[Zawgyi]

၂၀၁၈ ခုနွစ္နွစ္ဝက္အတြင္း လူမူကြန္ရက္ေပၚမွာ နာမည္ႀကီးခဲ့တဲ့ ဆယ္လီမ်ားနဲ႔သူတို႔ရဲ ႔အေၾကာင္း အရာမ်ား

ၿပီးခဲ့တဲ့ ၂၀၁၈ ခုနွစ္နွစ္ဝက္ပိုင္း အတြင္း လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြအေျပာမ်ားၿပီး စိတ္ဝင္စားမႈအမ်ားဆံုးရွိခဲ့တဲ့ ဆယ္လီေတြရဲ ႔အေၾကာင္းကို ျပန္လည္ေကာက္နုတ္ေဖာ္ျပေပးလိုက္ပါတယ္။

သင္ဇာဝင့္ေက်ာ္

သင္ဇာဝင့္ေက်ာ္ရဲ ႔ ခႏၶာကိုယ္အလွပံုေတြနဲ႔ သူမ Gym ကစားရင္းတင္တဲ့ ပံုေတြဟာဆိုရင္ ၿပီးခဲ့တဲ့ ၂၀၁၈ခုနွစ္နွစ္ဝက္ပိုင္းကေနစတင္လို႔ လူမႈကြန္ရက္ပရိသတ္ေတြရဲ ႔စိတ္ဝင္စားျခင္းကိုခံရတဲ့အရာေတြထဲက တစ္ခုအပါအဝင္ပါ။

အားကစားေတြကို ျပင္းျပင္းထန္ထန္လုပ္ၿပီး ေရကူးဝတ္စံု လွလွေလးေတြဝတ္ကာ ခ်စ္ဖို႔ေကာင္းတဲ့မင္းသမီးေလးသင္ဇာဝင့္ေက်ာ္ ကေတာ့၂၀၁၈ ခုနွစ္ရဲ ႔ မင္းသမီးေလးတစ္ပါးပဲျဖစ္ပါတယ္။

ေနထူးနိုင္

ေနထူးနိုင္ ကေတာ့ ျမန္မာဇာတ္ကားေတြကို ရိုက္ကူးရာမွာ သဘာဝလြန္ဇာတ္ရုပ္ေတြကို အေျခခံထားရိုက္ကူးလြန္းတဲ့ အတြက္ ပရိသတ္ကလည္း ကြီးေနထူးနိုင္နဲ႔ ပတ္သက္တဲ့ အေျပာင္အေနာက္စာေတြကိုလူမႈကြန္ရက္ ေပၚအျပန္အလွန္ေတြ Share ၾကေျပာၾကရင္း ကေန သရုပ္ေဆာင္ေနထူးနိုင္ကလည္း ၿပီးခဲ့တဲ့ ၂၀၁၈ခုနွစ္နွစ္စပိုင္းကလည္း အခုလက္ရွိအခ်ိန္အထိကို ပရိသတ္ေတြအၾကားေျပာစမွတ္ျဖစ္လို႔ေနတုန္းပါပဲ။

ထူးေအာင္

မိန္းကေလးပရိသတ္ေတြ အမ်ားစုစိတ္ဝင္စားၿပီး ႀကိဳက္နွစ္သက္မႈကိုရရွိခဲ့သူ ကေတာ့ ၿပီးခဲ့တဲ့ နွစ္ဝက္မွာ သရုပ္ေဆာင္ေမာ္ဒယ္ ထူးေအာင္ ျဖစ္ပါတယ္။ သူ အားကစားလုပ္တဲ့ Motivation ဗီဒီယိုအတိုေလး ဟာဆိုရင္လည္း ၿပီးခဲ့တဲ့လပိုင္းအတြင္းကို Share 6K အထိရွိတဲ့ အတြက္လူအမ်ားစိတ္ဝင္စားျခင္း ရရွိခဲ့တယ္လို႔ေျပာနိုင္ပါတယ္။ ထူးေအာင္ဟာ သူဝါသနာပါတဲ့ ေမာ္ဒယ္သရုပ္ေဆာင္အလုပ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းျပဳေနသူတစ္ဦးျဖစ္ၿပီး ပရိသတ္ရဲ ႔စိတ္ဝင္စားမႈ ကို လူမႈကြန္ရက္မွာ ရရွိထားသူတစ္ဦးျဖစ္ပါတယ္။

ဥကၠာမင္းေမာင္

ဥကၠာမင္းေမာင္ နဲ႔ သူ႔ရဲ ႔ျဖစ္တည္မႈ အေၾကာင္းကိုလည္း ၿပီးခဲ့တဲ့ လပိုင္းမွာ အေတာ္ကိုလူမႈကြန္ရက္ပရိသတ္ေတြစိတ္ဝင္စားခဲ့ၾကပါေသးတယ္။အဲ့ဒီေနာက္သိပ္မၾကာဘူး ရက္ပိုင္းအတြင္းမွာပဲ သူကိုယ္တိုင္ Gay တစ္ေယာက္ပါလို႔ဝန္ခံခဲ့တဲ့ ဗီဒီယိုဖိုင္ကိုသူ႔ရဲ ႔လူမႈကြန္ရက္အေကာင့္ကေနပဲ တင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔လည္း လူမႈကြန္ရက္ပရိသတ္ေတြက ေထာက္ခံအားေပးတဲ့သူရွိသလို၊ သေဘာမတူလို႔ ရႈံ႕ခ်သူေတြလည္း ရွိခဲ့ၾကပါတယ္။

ေမာ္ဒယ္စူးရွထက္ရဲ ႔အမႈ

ၿပီးခဲ့တဲ့ သႀကၤန္ထဲကစလို႔ ျဖစ္ခဲ့တဲ့ ေမာ္ဒယ္စူးရွထက္ရဲ ႔အမႈ ကလည္း အခုခ်ိန္ထိကိုမၿပီးျပတ္ေသးဘဲ လူမႈကြန္ရက္ေပၚမွာလည္း လက္ရွိအခ်ိန္အထိကို ပရိသတ္ေတြ စိတ္ဝင္စားလို႔ေနတဲ့ အရာျဖစ္ပါတယ္။

တရားရံုးကရံုးခ်ိန္းရက္ေတြတိုင္း မီဒီယာေတြကလည္း သတင္းယူၾကတဲ့ အတြက္ ၿပီးခဲ့တဲ့လပိုင္းကေတာင္ တရားခံအျဖစ္တိုင္ၾကားခံထားရတဲ့ အဆိုေတာ္ အစၥဏီရဲ ႔စကား “ေဘဘီကိုေမးေပးပါ ၊ လိမ္ေနရတာေပ်ာ္ရဲ ႔လား” ဆိုတဲ့ စကားေလးဟာအေတာ္ကိုစိတ္ဝင္စားျခင္းခံခဲ့ရၿပီး အမ်ားသူငွာ Facebook Timeline တိုင္းမွာ ေဘဘီ့ကိုေမးေပးပါ အစရွိသျဖင့္စာေလးေတြကို ရက္ပိုင္းေတာ္ေတာ္မ်ားမ်ားေလာက္ေတြ႔ခဲ့ရပါေသးတယ္။

ယဥ္လတ္

သရာေစာထိဇာတ္ကားမွာပါဝင္ခဲ့တဲ့ အက္ရွင္မင္းသမီးေလး ယဥ္လတ္ဟာဆိုရင္လည္း ၿပီးခဲ့တဲ့ ၂၀၁၈ ခုနွစ္နွစ္စပိုင္းမွာ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ ႔စိတ္ဝင္စားအားေပးမႈကို ရရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။

ယဥ္လတ္ဟာ အမ်ိဳးသမိီးအနုပညာရွင္ တစ္ဦးျဖစ္ေပမယ့္လို႔ အက္ရွင္ဇာတ္ကားေတြ မွာ ပါဝင္သရုပ္ေဆာင္ေလ့ရွိတဲ့အတြက္ေၾကာင့္ ပရိသတ္ကသတိထားမိခဲ့သလို က်င္းပခဲ့တဲ့ ၂၀၁၇ ခုနွစ္အကယ္ဒမီေပးပြဲမွာေတာင္ အကယ္ဒမီဆုရရွိမယ္လို႔ခန္႔မွန္းခံခဲ့ရတဲ့သူစာရင္းထဲ ကိုပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဇဏ္ခီ

မင္းသားဇဏ္ခီကေတာ့ ၿပီးခဲ့တဲ့ နွစ္ဝက္အတြင္းမွာ လူမႈကြန္ရက္ပရိသတ္ေတြ အျပင္ အနုပညာကိုခ်စ္ျမတ္နိုးတဲ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြ ရဲ ႔အားေပးျခင္းကို အျပည့္အဝရရွိခဲ့တဲ့ မင္းသားတစ္လက္ျဖစ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္အထိလည္း သူ႔ရဲ ႔အနုပညာဖန္တီးမႈနဲ႔ မိသားစုအေပၚခ်စ္ခင္ၾကင္နာမႈေတြေၾကာင့္ လူမႈကြန္ရက္ပရိသတ္ေတြ က ခ်စ္ခင္လ်က္ျဖစ္တဲ့မင္းသားတစ္ေယာက္ပါ။

ခရစ္စတီးနားခီ

ၿပီးခဲ့တဲ့ နွစ္ဝက္အတြင္းလူမႈကြန္ရက္ပရိသတ္အျပည့္အဝရရွိခဲ့သူ ေနာက္တစ္ဦးကေတာ့ ဒါရိုက္တာခရစ္စတီးနားခီပဲျဖစ္ပါတယ္။

သူမဖန္တီးခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားနွစ္ကားျဖစ္တဲ့ မုျဒာရဲ ႔ေခၚသံ နဲ႔ ဥပါယ္တံမ်ဥ္ ရုပ္ရွင္တို႔ဟာ ပရိသတ္ေတြရဲ ႔ရင္ကို လႈပ္ခပ္နိုင္ခဲ့တဲ့ ဇာတ္ကားေတြျဖစ္တာေၾကာင့္ဒါရိုက္တာခရစ္စတီးနားခီဟာ လူမႈကြန္ရက္မွာတင္မကဘဲ ၿပီးခဲ့တဲ့ နွစ္ဝက္အတြင္း အနုပညာေလာကမွာပါ နာမည္ႀကီးခဲ့သူတစ္ဦးလည္း ျဖစ္ပါတယ္။

ဒါရိုက္တာေဆြဇင္ထိုက္ရဲ ႔ ေတာသားနဲ႔ၿမိဳ႕သား

သရုပ္ေဆာင္ဒါရိုက္တာ တစ္ဦးျဖစ္တဲ့ ေဆြဇင္ထိုက္ရဲ ႔ မီဒီယာအင္တာဗ်ဴးတစ္ခုမွာ ေျဖခဲ့တဲ့ စကားတစ္ခြန္း ေတာသားနဲ႔ၿမိဳ႕သား ဆိုတဲ့ အသံုးအႏႈန္းဟာဆိုရင္လည္း ၂၀၁၈ ခုနွစ္ရဲ ႔လူမႈကြန္ရက္ေပၚမွာ နာမည္ႀကီးခဲ့တဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေၾကာင့္ အနုပညာေလာကထဲမွာလည္း အခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာစရာေလးေတြ ျဖစ္ေစခဲ့ၿပီး လူမႈကြန္ရက္ေပၚမွာလည္း လပိုင္းေလာက္ကို ပလူပ်ံေအာင္ေျပာဆိုစရာတစ္ခုျဖစ္ခဲ့တာကလည္း ၂၀၁၈ ခုနွစ္အတြက္ အမွတ္တရတစ္ခုပါပဲ။

သုသုရဲ ႔အခ်စ္ေရးနဲ႔ Funny ဗီဒီယိုေတြ

မိတ္ကပ္ညီညီေမာင္ (မသုသု) ရဲ ႔ အခ်စ္ေရးနဲ႔ သူ႔ရဲ ႔ Funny ဗီဒီယိုေတြ ကိုစိတ္ဝင္စား မႈကလည္း လူမႈကြန္ရက္ေပၚမွာ ၿပီးခဲ့တဲ့၂၀၁၈ခုႏွစ္ နွစ္ဝက္ပိုင္းကစလို႔ အေတာ္ကိုလူစိတ္ဝင္စားျခင္း ခံရတဲ့ အရာျဖစ္ပါတယ္။

မိတ္ကပ္ညီညီေမာင္ ဟာ လူခ်စ္လူခင္ေပါသူတစ္ေယာက္ျဖစ္တဲ့ အျပင္ အခုဆိုရင္ လူမႈကြန္ရက္ပရိသတ္ေတြေၾကာင့္ ေၾကာ္ျငာေတြ ရိုက္ကူးေပးေနရတဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္လို႔ ေနၿပီျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Nyi Nyi Maung Facebook ၊ Yin Let Facebook ၊ Zenn Kyi Facebook Page ၊ Christina Kyi Facebook ၊ EU in Myanmar ၊ Okkar Min Maung Page၊ Htoo Aung Facebook ၊Nay Htoo Naing Facebook ၊ Zar Chi (Su Sha Htet ) Facebook ၊ အစၥဏီ Facebook Page ၊ Thinzar Wint Kyaw Facebook

www.akhayar.com
[Unicode]

၂၀၁၈ ခုနှစ်နှစ်ဝက်အတွင်း လူမူကွန်ရက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဆယ်လီများနဲ့သူတို့ရဲ့အကြောင်း အရာများ

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နှစ်ဝက်ပိုင်း အတွင်း လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအပြောများပြီး စိတ်ဝင်စားမှုအများဆုံးရှိခဲ့တဲ့ ဆယ်လီတွေရဲ့အကြောင်းကို ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

သင်ဇာဝင့်ကျော်

သင်ဇာဝင့်ကျော်ရဲ့ ခန္ဓာကိုယ်အလှပုံတွေနဲ့ သူမ Gym ကစားရင်းတင်တဲ့ ပုံတွေဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်နှစ်ဝက်ပိုင်းကနေစတင်လို့ လူမှုကွန်ရက်ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့အရာတွေထဲက တစ်ခုအပါအဝင်ပါ။

အားကစားတွေကို ပြင်းပြင်းထန်ထန်လုပ်ပြီး ရေကူးဝတ်စုံ လှလှလေးတွေဝတ်ကာ ချစ်ဖို့ကောင်းတဲ့မင်းသမီးလေးသင်ဇာဝင့်ကျော် ကတော့၂၀၁၈ ခုနှစ်ရဲ့ မင်းသမီးလေးတစ်ပါးပဲဖြစ်ပါတယ်။

နေထူးနိုင်

နေထူးနိုင် ကတော့ မြန်မာဇာတ်ကားတွေကို ရိုက်ကူးရာမှာ သဘာဝလွန်ဇာတ်ရုပ်တွေကို အခြေခံထားရိုက်ကူးလွန်းတဲ့ အတွက် ပရိသတ်ကလည်း ကွီးနေထူးနိုင်နဲ့ ပတ်သက်တဲ့ အပြောင်အနောက်စာတွေကိုလူမှုကွန်ရက် ပေါ်အပြန်အလှန်တွေ Share ကြပြောကြရင်း ကနေ သရုပ်ဆောင်နေထူးနိုင်ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်နှစ်စပိုင်းကလည်း အခုလက်ရှိအချိန်အထိကို ပရိသတ်တွေအကြားပြောစမှတ်ဖြစ်လို့နေတုန်းပါပဲ။

ထူးအောင်

မိန်းကလေးပရိသတ်တွေ အများစုစိတ်ဝင်စားပြီး ကြိုက်နှစ်သက်မှုကိုရရှိခဲ့သူ ကတော့ ပြီးခဲ့တဲ့ နှစ်ဝက်မှာ သရုပ်ဆောင်မော်ဒယ် ထူးအောင် ဖြစ်ပါတယ်။ သူ အားကစားလုပ်တဲ့ Motivation ဗီဒီယိုအတိုလေး ဟာဆိုရင်လည်း ပြီးခဲ့တဲ့လပိုင်းအတွင်းကို Share 6K အထိရှိတဲ့ အတွက်လူအများစိတ်ဝင်စားခြင်း ရရှိခဲ့တယ်လို့ပြောနိုင်ပါတယ်။ ထူးအောင်ဟာ သူဝါသနာပါတဲ့ မော်ဒယ်သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ပြီး ပရိသတ်ရဲ့စိတ်ဝင်စားမှု ကို လူမှုကွန်ရက်မှာ ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင် နဲ့ သူ့ရဲ့ဖြစ်တည်မှု အကြောင်းကိုလည်း ပြီးခဲ့တဲ့ လပိုင်းမှာ အတော်ကိုလူမှုကွန်ရက်ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပါသေးတယ်။အဲ့ဒီနောက်သိပ်မကြာဘူး ရက်ပိုင်းအတွင်းမှာပဲ သူကိုယ်တိုင် Gay တစ်ယောက်ပါလို့ဝန်ခံခဲ့တဲ့ ဗီဒီယိုဖိုင်ကိုသူ့ရဲ့လူမှုကွန်ရက်အကောင့်ကနေပဲ တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း လူမှုကွန်ရက်ပရိသတ်တွေက ထောက်ခံအားပေးတဲ့သူရှိသလို၊ သဘောမတူလို့ ရှုံ့ချသူတွေလည်း ရှိခဲ့ကြပါတယ်။

မော်ဒယ်စူးရှထက်ရဲ့အမှု

ပြီးခဲ့တဲ့ သြင်္ကန်ထဲကစလို့ ဖြစ်ခဲ့တဲ့ မော်ဒယ်စူးရှထက်ရဲ့အမှု ကလည်း အခုချိန်ထိကိုမပြီးပြတ်သေးဘဲ လူမှုကွန်ရက်ပေါ်မှာလည်း လက်ရှိအချိန်အထိကို ပရိသတ်တွေ စိတ်ဝင်စားလို့နေတဲ့ အရာဖြစ်ပါတယ်။

တရားရုံးကရုံးချိန်းရက်တွေတိုင်း မီဒီယာတွေကလည်း သတင်းယူကြတဲ့ အတွက် ပြီးခဲ့တဲ့လပိုင်းကတောင် တရားခံအဖြစ်တိုင်ကြားခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့စကား “ဘေဘီကိုမေးပေးပါ ၊ လိမ်နေရတာပျော်ရဲ့လား” ဆိုတဲ့ စကားလေးဟာအတော်ကိုစိတ်ဝင်စားခြင်းခံခဲ့ရပြီး အများသူငှာ Facebook Timeline တိုင်းမှာ ဘေဘီ့ကိုမေးပေးပါ အစရှိသဖြင့်စာလေးတွေကို ရက်ပိုင်းတော်တော်များများလောက်တွေ့ခဲ့ရပါသေးတယ်။

ယဉ်လတ်

သရာစောထိဇာတ်ကားမှာပါဝင်ခဲ့တဲ့ အက်ရှင်မင်းသမီးလေး ယဉ်လတ်ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်နှစ်စပိုင်းမှာ ပရိသတ်တော်တော်များများရဲ့စိတ်ဝင်စားအားပေးမှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

ယဉ်လတ်ဟာ အမျိုးသမီးအနုပညာရှင် တစ်ဦးဖြစ်ပေမယ့်လို့ အက်ရှင်ဇာတ်ကားတွေ မှာ ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့အတွက်ကြောင့် ပရိသတ်ကသတိထားမိခဲ့သလို ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ်အကယ်ဒမီပေးပွဲမှာတောင် အကယ်ဒမီဆုရရှိမယ်လို့ခန့်မှန်းခံခဲ့ရတဲ့သူစာရင်းထဲ ကိုပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဇဏ်ခီ

မင်းသားဇဏ်ခီကတော့ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းမှာ လူမှုကွန်ရက်ပရိသတ်တွေ အပြင် အနုပညာကိုချစ်မြတ်နိုးတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ရဲ့အားပေးခြင်းကို အပြည့်အဝရရှိခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်အထိလည်း သူ့ရဲ့အနုပညာဖန်တီးမှုနဲ့ မိသားစုအပေါ်ချစ်ခင်ကြင်နာမှုတွေကြောင့် လူမှုကွန်ရက်ပရိသတ်တွေ က ချစ်ခင်လျက်ဖြစ်တဲ့မင်းသားတစ်ယောက်ပါ။

ခရစ်စတီးနားခီ

ပြီးခဲ့တဲ့ နှစ်ဝက်အတွင်းလူမှုကွန်ရက်ပရိသတ်အပြည့်အဝရရှိခဲ့သူ နောက်တစ်ဦးကတော့ ဒါရိုက်တာခရစ်စတီးနားခီပဲဖြစ်ပါတယ်။

သူမဖန်တီးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားနှစ်ကားဖြစ်တဲ့ မုဒြာရဲ့ခေါ်သံ နဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်တို့ဟာ ပရိသတ်တွေရဲ့ရင်ကို လှုပ်ခပ်နိုင်ခဲ့တဲ့ ဇာတ်ကားတွေဖြစ်တာကြောင့်ဒါရိုက်တာခရစ်စတီးနားခီဟာ လူမှုကွန်ရက်မှာတင်မကဘဲ ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း အနုပညာလောကမှာပါ နာမည်ကြီးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါရိုက်တာဆွေဇင်ထိုက်ရဲ့ တောသားနဲ့မြို့သား

သရုပ်ဆောင်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဆွေဇင်ထိုက်ရဲ့ မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေခဲ့တဲ့ စကားတစ်ခွန်း တောသားနဲ့မြို့သား ဆိုတဲ့ အသုံးအနှုန်းဟာဆိုရင်လည်း ၂၀၁၈ ခုနှစ်ရဲ့လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းအရာကြောင့် အနုပညာလောကထဲမှာလည်း အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြောစရာလေးတွေ ဖြစ်စေခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာလည်း လပိုင်းလောက်ကို ပလူပျံအောင်ပြောဆိုစရာတစ်ခုဖြစ်ခဲ့တာကလည်း ၂၀၁၈ ခုနှစ်အတွက် အမှတ်တရတစ်ခုပါပဲ။

သုသုရဲ့အချစ်ရေးနဲ့ Funny ဗီဒီယိုတွေ

မိတ်ကပ်ညီညီမောင် (မသုသု) ရဲ့ အချစ်ရေးနဲ့ သူ့ရဲ့ Funny ဗီဒီယိုတွေ ကိုစိတ်ဝင်စား မှုကလည်း လူမှုကွန်ရက်ပေါ်မှာ ပြီးခဲ့တဲ့၂၀၁၈ခုနှစ် နှစ်ဝက်ပိုင်းကစလို့ အတော်ကိုလူစိတ်ဝင်စားခြင်း ခံရတဲ့ အရာဖြစ်ပါတယ်။

မိတ်ကပ်ညီညီမောင် ဟာ လူချစ်လူခင်ပေါသူတစ်ယောက်ဖြစ်တဲ့ အပြင် အခုဆိုရင် လူမှုကွန်ရက်ပရိသတ်တွေကြောင့် ကြော်ငြာတွေ ရိုက်ကူးပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ နေပြီဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Nyi Nyi Maung Facebook ၊ Yin Let Facebook ၊ Zenn Kyi Facebook Page ၊ Christina Kyi Facebook ၊ EU in Myanmar ၊ Okkar Min Maung Page၊ Htoo Aung Facebook ၊Nay Htoo Naing Facebook ၊ Zar Chi (Su Sha Htet ) Facebook ၊ အစ္စဏီ Facebook Page ၊ Thinzar Wint Kyaw Facebook

www.akhayar.com