[Zawgyi]

တာလီဘန္တုိ႔ အာဖဂန္အမတ္ေလာင္း Abdul Jabar Qahraman ကုိ လုပ္ၾကံလုိက္ၿပီ

အာဖဂန္နစၥတန္ႏုိင္ငံ Helmand ျပည္နယ္ေတာင္ပုိင္းမွာ ေရြးေကာက္ခံအမတ္ေလာင္း Abdul Jabar Qahraman ဟာ ေအာက္တုိဘာလ (၁၇) ရက္ေန႔မွာ ဗုံးခြဲခံလုိက္ရတဲ့အတြက္ ကြယ္လြန္ခဲ့ပါတယ္။ သူ႕ ရဲ႕ ကုလားထုိင္ေအာက္မွာ ဗုံးေထာင္ထားတာျဖစ္ၿပီး အမတ္ေလာင္းအျပင္ တျခားလူခုနစ္ဦးကုိ ဒဏ္ရာရေစပါတယ္။ ေဒသစံေတာ္ခ်ိန္ မနက္ (၁ဝ) နာရီမွာ ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရလူေတြကုိေတာ့ ေဆးရုံတင္ထားရတယ္လုိ႔ သိရပါတယ္။

ရဲမွဴးခ်ဳပ္ Abdul Raziq Yaqubi က Abdul Jabar Qahraman ကြယ္လြန္သြားေၾကာင္း တရားဝင္ေၾကညာခဲ့ၿပီး တာလီဘန္အၾကမ္းဖက္သမားေတြက သူတုိ႔လုပ္ရပ္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေအာက္တိုဘာလ (၂ဝ) ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲကုိ အသိအမွတ္မျပဳေၾကာင္း၊ ေက်ာင္းသားေတြနဲ႔ ဆရာေတြဟာ ေရြးေကာက္ပြဲမွာ မဲထည့္စရာ မလုိေၾကာင္းနဲ႔ စာသင္ေက်ာင္းေတြမွာ မဲရုံလုပ္စရာ မလုိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တာလီဘန္အဖြဲ႕ အစည္းဟာ ေရြးေကာက္ပြဲကုိ ျပင္းျပင္းထန္ထန္ကန္႔ကြက္ေနၿပီး ႏွစ္လအတြင္းမွာ အမတ္ေလာင္း ဆယ္ဦးကုိ လုပ္ၾကံၿပီးပါၿပီ။ အာဖဂန္နစၥတန္ႏုိင္ငံဟာ ၂ဝ၁၆ခုႏွစ္ ဇန္နဝါရီလက လက္ရွိအခ်ိန္ထိ အၾကမ္းဖက္တုိက္ခုိက္မႈ (၁၇၁) ခုနဲ႔ လူ (၂,၇၃၄) ဦး ေသဆုံးခဲ့ၿပီးပါၿပီ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

တာလီဘန်တို့ အာဖဂန်အမတ်လောင်း Abdul Jabar Qahraman ကို လုပ်ကြံလိုက်ပြီ

အာဖဂန်နစ္စတန်နိုင်ငံ Helmand ပြည်နယ်တောင်ပိုင်းမှာ ရွေးကောက်ခံအမတ်လောင်း Abdul Jabar Qahraman ဟာ အောက်တိုဘာလ (၁၇) ရက်နေ့မှာ ဗုံးခွဲခံလိုက်ရတဲ့အတွက် ကွယ်လွန်ခဲ့ပါတယ်။ သူ့ ရဲ့ ကုလားထိုင်အောက်မှာ ဗုံးထောင်ထားတာဖြစ်ပြီး အမတ်လောင်းအပြင် တခြားလူခုနစ်ဦးကို ဒဏ်ရာရစေပါတယ်။ ဒေသစံတော်ချိန် မနက် (၁ဝ) နာရီမှာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရလူတွေကိုတော့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ရဲမှူးချုပ် Abdul Raziq Yaqubi က Abdul Jabar Qahraman ကွယ်လွန်သွားကြောင်း တရားဝင်ကြေညာခဲ့ပြီး တာလီဘန်အကြမ်းဖက်သမားတွေက သူတို့လုပ်ရပ်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ (၂ဝ) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ ကျောင်းသားတွေနဲ့ ဆရာတွေဟာ ရွေးကောက်ပွဲမှာ မဲထည့်စရာ မလိုကြောင်းနဲ့ စာသင်ကျောင်းတွေမှာ မဲရုံလုပ်စရာ မလိုကြောင်း ပြောကြားခဲ့ပါတယ်။

တာလီဘန်အဖွဲ့ အစည်းဟာ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန်ကန့်ကွက်နေပြီး နှစ်လအတွင်းမှာ အမတ်လောင်း ဆယ်ဦးကို လုပ်ကြံပြီးပါပြီ။ အာဖဂန်နစ္စတန်နိုင်ငံဟာ ၂ဝ၁၆ခုနှစ် ဇန်နဝါရီလက လက်ရှိအချိန်ထိ အကြမ်းဖက်တိုက်ခိုက်မှု (၁၇၁) ခုနဲ့ လူ (၂,၇၃၄) ဦး သေဆုံးခဲ့ပြီးပါပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com