[Zawgyi]

မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ႔တဲ႔ တိုက္စစ္မႈးအဂြဲ႐ိုး Aguero

မန္စီးတီးအသင္းနဲ႔ တိုက္စစ္မႈး အဂြဲ႐ိုး Aguero တို႔ဟာ တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုခဲ႔ၾကပါတယ္။ စာခ်ဳပ္သစ္အရ အဂြဲ႐ိုးဟာ မန္စီးတီးအသင္းမွာ ၂၀၂၁ ခုႏွစ္ထိဆက္ရိွသြားမွာျဖစ္ျပီး တစ္ပတ္လုပ္ခလည္း ေပါင္(၂၂၀၀၀၀)အထိ ရရိွသြားမွာျဖစ္ပါတယ္။ အဂြဲ႐ိုး Aguero ဟာ ၂၀၁၁ ခုႏွစ္က အက္သလက္တီကိုမက္ဒရစ္အသင္းကေန မန္စီးတီးအသင္းကို ေျပာင္းေရႊ႕လာခဲ႔သူျဖစ္ျပီး လက္ရိွအခ်ိန္ထိ မန္စီးတီးအသင္းအတြက္(၂၉၉)ပြဲမွာ သြင္းဂိုး(၂၀၄)ဂိုးသြင္းယူထားသလို အသင္းသမိုင္းတစ္ေလွ်ာက္ဂိုးသြင္း အမ်ားဆံုးကစားသမားအျဖစ္လည္း ရပ္တည္ေနသူျဖစ္ပါတယ္။

Aguero-signed-until-2021

Aguero-signed-until-2021

အဂြဲ႐ိုး က ” အခုလို တစ္နွစ္သက္တမ္း ထပ္တိုးႏိုင္ခဲ႔တဲ႔ အတြက္ က်ြန္ေတာ္ေပ်ာ္ရႊင္မိပါတယ္။ က်ြန္ေတာ္႔ရဲ႕ စိတ္ကူးကေတာ႔ အသင္းမွာ(၁၀)နွစ္ၾကာ ရိွေနခ်င္တာပါ။ အခုဆိုရင္ က်ြန္ေတာ္ဒီမွာရိွေနတာ (၇)ႏွစ္ရိွေနပါျပီ။ က်ြန္ေတာ္႔ရဲ႕ လက္ရိွစာခ်ဳပ္သက္တမ္းကုန္ဆံုးရင္ ဒီအသင္းမွာ(၁၀)ႏွစ္ျပည္႔မွာျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းကုန္တဲ႔အထိ အသင္းမွာရိွေနဖို႔ ေမွ်ာ္လင္႔ပါတယ္။ ဒါက က်ြန္ေတာ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရျခင္းရဲ႕ အဓိကအေၾကာင္းရင္းပါပဲ ” လို႔ေျပာၾကားခဲ႔ပါတယ္။

အဂြဲ႐ိုးရဲ႕ မန္စီးတီးကစားသမားဘ၀ေအာင္ျမင္မႈမ်ား

Premier League: 2011–12, 2013–14, 2017–18
Football League/EFL Cup: 2013–14, 2015–16, 2017–18
FA Community Shield: 2012, 2018

Ref: BBC Sport , Metro
Photo: Sky Sports , Manchester City Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ တိုက်စစ်မှုးအဂွဲရိုး Aguero

မန်စီးတီးအသင်းနဲ့ တိုက်စစ်မှုး အဂွဲရိုး Aguero တို့ဟာ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။ စာချုပ်သစ်အရ အဂွဲရိုးဟာ မန်စီးတီးအသင်းမှာ ၂၀၂၁ ခုနှစ်ထိဆက်ရှိသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခလည်း ပေါင်(၂၂၀၀၀၀)အထိ ရရှိသွားမှာဖြစ်ပါတယ်။ အဂွဲရိုး Aguero ဟာ ၂၀၁၁ ခုနှစ်က အက်သလက်တီကိုမက်ဒရစ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ မန်စီးတီးအသင်းအတွက်(၂၉၉)ပွဲမှာ သွင်းဂိုး(၂၀၄)ဂိုးသွင်းယူထားသလို အသင်းသမိုင်းတစ်လျှောက်ဂိုးသွင်း အများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

Aguero-signed-until-2021

Aguero-signed-until-2021

အဂွဲရိုး က ” အခုလို တစ်နှစ်သက်တမ်း ထပ်တိုးနိုင်ခဲ့တဲ့ အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးကတော့ အသင်းမှာ(၁၀)နှစ်ကြာ ရှိနေချင်တာပါ။ အခုဆိုရင် ကျွန်တော်ဒီမှာရှိနေတာ (၇)နှစ်ရှိနေပါပြီ။ ကျွန်တော့်ရဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးရင် ဒီအသင်းမှာ(၁၀)နှစ်ပြည့်မှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာရှိနေဖို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော်စာချုပ်သစ်ချုပ်ဆိုရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ ” လို့ပြောကြားခဲ့ပါတယ်။

အဂွဲရိုးရဲ့ မန်စီးတီးကစားသမားဘဝအောင်မြင်မှုများ

Premier League: 2011–12, 2013–14, 2017–18
Football League/EFL Cup: 2013–14, 2015–16, 2017–18
FA Community Shield: 2012, 2018

Ref: BBC Sport , Metro
Photo: Sky Sports , Manchester City Twitter
Ko Kyue(Akhayar)
www.akhayar.com