[Zawgyi]

ေမာ္ရင္ဟို Mourinho နဲ႔ ေပါ့ဘာ Pogba တို႔ ၾကားက ဆက္ဆံေရး ပိုမိုတင္းမာလာၿပီလား

မန္ယူအသင္းရဲ႕ နည္းျပ ေမာ္ရင္ဟို Mourinho နဲ႔ ကြင္းလယ္လူ ေပါ့ဘာ Pogba တို႔ ၾကားက ဆက္ဆံေရးအေျခအေနေတြဟာ ပိုမိုတင္းမာလာခဲ့ပါတယ္။ တင္းမာမႈေတြရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ေမာ္ရင္ဟို Mourinho နဲ႔ ေပါ့ဘာ Pogba တို႔ရဲ႕ ၾကားမွာ ေပါ့ဘာ Pogba ရဲ႕ ေအးဂ်င့္ျဖစ္သူ ရိုင္အိုလာ Raiola က မီးေလာင္ရာေလပင့္ လုပ္ရပ္မ်ိဳး ထပ္မံျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေအးဂ်င့္ ရိုင္အိုလာ Raiola က ေပါ့ဘာ Pogba ကို ဘာစီလိုနာအသင္းမွာ ေျပာင္းေရႊ႕ကစားဖို႔ မန္ယူအသင္းက ထြက္ခြာဖို႔ တိုက္တြန္းမႈေတြ ျပဳလုပ္ခဲ့တယ္ဆိုတဲ့သတင္းက နည္းျပနဲ႔ ကစားသမားၾကားက ဆက္ဆံေရးကို ပိုမိုတင္းမာေစခဲ့ပါတယ္။ ၂၀၁၆-၁၇ ေဘာလံုးရာသီက မန္ယူအသင္းကို ေပါင္ (၈၉)သန္းနဲ႔ ေျပာင္းေရႊ႕ကစားတဲ့ ေပါ့ဘာ Pogba ကို ဂ််ဴဗင္တပ္စ္အသင္းက ထြက္ခြာဖို႔ တိုက္တြန္းခဲ့တဲ့ ရိုင္အိုလာ Raiola က အခုအခ်ိန္မွာလည္း သူ႔ရဲ႕ ကစားသမားကို အသင္းေျပာင္းေရႊ႕ဖို႔ ထပ္မံတိုက္တြန္းမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ပိုင္း အားျဖည့္ဖို႔ စီစဥ္ေနခဲ့တဲ့ ဘာစီလိုနာအသင္းက ေပါ့ဘာ Pogba ကို ပစ္မွတ္ထားေနၿပီး ရိုင္အိုလာ Raiola နဲ႔ အသင္းတာဝန္ရွိသူေတြ ေတြ႔ဆံုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Raiola-has-been-touting-Pogba-to-Barcelona

Raiola-has-been-touting-Pogba-to-Barcelona

ၿပီးခဲ့တဲ့ တနလၤာေန႔ နံနက္ပိုင္းက ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး အားလပ္ရက္မွာ အနားယူေနခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာ Pogba ဟာ အသင္းနဲ႔ ျပန္လည္ပူးေပါင္းခဲ့ၿပီး ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါဝင္ခဲ့ပါတယ္။ မန္ယူအသင္းဘက္ကေတာ့ ေပါ့ဘာ Pogba ကို ေရာင္းခ်သြားမွာမဟုတ္ေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္ ဘာစီလိုနာအသင္းက ေပါင္ (၄၄.၆)သန္းအျပင္ ေနာက္ခံလူ မီနာ Mina နဲ႔ ကြင္းလယ္လူ အန္ဒေရဂိုးမက္စ္ Andre Gomes တို႔ကို အလိုက္ေပးကမ္းလွမ္းခဲ့ၿပီး မန္ယူအသင္းက ခ်က္ျခင္းဆုိသလို ပယ္ခ်ခဲ့တယ္လို႔ ဥေရာပအေျခစိုက္ မီဒီယာတခ်ိဳ႕က ေဖာ္ျပခဲ့ပါတယ္။ မန္ယူအသင္းဘက္ကေတာ့ စာခ်ဳပ္သက္တမ္း (၃)ႏွစ္ က်န္ရွိေနေသးတဲ့ ေပါ့ဘာ Pogba ကို အသင္းမွာ ဆက္ထိန္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး တစ္ပတ္လုပ္ခ ေပါင္ (၅)သိန္းအထိ တိုးျမွင့္ေပးကာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားဖို႔ စီစဥ္မႈေတြ ျပဳလုပ္ေနပါတယ္။ ေပါ့ဘာ Pogba သာ တစ္ပတ္လုပ္ခ ေပါင္ (၅)သိန္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုျဖစ္ခဲ့ရင္ အသင္းေဖာ္ တိုက္စစ္ကစားသမား ဆန္းခ်က္ Sanchez နဲ႔ အတူ မန္ယူအသင္းရဲ႕ လုပ္ခလစာအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။

REF:Daily Mail
Photo:Milanismo, Euro Sport, 4Conservative.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho နဲ့ ပေါ့ဘာ Pogba တို့ ကြားက ဆက်ဆံရေး ပိုမိုတင်းမာလာပြီလား

မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟို Mourinho နဲ့ ကွင်းလယ်လူ ပေါ့ဘာ Pogba တို့ ကြားက ဆက်ဆံရေးအခြေအနေတွေဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။ တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မော်ရင်ဟို Mourinho နဲ့ ပေါ့ဘာ Pogba တို့ရဲ့ ကြားမှာ ပေါ့ဘာ Pogba ရဲ့ အေးဂျင့်ဖြစ်သူ ရိုင်အိုလာ Raiola က မီးလောင်ရာလေပင့် လုပ်ရပ်မျိုး ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အေးဂျင့် ရိုင်အိုလာ Raiola က ပေါ့ဘာ Pogba ကို ဘာစီလိုနာအသင်းမှာ ပြောင်းရွှေ့ကစားဖို့ မန်ယူအသင်းက ထွက်ခွာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းက နည်းပြနဲ့ ကစားသမားကြားက ဆက်ဆံရေးကို ပိုမိုတင်းမာစေခဲ့ပါတယ်။ ၂၀၁၆-၁၇ ဘောလုံးရာသီက မန်ယူအသင်းကို ပေါင် (၈၉)သန်းနဲ့ ပြောင်းရွှေ့ကစားတဲ့ ပေါ့ဘာ Pogba ကို ဂျျူဗင်တပ်စ်အသင်းက ထွက်ခွာဖို့ တိုက်တွန်းခဲ့တဲ့ ရိုင်အိုလာ Raiola က အခုအချိန်မှာလည်း သူ့ရဲ့ ကစားသမားကို အသင်းပြောင်းရွှေ့ဖို့ ထပ်မံတိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ စီစဉ်နေခဲ့တဲ့ ဘာစီလိုနာအသင်းက ပေါ့ဘာ Pogba ကို ပစ်မှတ်ထားနေပြီး ရိုင်အိုလာ Raiola နဲ့ အသင်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Raiola-has-been-touting-Pogba-to-Barcelona

Raiola-has-been-touting-Pogba-to-Barcelona

ပြီးခဲ့တဲ့ တနင်္လာနေ့ နံနက်ပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်မှာ အနားယူနေခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာ Pogba ဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းဘက်ကတော့ ပေါ့ဘာ Pogba ကို ရောင်းချသွားမှာမဟုတ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဘာစီလိုနာအသင်းက ပေါင် (၄၄.၆)သန်းအပြင် နောက်ခံလူ မီနာ Mina နဲ့ ကွင်းလယ်လူ အန်ဒရေဂိုးမက်စ် Andre Gomes တို့ကို အလိုက်ပေးကမ်းလှမ်းခဲ့ပြီး မန်ယူအသင်းက ချက်ခြင်းဆိုသလို ပယ်ချခဲ့တယ်လို့ ဥရောပအခြေစိုက် မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဘက်ကတော့ စာချုပ်သက်တမ်း (၃)နှစ် ကျန်ရှိနေသေးတဲ့ ပေါ့ဘာ Pogba ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ မျှော်လင့်နေပြီး တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းအထိ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုသွားဖို့ စီစဉ်မှုတွေ ပြုလုပ်နေပါတယ်။ ပေါ့ဘာ Pogba သာ တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ရင် အသင်းဖော် တိုက်စစ်ကစားသမား ဆန်းချက် Sanchez နဲ့ အတူ မန်ယူအသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Milanismo, Euro Sport, 4Conservative.com
Aung Kyaw Wai (Akhayar)
www.akhayar.com