[Zawgyi]

အလန္ရွီးယားရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုးအမ်ားဆံုးစံခ်ိန္ကို အဂြဲ႐ိုးခ်ိဳးဖ်က္ႏိုင္မလား

မန္စီးတီးအသင္းရဲ႕ တိုက္စစ္မႈး အဂြဲ႐ိုး Aguero ဟာ အလန္ရွီးယား Alan Shearer ရဲ႕ပရီးမီးယားလိဂ္ သြင္းဂိုးအမ်ားဆံုးစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ပါလိမ္႔မယ္ လို႔ အသင္းေဖာ္ကြင္းလယ္လူ ဘာနာဒိုေဆးဗားလ္ Bernardo Silva ကေျပာၾကားခဲ႔ပါတယ္။ အလန္ရွီးယားဟာ ပရီးမီးယားလိဂ္မွာ သြင္းဂိုး(၂၆၀)နဲ႔ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္ျပီး အဂြဲ႐ိုးကေတာ႔ လက္ရိွအခ်ိန္ထိ ပရီးမီးယားလိဂ္သြင္းဂိုး(၁၄၈)ဂိုးသြင္းယူထားပါတယ္။

Aguero-And-Bernardo-Silva

Aguero-And-Bernardo-Silva

ဘာနာဒိုေဆးဗားလ္ က ” သူ အလန္ရွီးယားရဲ႕စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္မယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။ သူ႔မွာဒါကိုလုပ္ႏိုင္မယ္႔ စြမ္းရည္ေကာင္းေတြ ရိွပါတယ္။ ရာသီတိုင္းမွာ သူကသြင္းဂိုးေတြမ်ားစြာ သြင္းယူႏိုင္ပါတယ္။ အဂြဲ႐ိုးအေနနဲ႔ က်ြန္ေတာ္တို႔ကို ကူညီျပီးအသင္းအတြက္ ဆုဖလားေတြရရိွေအာင္ စြမ္းေဆာင္ေပးႏိုင္မယ္လို႔ က်ြန္ေတာ္တို႔ ေမွ်ာ္လင္႔ပါတယ္။ သူက မန္စီးတီးအသင္းသမိုင္းမွာ ဂိုးသြင္းအေကာင္းဆံုးကစားသမားပါ။ အဂြဲ႐ိုးက မန္စီးတီးအသင္းအတြက္သာမကပဲ ပရီးမီးယားလိဂ္အတြက္လည္း ဂႏၳ၀င္ကစားသမားတစ္ဦးပါလို႔ ” ေျပာၾကားခဲ႔ပါတယ္။

Ref: BBC Sport
Photo: Chicago Tribune , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးစံချိန်ကို အဂွဲရိုးချိုးဖျက်နိုင်မလား

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှုး အဂွဲရိုး Aguero ဟာ အလန်ရှီးယား Alan Shearer ရဲ့ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ပါလိမ့်မယ် လို့ အသင်းဖော်ကွင်းလယ်လူ ဘာနာဒိုဆေးဗားလ် Bernardo Silva ကပြောကြားခဲ့ပါတယ်။ အလန်ရှီးယားဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂၆၀)နဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး အဂွဲရိုးကတော့ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ်သွင်းဂိုး(၁၄၈)ဂိုးသွင်းယူထားပါတယ်။

Aguero-And-Bernardo-Silva

Aguero-And-Bernardo-Silva

ဘာနာဒိုဆေးဗားလ် က ” သူ အလန်ရှီးယားရဲ့စံချိန်ကိုချိုးဖျက်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာဒါကိုလုပ်နိုင်မယ့် စွမ်းရည်ကောင်းတွေ ရှိပါတယ်။ ရာသီတိုင်းမှာ သူကသွင်းဂိုးတွေများစွာ သွင်းယူနိုင်ပါတယ်။ အဂွဲရိုးအနေနဲ့ ကျွန်တော်တို့ကို ကူညီပြီးအသင်းအတွက် ဆုဖလားတွေရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သူက မန်စီးတီးအသင်းသမိုင်းမှာ ဂိုးသွင်းအကောင်းဆုံးကစားသမားပါ။ အဂွဲရိုးက မန်စီးတီးအသင်းအတွက်သာမကပဲ ပရီးမီးယားလိဂ်အတွက်လည်း ဂန္ထဝင်ကစားသမားတစ်ဦးပါလို့ ” ပြောကြားခဲ့ပါတယ်။

Ref: BBC Sport
Photo: Chicago Tribune , The Independent
Ko Kyue(Akhayar)
www.akhayar.com