက္ေရာက္ခဲ့ပါတယ္။ အာဂ်င္တီးနားအသင္းအေနနဲ႔ အုပ္စုကေန အရွက္တကဲြလွည့္မျပန္ရဖုိ႔အတြက္ ႏုိက္ဂ်ီးရီးယားကုိ အႏုိင္ကစားဖုိ႔လုိအပ္ေနတာေၾကာင့္ ဆမ္ပါအုိလီဟာ အဲဒီပဲြက်ရင္ ကစားသမားအေျပာင္းအလဲေတြ လုပ္ဖုိ႔သြားရွိေနပါၿပီ။

Sergio-Aguero-faces-axe-against-Nigeria-

Sergio-Aguero-faces-axe-against-Nigeria-

တကယ္လုိ႔ ႏုိက္ဂ်ီးရီးယားနဲ႔ပဲြမွာ ရလဒ္ေကာင္းရယူႏုိင္ခဲ့ရင္ေတာင္ ဆမ္ပါအုိလီရဲ႕ အနာဂတ္က အာမခံခ်က္မရွိေတာ့ပါဘူး။ ဆမ္ပါအုိလီရဲ႕ နည္းစနစ္ေတြအေပၚ အဓိက ကစားသမားေတြျဖစ္ၾကတဲ့ မက္ဆီ Messi ၊ မာေရွရာႏုိ Mascherano တို႔အပါအ၀င္ စီနီယာကစားသမားအမ်ားစုက ႀကိဳက္ႏွစ္သက္ျခင္းမရွိဘဲ ႏုိက္ဂ်ီးရီးယားနဲ႔ပဲြမတိုင္ခင္ ဆမ္ပါအုိလီကုိ ရာထူးကထုတ္ပယ္ဖုိ႔ ေတာင္းဆုိခဲ့တယ္ဆုိတဲ့ သတင္းေတြလည္းထြက္ေနတယ္။ အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နည္းျပဆမ္ပါအုိလီ မပါ၀င္ဘဲ သတင္းစာရွင္းလင္းပဲြလုပ္ခဲ့တာေၾကာင့္ နည္းျပနဲ႔ ကစားသမားေတြအၾကား ပဋိပကၡက ပုိမုိဆုိးရြားတဲ့အေနအထားျဖစ္ေနေပမယ့္ အာဂ်င္တီးနားေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ ဆမ္ပါအုိလီကုိ အခုခ်က္ခ်င္း ရာထူးက ထုတ္ပယ္မယ့္အေနအထားေတာ့ မရွိဘဲ ကမၻာ႔ဖလားၿပိဳင္ပဲြအၿပီးမွသာ ထုတ္ပယ္သြင္းဖုိ႔ရွိေနတာပါ။ အာဂ်င္တီးနားကစားသမားေတြက ဆမ္ပါအုိလီအသုံးျပဳေနတဲ့ (၃-၅-၂) ကစားကြက္ကုိ ႀကိဳက္ႏွစ္သက္ျခင္းမရွိဘဲ မက္ဆီရဲ႕ေျခစြမ္း အခုထက္ပုိေကာင္းလာဖုိ႔ (၄-၃-၃)ကစားကြက္ကုိ ကုိယ့္သေဘာနဲ႔ကုိယ္ေျပာင္းလဲကစားဖုိ႔အထိ စီစဥ္ေနတယ္လုိ႔လည္း သိရပါတယ္။

REF:Daily Mail
Photo: manchestereveningnews,Sporting News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နိုက်ဂျီးရီးယားနဲ့ပွဲမှာ ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခံရဖို့ရှိနေတဲ့ အဂွဲရိုး Aguero

အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီ Sampaoli ဟာ နာမည်ကျော်တိုက်စစ်မှူး အဂွဲရိုး Aguero ကို နိုက်ဂျီးရီးယားနဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲကျရင် ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ဖို့ စီစဉ်နေပါပြီ။ အဂွဲရိုးဟာ အိုက်စလန်နဲ့သရေကျခဲ့တဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို ခရိုအေးရှားအသင်းကို (၃)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲပွဲမှာလည်း ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအနေနဲ့ အုပ်စုကနေ အရှက်တကွဲလှည့်မပြန်ရဖို့အတွက် နိုက်ဂျီးရီးယားကို အနိုင်ကစားဖို့လိုအပ်နေတာကြောင့် ဆမ်ပါအိုလီဟာ အဲဒီပွဲကျရင် ကစားသမားအပြောင်းအလဲတွေ လုပ်ဖို့သွားရှိနေပါပြီ။

Sergio-Aguero-faces-axe-against-Nigeria-

Sergio-Aguero-faces-axe-against-Nigeria-

တကယ်လို့ နိုက်ဂျီးရီးယားနဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ခဲ့ရင်တောင် ဆမ်ပါအိုလီရဲ့ အနာဂတ်က အာမခံချက်မရှိတော့ပါဘူး။ ဆမ်ပါအိုလီရဲ့ နည်းစနစ်တွေအပေါ် အဓိက ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ Messi ၊ မာရှေရာနို Mascherano တို့အပါအဝင် စီနီယာကစားသမားအများစုက ကြိုက်နှစ်သက်ခြင်းမရှိဘဲ နိုက်ဂျီးရီးယားနဲ့ပွဲမတိုင်ခင် ဆမ်ပါအိုလီကို ရာထူးကထုတ်ပယ်ဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေတယ်။ အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နည်းပြဆမ်ပါအိုလီ မပါဝင်ဘဲ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာကြောင့် နည်းပြနဲ့ ကစားသမားတွေအကြား ပဋိပက္ခက ပိုမိုဆိုးရွားတဲ့အနေအထားဖြစ်နေပေမယ့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကတော့ ဆမ်ပါအိုလီကို အခုချက်ချင်း ရာထူးက ထုတ်ပယ်မယ့်အနေအထားတော့ မရှိဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှသာ ထုတ်ပယ်သွင်းဖို့ရှိနေတာပါ။ အာဂျင်တီးနားကစားသမားတွေက ဆမ်ပါအိုလီအသုံးပြုနေတဲ့ (၃-၅-၂) ကစားကွက်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ မက်ဆီရဲ့ခြေစွမ်း အခုထက်ပိုကောင်းလာဖို့ (၄-၃-၃)ကစားကွက်ကို ကိုယ့်သဘောနဲ့ကိုယ်ပြောင်းလဲကစားဖို့အထိ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

REF:Daily Mail
Photo:UOL Esporte,Sporting News
Naing Linn(Akhayar)
www.akhayar.com