[Zawgyi]

အေ၀းကြင္းမွာ လိုအပ္ေနတဲ႔ ႏိုင္ပြဲကိုရယူခဲ႔တဲ႔ ျမန္မာ

AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ လာအိုနဲ႔ ျမန္မာအသင္းတို႔ပြဲမွာ ျမန္မာအသင္းဟာ အေ၀းကြင္းမွာ ( ၁ – ၃ )နဲ႔ အႏိုင္ရရိွခဲ႔ပါတယ္။ ဒီပြဲမွာလည္း ျမန္မာအသင္းဟာ ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ အႏိုင္ရရိွခဲ႔တာျဖစ္ပါတယ္။

လာအို ၁ – ၃ ျမန္မာ

ျမန္မာအသင္းဟာ ဒီပြဲရဲ႕ ပြဲထြက္လူစာရင္းမွာ တိုက္စစ္ကစားသမားအမ်ားစုနဲ႔ ပြဲထြက္လာခဲ႔ေပမယ္႔ ပထမပိုင္း ပြဲကစားခ်ိန္အတြင္းမွာေတာ႔ ပံုစံေကာင္းျပႏိုင္ဖို႔ခက္ခဲခဲ႔ပါတယ္။ လာအိုအသင္းကေတာ႔ တန္ျပန္တိုက္စစ္ကိုသာ အဓိကထားကစားခဲ႔ျပီး ဒီပံုစံက အလုပ္ျဖစ္ခဲ႔ပါတယ္။ လာအိုအသင္းရဲ႕ တစ္ခ်က္တစ္ခ်က္ထိုးေဖာက္မႈေတြဟာ ျမန္မာအသင္းရဲ႕ ခံစစ္နဲ႔ ဂိုးသမားကို အလုပ္ရႈပ္ေစခဲ႔ျပီး ပြဲခ်ိန္(၁၄)မိနစ္မွာေတာ႔ လာအိုအသင္းက ဦးေဆာင္ဂိုးရရိွခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ ကြင္းလယ္လူ Innalay ကျပင္းထန္အားပါတဲ႔ အေ၀းကန္ခ်က္နဲ႔ကန္သြင္းယူခဲ႔တာပါ။ ျမန္မာအသင္းရဲ႕ ေခ်ပဂိုးရရိွဖို႔ တိုက္စစ္ဆင္မႈေတြကိုလည္း လာအိုဂိုးသမား Nammakhot လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပထမပိုင္းျပီးခါနီး ပြဲခ်ိန္(၄၅)မိနစ္မွာေတာ႔ ျမန္မာအသင္း ေခ်ပဂိုးရရိွခဲ႔ျပီး ဒီဂိုးကိုေတာ႔ ေအာင္သူက ရရိွလာတဲ႔ အခြင္႔အေရးကို အေကာင္းဆံုးကန္သြင္း အဆံုးသတ္ခဲ႔တာပါ။

Maung-Maung-Lwin-And-Aung-Thu

Maung-Maung-Lwin-And-Aung-Thu

ဒုတိယပိုင္းမွာေတာ႔ ျမန္မာအသင္းရဲ႕ ကစားပံုဟာ ပထမပိုင္းကထက္ပိုေကာင္းလာခဲ႔ေပမယ္႔ လာအိုအသင္းရဲ႕ တန္ျပန္တိုက္စစ္ေတြဟာလည္း အလုပ္ျဖစ္ေနဆဲပါပဲ။ ႏွစ္သင္းလံုးဟာ ဒုတိယပိုင္းမွာ ဂိုးရႏိုင္တဲ႔ အခြင္႔အေရး ကိုယ္စီရခဲ႔ၾကေပမယ္႔ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းမရိွဘဲ ဂိုးကံေခေနခဲ႔ၾကပါတယ္။ ပြဲခ်ိန္(၇၂)မိနစ္မွာေတာ႔ ျမန္မာအသင္းက ဒုတိယဂိုးရရိွခဲ႔ျပီး လူစား၀င္ကစားသမား ထက္ျဖိဳးေ၀က ဘယ္ေျခနဲ႔ အေ၀းကေန မနားတန္းကန္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ပြဲခ်ိန္(၈၅)မိနစ္မွာေတာ႔ တန္ျပန္တိုက္စစ္ကေန ျမန္မာအသင္း တတိယဂိုးရရိွခဲ႔ျပီး ေအာင္သူ ၊ သိန္းသန္း၀င္း တို႔ရဲ႕ တြဲလံုးကေန ေမာင္ေမာင္လြင္က သာသာယာယာ ပိတ္သြင္းယူခဲ႔တာျဖစ္ပါတယ္။ ေနာက္ပိုင္းမိနစ္ေတြမွာလည္း ႏွစ္သင္းလံုးဟာ အခြင္႔အေရးေတြရရိွခဲ႔ၾကေပမယ္႔ ( ၁ – ၃ ) ဆိုတဲ႔ ရလဒ္နဲ႔ပဲ ပြဲျပီးခဲ႔ပါတယ္။

Photo: AFF Suzuki Cup Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အဝေးကွင်းမှာ လိုအပ်နေတဲ့ နိုင်ပွဲကိုရယူခဲ့တဲ့ မြန်မာ

AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လာအိုနဲ့ မြန်မာအသင်းတို့ပွဲမှာ မြန်မာအသင်းဟာ အဝေးကွင်းမှာ ( ၁ – ၃ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာလည်း မြန်မာအသင်းဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လာအို ၁ – ၃ မြန်မာ

မြန်မာအသင်းဟာ ဒီပွဲရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်စစ်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမယ့် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာတော့ ပုံစံကောင်းပြနိုင်ဖို့ခက်ခဲခဲ့ပါတယ်။ လာအိုအသင်းကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိကထားကစားခဲ့ပြီး ဒီပုံစံက အလုပ်ဖြစ်ခဲ့ပါတယ်။ လာအိုအသင်းရဲ့ တစ်ချက်တစ်ချက်ထိုးဖောက်မှုတွေဟာ မြန်မာအသင်းရဲ့ ခံစစ်နဲ့ ဂိုးသမားကို အလုပ်ရှုပ်စေခဲ့ပြီး ပွဲချိန်(၁၄)မိနစ်မှာတော့ လာအိုအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်လူ Innalay ကပြင်းထန်အားပါတဲ့ အဝေးကန်ချက်နဲ့ကန်သွင်းယူခဲ့တာပါ။ မြန်မာအသင်းရဲ့ ချေပဂိုးရရှိဖို့ တိုက်စစ်ဆင်မှုတွေကိုလည်း လာအိုဂိုးသမား Nammakhot လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၅)မိနစ်မှာတော့ မြန်မာအသင်း ချေပဂိုးရရှိခဲ့ပြီး ဒီဂိုးကိုတော့ အောင်သူက ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးကန်သွင်း အဆုံးသတ်ခဲ့တာပါ။

Maung-Maung-Lwin-And-Aung-Thu

Maung-Maung-Lwin-And-Aung-Thu

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းရဲ့ ကစားပုံဟာ ပထမပိုင်းကထက်ပိုကောင်းလာခဲ့ပေမယ့် လာအိုအသင်းရဲ့ တန်ပြန်တိုက်စစ်တွေဟာလည်း အလုပ်ဖြစ်နေဆဲပါပဲ။ နှစ်သင်းလုံးဟာ ဒုတိယပိုင်းမှာ ဂိုးရနိုင်တဲ့ အခွင့်အရေး ကိုယ်စီရခဲ့ကြပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိဘဲ ဂိုးကံခေနေခဲ့ကြပါတယ်။ ပွဲချိန်(၇၂)မိနစ်မှာတော့ မြန်မာအသင်းက ဒုတိယဂိုးရရှိခဲ့ပြီး လူစားဝင်ကစားသမား ထက်ဖြိုးဝေက ဘယ်ခြေနဲ့ အဝေးကနေ မနားတန်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၈၅)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ မြန်မာအသင်း တတိယဂိုးရရှိခဲ့ပြီး အောင်သူ ၊ သိန်းသန်းဝင်း တို့ရဲ့ တွဲလုံးကနေ မောင်မောင်လွင်က သာသာယာယာ ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာလည်း နှစ်သင်းလုံးဟာ အခွင့်အရေးတွေရရှိခဲ့ကြပေမယ့် ( ၁ – ၃ ) ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။

Photo: AFF Suzuki Cup Twitter
Ko Kyue(Akhayar)
www.akhayar.com