[Zawgyi]

 ေနာက္တစ္ဆင္႔တက္ဖို႔အတြက္ အိမ္ကြင္းမွာ ရလဒ္ေကာင္းရွာေဖြရမယ္႔ ျမန္မာ

ဒီေန႔ ညေန(၆း၀၀)နာရီမွာေတာ႔ AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ျမန္မာ နဲ႔ ဗီယက္နမ္ပြဲရိွေနပါတယ္။ ဒီပြဲကိုေတာ႔ ရန္ကုန္ျမိဳ႕ သု၀ဏၰ အားကစားကြင္း မွာ ယွဥ္ၿပိဳင္ကစားသြားၾကမွာပဲျဖစ္ပါတယ္။

ျမန္မာ – ဗီယက္နမ္ ( အဂၤါ ညေန ၆း၀၀ နာရီ )

လက္ရိွမွာ ႏွစ္သင္းလံုးဟာ ရလဒ္ေကာင္းေတြနဲ႔ အေကာင္းဆံုးမွာရိွေနျပီး ျမန္မာအသင္းဟာ ဒီအုပ္စုကို ဦးေဆာင္ေနပါတယ္။ ျပီးခဲ႔တဲ႔ ပြဲစဥ္(၂)ပြဲမွာ ျမန္မာအသင္းရဲ႕ ခံစစ္ပိုင္းအားနည္းခ်က္ကိုေတြ႕ရသလို ကြင္းလယ္ကလည္း ခံစစ္ကို မကူႏိုင္ခဲ႔တာကိုေတြ႕ခဲ႔ရပါတယ္။ ျမန္မာအသင္းရဲ႕ အားထားရတဲ႔ ဘယ္ေနာက္ခံလူ သိန္းသန္း၀င္းဟာ ဒီပြဲကိုပြဲပယ္ျပစ္ဒဏ္ေၾကာင္႔ လြဲေခ်ာ္မွာျဖစ္ျပီး ဒီအေနအထားမွာ ျမန္မာအသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္ဟာ အားနည္းမႈေတြရိွလာႏိုင္ပါတယ္။

Myanmar

Myanmar

နည္းျပ အန္တိုနီေဟး ဟာ အသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္ကို အားရေသးပံုမရေသးဘဲ ျပီးခဲ႔တဲ႔ လာအိုနဲ႔ပြဲ ဒုတိယပိုင္းမွာ ေမာင္ေမာင္လြင္ဟာ ညာျခမ္းကေန ဘယ္ျခမ္းကို ေျပာင္းလဲကစားခဲ႔ပါတယ္။ ျမန္မာအသင္းရဲ႕ တိုက္စစ္ကစားပံုမွာ ေနာက္ခံအစြန္လူေတြလည္း ပါ၀င္ေနျပီး တစ္ဖက္အသင္းရဲ႕ တန္ျပန္တိုက္စစ္စတင္ရင္ ဒီကစားသမားေတြဟာ ေရွ႕မွာက်န္ခဲ႔သလို ကြင္းလယ္ကလည္း ခံစစ္မကူႏိုင္တာေၾကာင္႔ ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ ဟာကြက္ေတြျဖစ္ေစျပီး ခံစစ္ပိုင္းဟာ ဖရိုဖရဲျဖစ္ေစပါတယ္။ ဗီယက္နမ္ကစားသမားေတြဟာ ျမန္ဆန္ၾကျပီး အခုလိုအခြင္႔အေရးမ်ိဳးကို အျပည္႔အ၀အသံုးခ်ႏိုင္တာေၾကာင္႔ ေနာက္ခံအစြန္လူေတြအေနနဲ႔ တိုက္စစ္ကို လိုက္ပါမႈသိပ္မလုပ္ပဲ အသင္းရဲ႕ကြင္းလယ္ပိုင္း ပိုမာေက်ာေစဖို႔အတြက္ ရဲကိုဦး ကိုပြဲထြက္သံုးသင္႔ပါတယ္။

Ye Ko Oo

Ye Ko Oo

ျမန္မာအသင္းရဲ႕ အားသာခ်က္ေတြကေတာ႔ အရံႈးကေနျပန္လာႏိုင္စြမ္းနဲ႔ ပြဲအေျဖကိုေျပာင္းလဲေပးႏိုင္တဲ႔ ကစားသမားေတြရိွေနတာပါပဲ။ ဒီပြဲဟာ ျမန္မာအသင္းရဲ႕ ေနာက္တစ္ဆင္႔ေမွ်ာ္လင္႔ခ်က္အတြက္ အေရးပါေနတဲပြဲျဖစ္ျပီး အိမ္ကြင္းအားသာခ်က္ကိုလည္း အျပည္႔အ၀ရယူႏိုင္ဖို႔လိုအပ္ပါတယ္။ နည္းျပေတြရဲ႕ နည္းဗ်ဴဟာပိုင္းအားျပိဳင္မယ္႔ ပြဲစဥ္မ်ိဳးျဖစ္ျပီး အန္တိုနီေဟး ဘာလုပ္ျပႏိုင္မလဲဆိုတာကို အဓိကေစာင္႔ၾကည္႔သြားရမွာပါ။ အစဥ္အလာပိုင္းမွာေတာ႔ ျမန္မာအသင္းဟာ ဗီယက္နမ္နဲ႔ ကစားရင္ ႐ုန္းကန္ရေလ႔ရိွတာေၾကာင္႔ အိမ္ကြင္း ပရိသတ္ေရွ႕ေမွာက္မွာ ဒီအေနအထားကေန ေဖာက္ထြက္ျပရမွာပါ။ အိမ္ကြင္းမွာေတာ႔ ျမန္မာအသင္းအတြက္ သေရနဲ႔အႏိုင္ရလဒ္ဟာ ျဖစ္လာႏိုင္တဲ႔ အေနအထားေတြျဖစ္ျပီး ( ၂ – ၁ ) ၊ ( ၁ – ၁ ) ရလဒ္မ်ိဳးေတြ ထြက္ေပၚႏိုင္ပါတယ္။

Maung-Maung-Lwin-And-Aung-Thu

Maung-Maung-Lwin-And-Aung-Thu

ျမန္မာ – ဗီယက္နမ္ ထိပ္တိုက္ေတြ႕ဆံုမႈေနာက္ဆံုး(၅)ၾကိမ္

Myanmar 1 – 2 Vietnam
Vietnam 6 – 0 Myanmar
Vietnam 1 – 1 Myanmar
Vietnam 7 – 1 Myanmar
Vietnam 2 – 3 Myanmar

Photo: MFF Twitter , AFF championship Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

 နောက်တစ်ဆင့်တက်ဖို့အတွက် အိမ်ကွင်းမှာ ရလဒ်ကောင်းရှာဖွေရမယ့် မြန်မာ

ဒီနေ့ ညနေ(၆း၀၀)နာရီမှာတော့ AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာ နဲ့ ဗီယက်နမ်ပွဲရှိနေပါတယ်။ ဒီပွဲကိုတော့ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း မှာ ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။

မြန်မာ – ဗီယက်နမ် ( အင်္ဂါ ညနေ ၆း၀၀ နာရီ )

လက်ရှိမှာ နှစ်သင်းလုံးဟာ ရလဒ်ကောင်းတွေနဲ့ အကောင်းဆုံးမှာရှိနေပြီး မြန်မာအသင်းဟာ ဒီအုပ်စုကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်(၂)ပွဲမှာ မြန်မာအသင်းရဲ့ ခံစစ်ပိုင်းအားနည်းချက်ကိုတွေ့ရသလို ကွင်းလယ်ကလည်း ခံစစ်ကို မကူနိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ မြန်မာအသင်းရဲ့ အားထားရတဲ့ ဘယ်နောက်ခံလူ သိန်းသန်းဝင်းဟာ ဒီပွဲကိုပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပြီး ဒီအနေအထားမှာ မြန်မာအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ အားနည်းမှုတွေရှိလာနိုင်ပါတယ်။

Myanmar

Myanmar

နည်းပြ အန်တိုနီဟေး ဟာ အသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်ကို အားရသေးပုံမရသေးဘဲ ပြီးခဲ့တဲ့ လာအိုနဲ့ပွဲ ဒုတိယပိုင်းမှာ မောင်မောင်လွင်ဟာ ညာခြမ်းကနေ ဘယ်ခြမ်းကို ပြောင်းလဲကစားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ တိုက်စစ်ကစားပုံမှာ နောက်ခံအစွန်လူတွေလည်း ပါဝင်နေပြီး တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်စတင်ရင် ဒီကစားသမားတွေဟာ ရှေ့မှာကျန်ခဲ့သလို ကွင်းလယ်ကလည်း ခံစစ်မကူနိုင်တာကြောင့် ကွင်းလယ်နဲ့ ခံစစ်ကြားမှာ ဟာကွက်တွေဖြစ်စေပြီး ခံစစ်ပိုင်းဟာ ဖရိုဖရဲဖြစ်စေပါတယ်။ ဗီယက်နမ်ကစားသမားတွေဟာ မြန်ဆန်ကြပြီး အခုလိုအခွင့်အရေးမျိုးကို အပြည့်အဝအသုံးချနိုင်တာကြောင့် နောက်ခံအစွန်လူတွေအနေနဲ့ တိုက်စစ်ကို လိုက်ပါမှုသိပ်မလုပ်ပဲ အသင်းရဲ့ကွင်းလယ်ပိုင်း ပိုမာကျောစေဖို့အတွက် ရဲကိုဦး ကိုပွဲထွက်သုံးသင့်ပါတယ်။

Ye Ko Oo

Ye Ko Oo

မြန်မာအသင်းရဲ့ အားသာချက်တွေကတော့ အရှုံးကနေပြန်လာနိုင်စွမ်းနဲ့ ပွဲအဖြေကိုပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေရှိနေတာပါပဲ။ ဒီပွဲဟာ မြန်မာအသင်းရဲ့ နောက်တစ်ဆင့်မျှော်လင့်ချက်အတွက် အရေးပါနေတဲပွဲဖြစ်ပြီး အိမ်ကွင်းအားသာချက်ကိုလည်း အပြည့်အဝရယူနိုင်ဖို့လိုအပ်ပါတယ်။ နည်းပြတွေရဲ့ နည်းဗျူဟာပိုင်းအားပြိုင်မယ့် ပွဲစဉ်မျိုးဖြစ်ပြီး အန်တိုနီဟေး ဘာလုပ်ပြနိုင်မလဲဆိုတာကို အဓိကစောင့်ကြည့်သွားရမှာပါ။ အစဉ်အလာပိုင်းမှာတော့ မြန်မာအသင်းဟာ ဗီယက်နမ်နဲ့ ကစားရင် ရုန်းကန်ရလေ့ရှိတာကြောင့် အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ဒီအနေအထားကနေ ဖောက်ထွက်ပြရမှာပါ။ အိမ်ကွင်းမှာတော့ မြန်မာအသင်းအတွက် သရေနဲ့အနိုင်ရလဒ်ဟာ ဖြစ်လာနိုင်တဲ့ အနေအထားတွေဖြစ်ပြီး ( ၂ – ၁ ) ၊ ( ၁ – ၁ ) ရလဒ်မျိုးတွေ ထွက်ပေါ်နိုင်ပါတယ်။

Maung-Maung-Lwin-And-Aung-Thu

Maung-Maung-Lwin-And-Aung-Thu

မြန်မာ – ဗီယက်နမ် ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး(၅)ကြိမ်

Myanmar 1 – 2 Vietnam
Vietnam 6 – 0 Myanmar
Vietnam 1 – 1 Myanmar
Vietnam 7 – 1 Myanmar
Vietnam 2 – 3 Myanmar

Photo: MFF Twitter , AFF championship Twitter
Ko Kyue(Akhayar)
www.akhayar.com