[Zawgyi] 

ဖုန္းတစ္လံုးဝယ္ေတာ့မယ္ဆိုရင္ Screen Size ကိုစဥ္းစားရတာက တျခားအခ်က္ေတြထက္ ပိုစဥ္းစားရပါတယ္။ Screen Size က လိုသေလာက္ မႀကီးရင္လည္း ဝယ္ၿပီးမေက်နပ္သလို ထင္ထားတာထက္ ေသးေနျပန္ရင္လည္း စိတ္တိုင္းမက်တတ္တာမ်ိဳးနဲ႔ အဆံုးသတ္သြားတတ္ပါတယ္။ 

OnePlus 6 Notch

အရင္ကေတာ့ Screen Size နဲ႔ပတ္သက္လို႔ ႀကီးတာ၊ ေသးတာပဲ ေရြးစရာရွိခဲ့တာပါ။ အခုေနာက္ပိုင္းမွာေတာ့ ဖုန္းေတြမွာ အသံုးျပဳထားတဲ့ Display ေတြက 16:9 Ratio အျပင္ 18:9 Ratio Display ေတြပါအသံုးျပဳလာတာေၾကာင့္ ေသခ်ာစဥ္းစားလာရပါတယ္။ 18:9 Ratio Display ေတြက ဖုန္းကို ေဒါင္လိုက္ကိုင္ထားတဲ့အခ်ိန္မွာ 16:9 Ratio Display ေတြထက္ ပိုရွည္ပါတယ္။ ဖုန္းေပၚမွာ စာဖတ္မ်ားသူေတြနဲ႔ Video အၾကည့္မ်ားသူေတြအတြက္ေတာ့ 18:9 Ratio Display ေတြက ေတာ္ေတာ္ေလးေကာင္းပါတယ္။ 

iPhone Notch

18:9 Ratio Display ေတြကေကာင္းေပမယ့္ အားလံုးေကာင္းေနတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ 18:9 ျဖစ္ေပမယ့္ ဖုန္းရဲ႕အရြယ္အစားကို ေသးေစလိုတာေၾကာင့္  Display ကို အေပၚဖက္က Camera ေတြရဲ႕ေဘးအထိ ေရာက္ေအာင္ ဖန္တီးလာၾကပါတယ္။ အဲ့ဒီအတြက္ Notch က Camera ေတြနဲ႔ Sensor ေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာတစ္ခုျဖစ္လာပါတယ္။

ေစ်းကြက္ရဲ႕လိုအပ္ခ်က္အတိုင္း Design ေတြကို ႏွစ္တိုင္းေျပာင္းလဲေနရတဲ့ စမတ္ဖုန္းကုမၸဏီေတြကိုလည္း အပစ္ေျပာလို႔မရပါဘူး။ Screen ႀကီးႀကီးလိုခ်င္ေပမယ့္ ဖုန္းအရြယ္အစားႀကီးလြန္းေနတာမ်ိဳးကို မလိုခ်င္တဲ့ ဝယ္ယူသူေတြေၾကာင့္လည္း Notch ပါတဲ့ Display Design ကိုအသံုးျပလာရပါတယ္။ ၂၀၁၈ ထဲမွာေတာ့ Notch ပါတဲ့ဖုန္းေတြက လက္ၫိွဳးထိုးမလြဲေလာက္ေအာင္ကို မ်ားျပားေနပါၿပီ။ တန္ဖိုးသင့္ စမတ္ဖုန္းေတြမွာပါ Notch Display Design ကိုအသံုးျပဳလာၿပီျဖစ္တာေၾကာင့္ ၂၀၁၈ ေနာက္ပို္င္းမွာ Notch ပါတဲ့ ဖုန္းေတြအမ်ားႀကီးေတြ႕ရႏိုင္မယ္ဆိုတာ ေသခ်ာေနပါၿပီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

၂၀၁၈ နောက်ပိုင်း နာမည်ကြီးဖုန်းအားလုံး Notch ပါလာတော့မှာလား

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် Screen Size ကိုစဉ်းစားရတာက တခြားအချက်တွေထက် ပိုစဉ်းစားရပါတယ်။ Screen Size က လိုသလောက် မကြီးရင်လည်း ဝယ်ပြီးမကျေနပ်သလို ထင်ထားတာထက် သေးနေပြန်ရင်လည်း စိတ်တိုင်းမကျတတ်တာမျိုးနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ 

OnePlus 6 Notch

အရင်ကတော့ Screen Size နဲ့ပတ်သက်လို့ ကြီးတာ၊ သေးတာပဲ ရွေးစရာရှိခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ ဖုန်းတွေမှာ အသုံးပြုထားတဲ့ Display တွေက 16:9 Ratio အပြင် 18:9 Ratio Display တွေပါအသုံးပြုလာတာကြောင့် သေချာစဉ်းစားလာရပါတယ်။ 18:9 Ratio Display တွေက ဖုန်းကို ဒေါင်လိုက်ကိုင်ထားတဲ့အချိန်မှာ 16:9 Ratio Display တွေထက် ပိုရှည်ပါတယ်။ ဖုန်းပေါ်မှာ စာဖတ်များသူတွေနဲ့ Video အကြည့်များသူတွေအတွက်တော့ 18:9 Ratio Display တွေက တော်တော်လေးကောင်းပါတယ်။ 

iPhone Notch

18:9 Ratio Display တွေကကောင်းပေမယ့် အားလုံးကောင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ 18:9 ဖြစ်ပေမယ့် ဖုန်းရဲ့အရွယ်အစားကို သေးစေလိုတာကြောင့်  Display ကို အပေါ်ဖက်က Camera တွေရဲ့ဘေးအထိ ရောက်အောင် ဖန်တီးလာကြပါတယ်။ အဲ့ဒီအတွက် Notch က Camera တွေနဲ့ Sensor တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။

ဈေးကွက်ရဲ့လိုအပ်ချက်အတိုင်း Design တွေကို နှစ်တိုင်းပြောင်းလဲနေရတဲ့ စမတ်ဖုန်းကုမ္ပဏီတွေကိုလည်း အပစ်ပြောလို့မရပါဘူး။ Screen ကြီးကြီးလိုချင်ပေမယ့် ဖုန်းအရွယ်အစားကြီးလွန်းနေတာမျိုးကို မလိုချင်တဲ့ ဝယ်ယူသူတွေကြောင့်လည်း Notch ပါတဲ့ Display Design ကိုအသုံးပြလာရပါတယ်။ ၂၀၁၈ ထဲမှာတော့ Notch ပါတဲ့ဖုန်းတွေက လက်ညှိုးထိုးမလွဲလောက်အောင်ကို များပြားနေပါပြီ။ တန်ဖိုးသင့် စမတ်ဖုန်းတွေမှာပါ Notch Display Design ကိုအသုံးပြုလာပြီဖြစ်တာကြောင့် ၂၀၁၈ နောက်ပိုင်းမှာ Notch ပါတဲ့ ဖုန်းတွေအများကြီးတွေ့ရနိုင်မယ်ဆိုတာ သေချာနေပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။