[Zawgyi]

Trump – Kim Summit မွာ သေဘာတူညီခဲ့တဲ့ အခ်က္ေတြက ဘာေတြလဲ

အေမရိကန္သမၼတႀကီး Donald Trump နဲ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong-un တုိ႔ စကၤာပူႏုိင္ငံ Sentosa Island ေပၚမွာရွိတဲ့ Capella Hotel မွာ ဒီေန႔ (ဇြန္လ ၁၂ရက္ေန႔) ေဒသစံေတာ္ခ်ိန္ ၉ နာရီ မွာ ေတြ႕ဆုံခဲ့ၾကတဲ့ပြဲကုိ Trump – Kim Summit (2018 North Korea–United States Summit) လုိ႔ေခၚပါတယ္။ စကၤာပူႏုိင္ငံဟာ ၿမိဳ႕ အရြယ္ေလာက္သာရွိလုိ႔ လုံျခံဳေရးအရ စိတ္ခ်ရတဲ့အျပင္ ရာဇဝတ္မႈ နည္းပါးလြန္းတဲ့ ႏုိင္ငံထဲမွာ ပါဝင္လုိ႔ Trump – Kim Summit အတြက္ ေရြးခ်ယ္ရတာျဖစ္ပါတယ္။ သမုိင္းဝင္ထိပ္သီးေတြ႕ ဆုံပြဲဟာ စကၤာပူေဒၚလာ သန္း ၂ဝ (အေမရိကန္ေဒၚလာ ၁၅ သန္း) အထိကုန္က်မယ္လုိ႔ စကၤာပူဝန္ႀကီးခ်ဳပ္ Lee Hsien Loong က ဆုိထားပါတယ္။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Donald Trump ဟာ ဇြန္လ (၁ဝ) ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ၈နာရီ မိနစ္ ၂ဝ မွာ စကၤာပူႏုိင္ငံကုိ ေရာက္ရွိခဲ့ၿပီး Kim Jong-un က ေန႔လယ္ ၂နာရီ ၃၅ မိနစ္ကတည္းက ေရာက္ရွိခဲ့တာပါ။ ေျမာက္ကုိရီးယားေခါင္းေဆာင္ကုိ စကၤာပူႏုိင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan နဲ႔ ပညာေရးဝန္ႀကီး Ong Ye Kung တုိ႔က Singapore Changi Airport မွာ ႀကိဳဆုိခဲ့ၾကၿပီး Donald Trump ကုိေတာ့ Vivian Balakrishnan က Paya Lebar Air Base မွာ ႀကိဳဆုိခဲ့တာျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္လုံးဟာ Istana President Palace မွာ ဝန္ႀကီးခ်ဳပ္ Lee Hsien Loong နဲ႔ သီးျခားေတြ႕ဆုံခဲ့ပါတယ္။ ေျမာက္ကုိရီးယားေခါင္းေဆာင္ဟာ စကားျပန္ကေန ေျပာဆုိခဲ့ၿပီး ေတြ႕ဆုံပြဲဟာ ၄၅ မိနစ္ဝန္းက်င္ ၾကာျမင့္ခဲ့ပါတယ္။ Capella Hotel မွာ က်င္းပခဲ့တဲ့ ေတြ႕ဆုံပြဲအၿပီးမွာ သမၼတႀကီး Donald Trump က “ ကြ်န္ေတာ္တုိ႔ေတြဟာ သမုိင္းသစ္ကုိ ေရးထုိးဖုိ႔ ျပင္ဆင္ၿပီးပါၿပီ။ ႏွစ္ႏုိင္ငံအၾကား သင္ခန္းစာအသစ္ကုိ ဖန္တီးဖုိ႔ အဆင္သင့္ျဖစ္ပါၿပီ။” လုိ႔ ဝမ္းေျမာက္ဝမ္းသာ ဆုိ္ခဲ့ပါတယ္။ စစ္ေခါင္းေဆာင္ Kim Jong-un ကလည္း “အတိတ္ကျဖစ္ရပ္ဆုိးေတြကုိ သင္ပုန္းေခ်ရမယ့္အခ်ိန္ကုိ ေရာက္ရွိလာပါၿပီ။ အေမရိကန္အစုိးရနဲ႔ ပူးေပါင္းၿပီး အေျပာင္းအလဲႀကီးေတြ ေဖာ္ေဆာင္ဖုိ႔ ႀကိဳးစားသြားမွာပါ” လုိ႔ ဆုိသြားပါတယ္။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Trump – Kim Summit မွ သေဘာတူညီခ်က္ေတြကုိ အေမရိကန္အစုိးရက တရားဝင္မေၾကညာရေသးေပမယ့္ သမၼတ Donald Trump ဟာ စာခ်ဳပ္ကုိ ျဖန္႔ၿပီး ဓာတ္ပုံရုိက္ခဲ့တဲ့အတြက္ သေဘာတူညီခ်က္ေတြက ႀကိဳတင္ေပါက္ၾကားခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေခါင္းေဆာင္ႏွစ္ဦးရဲ႕ထိပ္သီးေဆြးေႏြးပြဲမွ သေဘာတူညီခဲ့တဲ့ အခ်က္အလက္ေတြကုိ ေဖာ္ျပလုိက္ပါတယ္။

(၁) အေမရိကန္နဲ႔ ေျမာက္ကုိရီးယားႏွစ္ႏုိင္ငံအတြက္ ၿငိမ္းခ်မ္းေရးနဲ႔ အက်ိဳးစီးပြားကုိ ေဖာ္ေဆာင္ႏုိင္ရပါမယ္။

(၂) ကုိရီးယားကြ်န္းဆြယ္ၿငိမ္းခ်မ္းေရးအတြက္ ေျမာက္ကုိရီးယားနဲ႔ အေမရိကန္ဟာ ပူးေပါင္းေဆာင္ရြက္ရမယ္။

(၃) ဧၿပီလ (၂၇) ရက္ေန႔မွာ ေတာင္ကုိရီးယားသမၼတ Moon Jae-in နဲ႔ သေဘာတူထားတဲ့အတိုင္း ကုိရီးယားကြ်န္းဆြယ္မွာ ႏ်ဴးကလီးယား ဖ်က္သိမ္းေပးရမယ္။

(၄) အေမရိကန္နဲ႔ ေျမာက္ကုိရီးယားႏုိင္ငံေတြရဲ႕  စစ္သုံ႔ပန္း (Prisoners of War – POW) နဲ႔ ေပ်ာက္ဆုံးစစ္သည္ (Missing In Action – MIA) ေတြကုိ ျပန္လည္ရွာေဖြေပးဖုိ႔နဲ႔ ေနရပ္ျပန္ပုိ႔ေပးဖုိ႔ သေဘာတူညီခဲ့ၾကပါတယ္။

(၅) ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ ေျပေလ်ာ့ၿပီး ႏုိင္ငံေရး၊ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ သေဘာတူညီၾကပါတယ္။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Donald Trump ဟာ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီမွာ စကၤာပူႏုိင္ငံမွ ထြက္ခြာမွာျဖစ္ၿပီး Kim Jong-un က ည ၉ နာရီနဲ႔ သန္းေခါင္ၾကားမွာ ထြက္ခြာမယ္လုိ႔ သိရပါတယ္။ “အခုလုိ သမုိင္းဝင္ေတြ႕ဆုံပြဲကုိ က်င္းပခြင့္ရတဲ့အတြက္ အရမ္းကုိ ဂုဏ္ယူမိပါတယ္။ ေက်နပ္မိပါတယ္။ Kim Jong-un က ထင္ထားသလုိ မဟုတ္ပါဘူး။ အေကာင္းျမင္စိတ္ရွိသူပါ။ ကြ်န္ေတာ္တုိ႔ အိမ္ျဖဴေတာ္မွာ ထပ္ေတြ႕ခ်င္ပါေသးတယ္” လုိ႔ သမၼတ Donald Trump က ဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Trump – Kim Summit မှာ သဘောတူညီခဲ့တဲ့ အချက်တွေက ဘာတွေလဲ

အမေရိကန်သမ္မတကြီး Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ စင်္ကာပူနိုင်ငံ Sentosa Island ပေါ်မှာရှိတဲ့ Capella Hotel မှာ ဒီနေ့ (ဇွန်လ ၁၂ရက်နေ့) ဒေသစံတော်ချိန် ၉ နာရီ မှာ တွေ့ဆုံခဲ့ကြတဲ့ပွဲကို Trump – Kim Summit (2018 North Korea–United States Summit) လို့ခေါ်ပါတယ်။ စင်္ကာပူနိုင်ငံဟာ မြို့ အရွယ်လောက်သာရှိလို့ လုံခြုံရေးအရ စိတ်ချရတဲ့အပြင် ရာဇဝတ်မှု နည်းပါးလွန်းတဲ့ နိုင်ငံထဲမှာ ပါဝင်လို့ Trump – Kim Summit အတွက် ရွေးချယ်ရတာဖြစ်ပါတယ်။ သမိုင်းဝင်ထိပ်သီးတွေ့ ဆုံပွဲဟာ စင်္ကာပူဒေါ်လာ သန်း ၂ဝ (အမေရိကန်ဒေါ်လာ ၁၅ သန်း) အထိကုန်ကျမယ်လို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ဆိုထားပါတယ်။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Donald Trump ဟာ ဇွန်လ (၁ဝ) ရက်နေ့ ဒေသစံတော်ချိန် ၈နာရီ မိနစ် ၂ဝ မှာ စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပြီး Kim Jong-un က နေ့လယ် ၂နာရီ ၃၅ မိနစ်ကတည်းက ရောက်ရှိခဲ့တာပါ။ မြောက်ကိုရီးယားခေါင်းဆောင်ကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ ပညာရေးဝန်ကြီး Ong Ye Kung တို့က Singapore Changi Airport မှာ ကြိုဆိုခဲ့ကြပြီး Donald Trump ကိုတော့ Vivian Balakrishnan က Paya Lebar Air Base မှာ ကြိုဆိုခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ Istana President Palace မှာ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ သီးခြားတွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ စကားပြန်ကနေ ပြောဆိုခဲ့ပြီး တွေ့ဆုံပွဲဟာ ၄၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပါတယ်။ Capella Hotel မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲအပြီးမှာ သမ္မတကြီး Donald Trump က “ ကျွန်တော်တို့တွေဟာ သမိုင်းသစ်ကို ရေးထိုးဖို့ ပြင်ဆင်ပြီးပါပြီ။ နှစ်နိုင်ငံအကြား သင်ခန်းစာအသစ်ကို ဖန်တီးဖို့ အဆင်သင့်ဖြစ်ပါပြီ။” လို့ ဝမ်းမြောက်ဝမ်းသာ ဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင် Kim Jong-un ကလည်း “အတိတ်ကဖြစ်ရပ်ဆိုးတွေကို သင်ပုန်းချေရမယ့်အချိန်ကို ရောက်ရှိလာပါပြီ။ အမေရိကန်အစိုးရနဲ့ ပူးပေါင်းပြီး အပြောင်းအလဲကြီးတွေ ဖော်ဆောင်ဖို့ ကြိုးစားသွားမှာပါ” လို့ ဆိုသွားပါတယ်။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Trump – Kim Summit မှ သဘောတူညီချက်တွေကို အမေရိကန်အစိုးရက တရားဝင်မကြေညာရသေးပေမယ့် သမ္မတ Donald Trump ဟာ စာချုပ်ကို ဖြန့်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့အတွက် သဘောတူညီချက်တွေက ကြိုတင်ပေါက်ကြားခဲ့ပါတယ်။ ဒါ့ကြောင့် ခေါင်းဆောင်နှစ်ဦးရဲ့ထိပ်သီးဆွေးနွေးပွဲမှ သဘောတူညီခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁) အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရပါမယ်။

(၂) ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်ဟာ ပူးပေါင်းဆောင်ရွက်ရမယ်။

(၃) ဧပြီလ (၂၇) ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ သဘောတူထားတဲ့အတိုင်း ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ဖျက်သိမ်းပေးရမယ်။

(၄) အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့  စစ်သုံ့ပန်း (Prisoners of War – POW) နဲ့ ပျောက်ဆုံးစစ်သည် (Missing In Action – MIA) တွေကို ပြန်လည်ရှာဖွေပေးဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

(၅) နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြေလျော့ပြီး နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပါတယ်။

Donald Trump with Kim Jong Un

Donald Trump with Kim Jong Un

Donald Trump ဟာ ဒေသစံတော်ချိန် ည ၇ နာရီမှာ စင်္ကာပူနိုင်ငံမှ ထွက်ခွာမှာဖြစ်ပြီး Kim Jong-un က ည ၉ နာရီနဲ့ သန်းခေါင်ကြားမှာ ထွက်ခွာမယ်လို့ သိရပါတယ်။ “အခုလို သမိုင်းဝင်တွေ့ဆုံပွဲကို ကျင်းပခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျေနပ်မိပါတယ်။ Kim Jong-un က ထင်ထားသလို မဟုတ်ပါဘူး။ အကောင်းမြင်စိတ်ရှိသူပါ။ ကျွန်တော်တို့ အိမ်ဖြူတော်မှာ ထပ်တွေ့ချင်ပါသေးတယ်” လို့ သမ္မတ Donald Trump က ဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com