[Zawgyi]

ရမွတ္ခြဲယူခဲ႔ၾကတဲ႔ ျမန္မာနဲ႔ ဗီယက္နမ္

AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ျမန္မာ နဲ႔ ဗီယက္နမ္ပြဲကေတာ႔ ဂိုးမရိွသေရနဲ႔ ျပီးဆံုးခဲ႔ပါတယ္။ ဒီပြဲသေရက်ခဲ႔ေပမယ္႔ ျမန္မာအသင္းဟာ အုပ္စု(က)ရဲ႕ ထိပ္ဆံုးေနရာမွာ ရပ္တည္ေနဆဲပါပဲ။

Myanmar-0-0-Vietnam

Myanmar-0-0-Vietnam

ျမန္မာ ၀ – ၀ ဗီယက္နမ္

ဒီပြဲရဲ႕ ျမန္မာအသင္း ပြဲထြက္လူစာရင္းမွာ ခံစစ္ပိုင္းအေျပာင္းအလဲေတြကို ျမင္ေတြ႕ခဲ႔ရျပီး အသင္းရဲ႕ တိုက္စစ္ပိုင္းကိုေတာ႔ ေအာင္သူ ၊ ေမာင္ေမာင္လြင္ ၊ စည္သူေအာင္ တို႔ကဦးေဆာင္လာခဲ႔ၾကပါတယ္။ ျမန္မာအသင္းရဲ႕ ကစားပံုဟာ တည္ျငိမ္မႈအျပည္႔ရိွခဲ႔ျပီး ဗီယက္နမ္အသင္းကို ေဘာလံုးပိုင္ဆိုင္မႈ အသာစီးနဲ႔ကစားႏိုင္ခဲ႔ပါတယ္။ ႏွစ္သင္းလံုးဟာ ဂိုးရႏိုင္မယ္႔ အခြင္႔အေရး ကိုယ္စီရခဲ႔ၾကေပမယ္႔ ဗီယက္နမ္အသင္းရရိွခဲ႔တဲ႔ အခြင္႔အေရးေတြက ပိုၾကီးမားခဲ႔ျပီး တစ္ၾကိမ္တိုင္ထိထြက္ခဲ႔သလို တစ္ၾကိမ္ကိုေတာ႔ ဂိုးသမားေက်ာ္ဇင္ထက္ ကာကြယ္ႏိုင္ခဲ႔ပါတယ္။ ပထမပိုင္းမွာေတာ႔ ႏွစ္သင္းလံုးဟာ တစ္ဖက္ရဲ႕အမွား တစ္ဖက္က ေခ်ာင္းကစားတဲ႔ ပံုစံမ်ိဳးနဲ႔ ကစားခဲ႔ၾကပါတယ္။

Myanmar

Myanmar

ဒုတိယပိုင္းမွာေတာ႔ ႏွစ္သင္းလံုးဟာ တိုက္စစ္ကိုပိုဖြင္႔ကစားလာခဲ႔ျပီး လိႈင္းဘိုဘိုရဲ႕ အေ၀းကန္ခ်က္ကို ဗီယက္နမ္ဂိုးသမား Đặng Văn Lâm ကာကြယ္ႏိုင္ခဲ႔သလို ျမန္မာအသင္းရဲ႕ ခံစစ္ပိုင္းအမွားေတြကေန ရရိွခဲ႔တဲ႔ ဗီယက္နမ္အသင္းရဲ႕ အပိုင္ကန္ခ်က္ေတြကိုလည္း ဂိုးသမားေက်ာ္ဇင္ထက္ လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ဒုတိယပိုင္းမွာ ျမန္မာအသင္းရဲ႕ ကြင္းလယ္နဲ႔ ခံစစ္ဟာ လုပ္အားႏႈန္းက်ဆင္းလာခဲ႔တာေၾကာင္႔ ဗီယက္နမ္အသင္းက ဖိအားေပးမႈေတြပိုလုပ္လာႏိုင္ခဲ႔ပါတယ္။ ပြဲျပီးခါနီး မိနစ္ေတြမွာ ျမန္မာအသင္းဟာ ျပစ္ဒဏ္ေဘာနဲ႔ ေထာင္႔ကန္ေဘာေတြရရိွခဲ႔ေပမယ္႔ အသံုးခ်ႏိုင္ခဲ႔ျခင္းေတာ႔ မရိွခဲ႔ပါဘူး။ ပြဲအျပီးမွာေတာ႔ ႏွစ္သင္းလံုးဟာ ရမွတ္ခြဲယူခဲ႔ၾကျပီး သေရရလဒ္နဲ႔သာ ေက်နပ္ခဲ႔ၾကရပါတယ္။

Photo: AFF Championship Website , AFF Championship Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ရမှတ်ခွဲယူခဲ့ကြတဲ့ မြန်မာနဲ့ ဗီယက်နမ်

AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာ နဲ့ ဗီယက်နမ်ပွဲကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲသရေကျခဲ့ပေမယ့် မြန်မာအသင်းဟာ အုပ်စု(က)ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေဆဲပါပဲ။

Myanmar-0-0-Vietnam

Myanmar-0-0-Vietnam

မြန်မာ ၀ – ၀ ဗီယက်နမ်

ဒီပွဲရဲ့ မြန်မာအသင်း ပွဲထွက်လူစာရင်းမှာ ခံစစ်ပိုင်းအပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ အောင်သူ ၊ မောင်မောင်လွင် ၊ စည်သူအောင် တို့ကဦးဆောင်လာခဲ့ကြပါတယ်။ မြန်မာအသင်းရဲ့ ကစားပုံဟာ တည်ငြိမ်မှုအပြည့်ရှိခဲ့ပြီး ဗီယက်နမ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ကစားနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးဟာ ဂိုးရနိုင်မယ့် အခွင့်အရေး ကိုယ်စီရခဲ့ကြပေမယ့် ဗီယက်နမ်အသင်းရရှိခဲ့တဲ့ အခွင့်အရေးတွေက ပိုကြီးမားခဲ့ပြီး တစ်ကြိမ်တိုင်ထိထွက်ခဲ့သလို တစ်ကြိမ်ကိုတော့ ဂိုးသမားကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံးဟာ တစ်ဖက်ရဲ့အမှား တစ်ဖက်က ချောင်းကစားတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့ကြပါတယ်။

Myanmar

Myanmar

ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးဟာ တိုက်စစ်ကိုပိုဖွင့်ကစားလာခဲ့ပြီး လှိုင်းဘိုဘိုရဲ့ အဝေးကန်ချက်ကို ဗီယက်နမ်ဂိုးသမား Đặng Văn Lâm ကာကွယ်နိုင်ခဲ့သလို မြန်မာအသင်းရဲ့ ခံစစ်ပိုင်းအမှားတွေကနေ ရရှိခဲ့တဲ့ ဗီယက်နမ်အသင်းရဲ့ အပိုင်ကန်ချက်တွေကိုလည်း ဂိုးသမားကျော်ဇင်ထက် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ဟာ လုပ်အားနှုန်းကျဆင်းလာခဲ့တာကြောင့် ဗီယက်နမ်အသင်းက ဖိအားပေးမှုတွေပိုလုပ်လာနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ်တွေမှာ မြန်မာအသင်းဟာ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတွေရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ပွဲအပြီးမှာတော့ နှစ်သင်းလုံးဟာ ရမှတ်ခွဲယူခဲ့ကြပြီး သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ကြရပါတယ်။

Photo: AFF Championship Website , AFF Championship Twitter
Ko Kyue(Akhayar)
www.akhayar.com