[Zawgyi]

ေနာက္ထပ္ဇာတ္ကားေတြထပ္ရိုက္ဖို႕ႀကိဳးစားေနေပမယ့္ အလြဲေတြၾကံဳေနရတဲ့ ေအာင္ျမင့္ျမတ္

ေနာက္ထပ္ဇာတ္ကားေတြ မရိုက္ေတာ့ဘူးလားလို႕ေမးလာ သူေတြကို သရုပ္ေဆာင္ေအာင္္ျမင့္ျမတ္ကသူၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြနဲ႕ပတ္သက္လို႕ လူမႈကြန္ရက္ေပၚမွာ အခုလိုေရးသားထားတာေတြ႕ရပါတယ္။

“ကၽြန္ေတာ့္ကို ေနာက္ကားေတြမရိုက္ေသးဘူးလားဆိုျပီး ေမးေမးေနၾကလို႕ပါ…။

ေနာက္ထပ္ရုပ္ရွင္ကားၾကီးတစ္ကားရိုက္ဖို႕ ၇၀ရာခိုင္နွဳန္းေလာက္ေသခ်ာေနျပီဆိုတဲ့အေၾကာင္းအင္တာဗ်ဴးေတြမွာလဲ က်ေတာ္ေျဖခဲ့ပါတယ္..။

ေအာင္ျမင့္ျမတ္

အဲ့ Film အတြက္ အစက Production ဘက္က ကွမ္းလွမ္းတုန္းက Character တစ္ခုပါ.. ေနာက္တစ္ပတ္ေလာက္ၾကာေတာ့ အဲ့ေနရာမဟုတ္ပဲ သူတို႕ Character မွားေျပာတာပါဆိုျပီး ေနာက္တစ္ေနရာေျပာင္းသြားပါတယ္…။

ကၽြန္ေတာ္နဲ့အဆင္မေျပဘူးထင္လို႔ ျငင္းခဲ့ပါတယ္.. ဒါေပမယ့္ကၽြန္ေတာ္နဲ့မွအဆင္ေျပမွာပါဆုိျပီး ထပ္ကမ္းလွမ္းလို႕ ဒါရိုက္တာေကာ တာဝန္ရွိသူေတြနဲ႕ပါေတြ႔ျပီး ရိုက္ဖို႕သေဘာတူခဲ့တာပါ..။
တစ္လေလာက္ေတာင္ကၽြန္ေတာ္ ဇာတ္ေတြဖတ္ ျပီးအဝတ္အစားကအစ ေသခ်ာစဥ္းစားခဲ့ပါတယ္.. ျပီးေတာ့ အဲ့ဇာတ္ကားကိုေသခ်ာလုပ္ခ်င္လို႔ Series တစ္ခု နဲ႕ ရုပ္ရွင္ကားၾကီးတစ္ခုေတာင္ မရိုက္ပဲ ဒီကားအတြက္ပဲ ေသခ်ာအခ်ိန္ေပးဖို႕လုပ္ခဲ့တာပါ…။

ေအာင္ျမင့္ျမတ္

ဒီ မွာကၽြန္ေတာ္ေျပာခ်င္တာက ကၽြန္ေတာ္ဇာတ္ကားေတြ အမ်ားႀကီးကၽြန္ေတာ္လက္ခံလိုက္ရင္ ေပးခ်င္တာနဲ႔ ေပးလိုက္တာ မတူတာေတြ ပရိတ္သတ္ဆီ အျပည့္အဝ မေရာက္မွာစိုးတဲ့အတြက္ ကၽြန္ေတာ္ကိုယ္တိုင္ တျခားကားေတြကိုမ႐ိုက္ခဲ့တာပါ.
မ႐ိုက္တာကလဲ ဇာတ္မေကာင္းလို႔မဟုတ္ပါဘူး
က်ေတာ္ဟာဘာလုပ္လုပ္ အဲ့အလုပ္ေပၚမွာ Responsibility အျပည့္အဝ ယူခ်င္တဲ့အတြက္ ကၽြန္ေတာ္ေသခ်ာပိုင္ႏိုင္မွ ကၽြန္ေတာ္လုပ္ပါတယ္ ..။ ဒီ Film အတြက္လဲ ကၽြန္ေတာ္ ၾကားထဲမွာ Director နဲ့လဲ ေသခာ်ေတြ႕ျပီး အဝတ္အစားေတြ Acting ပိုင္းေတြပါ ေျပာျဖစ္ပါတယ္.. ။

ဥပါယ္တံမ်ဥ္ဇာတ္ကားမွာ သရုပ္ေဆာင္ခဲ့တဲ့ သူတို႕နွစ္ေယာက္

ဒါေပမယ့္ မေန့ကပဲ ဘုတ္အဖြဲ႕က ကၽြန္ေတာ့္ေနရာမွာတျခားလူတစ္ေယာက္ကမ္းလွမ္းထားလို႕ ကၽြန္ေတာ္နဲ႕မရိုက္ျဖစ္ေတာ့ေၾကာင္း ျကားလူက လွမ္းျပီးေတာင္းပန္ပါတယ္…။

ကၽြန္ေတာ္နဲ႕မဟုတ္လဲအဆင္ေျပသြားပံုရပါတယ္..

စိတ္ေတာ့မဆုးိေတာ့ပါဘူး… ဒါေပမယ့္ ကၽြန္ေတာ့္ရဲ႔ေနာက္ထပ္ရုပ္ရွင္ေတြကိုေစာင့္ေနၾကတဲ့သူေတြအတြက္ မရိုက္ျဖစ္ေတာ့တဲ့အေၾကာငး္ေလးလာေျပာျပတာပါ…။

အဆိုေတာ္က်ားေပါက္ရဲ႕ သီခ်င္း မွာလည္း ပါဝင္သရုပ္ေဆာင္ခဲ့ေသးတဲ့ ေအာင္ျမင့္ျမတ္

ဘယ္သူ့ကိုမွလဲစိတ္မဆိုးပါဘူး.. ကိုယ့္ကိုယ္ကိုပဲ စိတ္ဆိုးပါတယ္ ..

ဟုတ္ကဲ့ ဒါပါပဲ ..

ကၽြန္ေတာ့္ကို အခ်ိန္ေတြေပးျပီး ဇာတ္အတြက္ေသခ်ာ တိုင္တုိင္ပင္ပင္ရွိခဲ့တဲ့ Director နဲ႕ တာဝန္ရွိသူေတြကိုလဲ ေက်းဇူးတင္ပါတယ္ ..” ဆိုၿပီးေတာ့ ဥပါယ္တံမ်ဥ္ ဇာတ္ကားနဲ႕ ေအာင္ျမင္ခဲ့တဲ့ မင္းသားေအာင္ျမင့္ျမတ္က အခုလိုေရးထားတာျဖစ္ပါတယ္။

Photo Credit: Aung Myint Myat Facebook ၊ Black Cat

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

နောက်ထပ်ဇာတ်ကားတွေထပ်ရိုက်ဖို့ကြိုးစားနေပေမယ့် အလွဲတွေကြုံနေရတဲ့ အောင်မြင့်မြတ်

နောက်ထပ်ဇာတ်ကားတွေ မရိုက်တော့ဘူးလားလို့မေးလာ သူတွေကို သရုပ်ဆောင်အောင်မြင့်မြတ်ကသူကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ အခုလိုရေးသားထားတာတွေ့ရပါတယ်။

“ကျွန်တော့်ကို နောက်ကားတွေမရိုက်သေးဘူးလားဆိုပြီး မေးမေးနေကြလို့ပါ…။

နောက်ထပ်ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ ၇၀ရာခိုင်နှုန်းလောက်သေချာနေပြီဆိုတဲ့အကြောင်းအင်တာဗျူးတွေမှာလဲ ကျတော်ဖြေခဲ့ပါတယ်..။

အောင်မြင့်မြတ်

အဲ့ Film အတွက် အစက Production ဘက်က ကှမ်းလှမ်းတုန်းက Character တစ်ခုပါ.. နောက်တစ်ပတ်လောက်ကြာတော့ အဲ့နေရာမဟုတ်ပဲ သူတို့ Character မှားပြောတာပါဆိုပြီး နောက်တစ်နေရာပြောင်းသွားပါတယ်…။

ကျွန်တော်နဲ့အဆင်မပြေဘူးထင်လို့ ငြင်းခဲ့ပါတယ်.. ဒါပေမယ့်ကျွန်တော်နဲ့မှအဆင်ပြေမှာပါဆိုပြီး ထပ်ကမ်းလှမ်းလို့ ဒါရိုက်တာကော တာဝန်ရှိသူတွေနဲ့ပါတွေ့ပြီး ရိုက်ဖို့သဘောတူခဲ့တာပါ..။
တစ်လလောက်တောင်ကျွန်တော် ဇာတ်တွေဖတ် ပြီးအဝတ်အစားကအစ သေချာစဉ်းစားခဲ့ပါတယ်.. ပြီးတော့ အဲ့ဇာတ်ကားကိုသေချာလုပ်ချင်လို့ Series တစ်ခု နဲ့ ရုပ်ရှင်ကားကြီးတစ်ခုတောင် မရိုက်ပဲ ဒီကားအတွက်ပဲ သေချာအချိန်ပေးဖို့လုပ်ခဲ့တာပါ…။

အောင်မြင့်မြတ်

ဒီ မှာကျွန်တော်ပြောချင်တာက ကျွန်တော်ဇာတ်ကားတွေ အများကြီးကျွန်တော်လက်ခံလိုက်ရင် ပေးချင်တာနဲ့ ပေးလိုက်တာ မတူတာတွေ ပရိတ်သတ်ဆီ အပြည့်အဝ မရောက်မှာစိုးတဲ့အတွက် ကျွန်တော်ကိုယ်တိုင် တခြားကားတွေကိုမရိုက်ခဲ့တာပါ.
မရိုက်တာကလဲ ဇာတ်မကောင်းလို့မဟုတ်ပါဘူး
ကျတော်ဟာဘာလုပ်လုပ် အဲ့အလုပ်ပေါ်မှာ Responsibility အပြည့်အဝ ယူချင်တဲ့အတွက် ကျွန်တော်သေချာပိုင်နိုင်မှ ကျွန်တော်လုပ်ပါတယ် ..။ ဒီ Film အတွက်လဲ ကျွန်တော် ကြားထဲမှာ Director နဲ့လဲ သေခာျတွေ့ပြီး အဝတ်အစားတွေ Acting ပိုင်းတွေပါ ပြောဖြစ်ပါတယ်.. ။

ဥပါယ်တံမျဉ်ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ သူတို့နှစ်ယောက်

ဒါပေမယ့် မနေ့ကပဲ ဘုတ်အဖွဲ့က ကျွန်တော့်နေရာမှာတခြားလူတစ်ယောက်ကမ်းလှမ်းထားလို့ ကျွန်တော်နဲ့မရိုက်ဖြစ်တော့ကြောင်း ကြားလူက လှမ်းပြီးတောင်းပန်ပါတယ်…။

ကျွန်တော်နဲ့မဟုတ်လဲအဆင်ပြေသွားပုံရပါတယ်..

စိတ်တော့မဆုးိတော့ပါဘူး… ဒါပေမယ့် ကျွန်တော့်ရဲ့နောက်ထပ်ရုပ်ရှင်တွေကိုစောင့်နေကြတဲ့သူတွေအတွက် မရိုက်ဖြစ်တော့တဲ့အကြောင်းလေးလာပြောပြတာပါ…။

အဆိုတော်ကျားပေါက်ရဲ့ သီချင်း မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သေးတဲ့ အောင်မြင့်မြတ်

ဘယ်သူ့ကိုမှလဲစိတ်မဆိုးပါဘူး.. ကိုယ့်ကိုယ်ကိုပဲ စိတ်ဆိုးပါတယ် ..

ဟုတ်ကဲ့ ဒါပါပဲ ..

ကျွန်တော့်ကို အချိန်တွေပေးပြီး ဇာတ်အတွက်သေချာ တိုင်တိုင်ပင်ပင်ရှိခဲ့တဲ့ Director နဲ့ တာဝန်ရှိသူတွေကိုလဲ ကျေးဇူးတင်ပါတယ် ..” ဆိုပြီးတော့ ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ အောင်မြင်ခဲ့တဲ့ မင်းသားအောင်မြင့်မြတ်က အခုလိုရေးထားတာဖြစ်ပါတယ်။

Photo Credit: Aung Myint Myat Facebook ၊ Black Cat

ကြည်သာ (Akhayar)

www.akhayar.com