[Zawgyi]

ေနာက္တစ္ဆင္႔တက္ဖို႔အတြက္ ႏိုင္ပြဲရယူရမယ္႔ ျမန္မာ

ဒီေန႔ည (၇း၀၀) နာရီမွာေတာ႔ AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ လာအိုနဲ႔ ျမန္မာအသင္းတို႔ပြဲရိွေနပါတယ္။ ဒီပြဲစဥ္ကို လာအိုအသင္းရဲ႕ New Laos National Stadium မွာယွဥ္ျပိဳင္ကစားသြားမွာျဖစ္တာေၾကာင္႔ ျမန္မာအသင္း အေ၀းကြင္းမွာ ရလဒ္ေကာင္းရယူႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနပါတယ္။

Myanmar

Myanmar

လာအို – ျမန္မာ ( ေသာၾကာ ည ၇း၀၀ နာရီ )

လာအိုအသင္းဟာ ဒီျပိဳင္ပြဲမွာ ကစားထားတဲ႔ (၂)ပြဲလံုး ရံႈးနိမ္႔ထားတာေၾကာင္႔ ဒီပြဲမွာေတာ႔ ရမွတ္ရရိွဖို႔ကို အဓိကထားၾကိဳးစားလာမွာပါ။ လာအိုအသင္းရဲ႕ အားနည္းခ်က္ကေတာ႔ ခံစစ္ပိုင္းျဖစ္ျပီး ျပိဳင္ဘက္ေတြကို ဂိုးေတြေတာ္ေတာ္မ်ားမ်ားခြင္႔ျပဳထားရပါတယ္။ ျမန္မာအသင္းကေတာ႔ ျပီးခဲ႔တဲ႔ ကေမၻာဒီးယားနဲ႔ ပြဲမွာ အေကာင္း ၊ အဆိုးဒြန္တြဲေနတာကိုေတြ႕ခဲ႔ရပါတယ္။ ျမန္မာအသင္းရဲ႕ ကစားသမားေတြဟာ တစ္ဦးခ်င္းကစားပံုေကာင္းမြန္ၾကေပမယ္႔ စုစည္းမႈအားနည္းတာေၾကာင္႔ ဒီအခ်က္ဟာ ျပိဳင္ဘက္ေတြအတြက္ အခြင္႔အေရးေတြျဖစ္ေစပါတယ္။ နည္းျပအန္တိုနီေဟး Antoine Hey အေနနဲ႔လည္း မွန္ကန္တဲ႔လူစာရင္းကို ပြဲထုတ္လာဖို႔လိုျပီး ေနာက္တစ္ခ်က္ကေတာ႔ ခံစစ္ပိုင္းျဖစ္သလို ဒီထက္ ပိုျပီး မာေက်ာလာဖို႔လိုအပ္ေနတာပါ။ လက္ရိွဒီႏွစ္သင္းမွာ ျမန္မာအသင္းဟာ ပိုေကာင္းတဲ႔အသင္းျဖစ္ျပီး ေနာက္တစ္ဆင္႔တက္ဖို႔လည္း လိုအပ္ေနတာေၾကာင္႔ ဒီပြဲမွာရလဒ္ေကာင္းတစ္ခုေတာ႔ ရွာေဖြသြားရမွာျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ အရည္အေသြးပိုင္းကပဲ အဆံုးအျဖတ္ေပးသြားမယ္႔ပြဲမ်ိဳးျဖစ္ျပီး ျမန္မာအေ၀းကြင္းမွာ ( ၀ – ၂ ) ၊ (၁ – ၃ ) ရလဒ္မ်ိဳးေတြနဲ႔ အႏိုင္ရႏိုင္ပါတယ္။

လာအို – ျမန္မာ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး (၅)ၾကိမ္

Myanmar-Fans

Myanmar-Fans

Myanmar 3 – 1 Laos
Laos 2 – 2 Myanmar
Myanmar 2 – 1 Laos
Laos 0 – 0 Myanmar
Myanmar 1 – 0 Laos

Photo: MFF Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နောက်တစ်ဆင့်တက်ဖို့အတွက် နိုင်ပွဲရယူရမယ့် မြန်မာ

ဒီနေ့ည (ရး၀၀) နာရီမှာတော့ AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လာအိုနဲ့ မြန်မာအသင်းတို့ပွဲရှိနေပါတယ်။ ဒီပွဲစဉ်ကို လာအိုအသင်းရဲ့ New Laos National Stadium မှာယှဉ်ပြိုင်ကစားသွားမှာဖြစ်တာကြောင့် မြန်မာအသင်း အဝေးကွင်းမှာ ရလဒ်ကောင်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Myanmar

Myanmar

လာအို – မြန်မာ ( သောကြာ ည ရး၀၀ နာရီ )

လာအိုအသင်းဟာ ဒီပြိုင်ပွဲမှာ ကစားထားတဲ့ (၂)ပွဲလုံး ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာတော့ ရမှတ်ရရှိဖို့ကို အဓိကထားကြိုးစားလာမှာပါ။ လာအိုအသင်းရဲ့ အားနည်းချက်ကတော့ ခံစစ်ပိုင်းဖြစ်ပြီး ပြိုင်ဘက်တွေကို ဂိုးတွေတော်တော်များများခွင့်ပြုထားရပါတယ်။ မြန်မာအသင်းကတော့ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ ပွဲမှာ အကောင်း ၊ အဆိုးဒွန်တွဲနေတာကိုတွေ့ခဲ့ရပါတယ်။ မြန်မာအသင်းရဲ့ ကစားသမားတွေဟာ တစ်ဦးချင်းကစားပုံကောင်းမွန်ကြပေမယ့် စုစည်းမှုအားနည်းတာကြောင့် ဒီအချက်ဟာ ပြိုင်ဘက်တွေအတွက် အခွင့်အရေးတွေဖြစ်စေပါတယ်။ နည်းပြအန်တိုနီဟေး Antoine Hey အနေနဲ့လည်း မှန်ကန်တဲ့လူစာရင်းကို ပွဲထုတ်လာဖို့လိုပြီး နောက်တစ်ချက်ကတော့ ခံစစ်ပိုင်းဖြစ်သလို ဒီထက် ပိုပြီး မာကျောလာဖို့လိုအပ်နေတာပါ။ လက်ရှိဒီနှစ်သင်းမှာ မြန်မာအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့လည်း လိုအပ်နေတာကြောင့် ဒီပွဲမှာရလဒ်ကောင်းတစ်ခုတော့ ရှာဖွေသွားရမှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ အရည်အသွေးပိုင်းကပဲ အဆုံးအဖြတ်ပေးသွားမယ့်ပွဲမျိုးဖြစ်ပြီး မြန်မာအဝေးကွင်းမှာ ( ၀ – ၂ ) ၊ (၁ – ၃ ) ရလဒ်မျိုးတွေနဲ့ အနိုင်ရနိုင်ပါတယ်။

လာအို – မြန်မာ ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး (၅)ကြိမ်

Myanmar-Fans

Myanmar-Fans

Myanmar 3 – 1 Laos
Laos 2 – 2 Myanmar
Myanmar 2 – 1 Laos
Laos 0 – 0 Myanmar
Myanmar 1 – 0 Laos

Photo: MFF Twitter
Ko Kyue(Akhayar)
www.akhayar.com