[Zawgyi]

ဆီမီးဖိုင္နယ္တက္ဖို႔ ရမွတ္ရယူသြားရမယ္႔ ျမန္မာ

ဒီေန႔ ည (၇း၀၀)နာရီမွာေတာ႔ AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ မေလးရွားနဲ႔ ျမန္မာပြဲရိွေနပါတယ္။ ဒီပြဲကိုေတာ႔ မေလးရွားအသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ႔ Bukit Jalil ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားၾကမွာပဲျဖစ္ပါတယ္။

Malaysia-Vs-Myanmar

Malaysia-Vs-Myanmar

မေလးရွား – ျမန္မာ ( စေန ည ၇း၀၀ နာရီ )

ႏွစ္သင္းလံုးအတြက္ ဆီးမီးဖိုင္နယ္တက္ေရာက္ဖို႔ အေရးပါေနတဲ႔ ပြဲစဥ္ပါ။ မေလးရွားအသင္းဟာ ဒီပြဲအႏိုင္ရမွ ဆီမီးဖိုင္နယ္တက္မွာျဖစ္ျပီး ျမန္မာအသင္းကေတာ႔ ဒီပြဲမွာ သေရကစား႐ံုနဲ႔ ဆီမီးဖိုင္နယ္အဆင္႔ကိုတက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ ႏွစ္သင္းလံုးရဲ႕ လက္ရိွေျခစြမ္းဟာ ကြာျခားခ်က္မရိွေပမယ္႔ အိမ္ရွင္အားသာခ်က္နဲ႔ မေလးရွားအသင္းဟာ ဒီပြဲကို အႏိုင္ယူဖို႔ ၾကိဳးစားလာမွာကေတာ႔ ေသခ်ာေနပါတယ္။

Myanmar

Myanmar

ျပီးခဲ႔တဲ႔ ပြဲေတြမွာ ျမန္မာအသင္းရဲ႕ ခံစစ္ပိုင္းအားနည္းမႈေတြကို ျမင္ေတြ႕ခဲ႔ရျပီး ပြဲတိုင္းလိုလို ျပိဳင္ဘက္ကို အခြင္႔အေရးေတြေပးခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ဗီယက္နမ္နဲ႔ပြဲမွာလည္း ဂိုးသမားေက်ာ္ဇင္ထက္ရဲ႕ လက္စြမ္းေကာင္းေတြေၾကာင္႔သာ ျပိဳင္ဘက္ကို ဂိုးမေပးခဲ႔ရတာပါ။ အခု မေလးရွားနဲ႔ပြဲမွာေတာ႔ ဒီအရာကို အဓိကထားျပင္ဆင္သြားရမွာျဖစ္ျပီး ခံစစ္ပိုင္းဟာ ေရွ႕(၃)ပြဲထက္ ပိုမိုက်စ္လစ္ေနဖို႔လိုအပ္ပါတယ္။ ျမန္မာအသင္းရဲ႕ ဘယ္ျခမ္းတိုက္စစ္ဟာ လက္ရိွအခ်ိန္ထိ လိုအပ္ခ်က္ေတြရိွေနသလို ျပီးခဲ႔တဲ႔ ဗီယက္နမ္ပြဲမွာ နႏၵေက်ာ္ဟာ ဘယ္ျခမ္းခံစစ္မွာ ပံုစံေကာင္းျပႏိုင္ခဲ႔ပါတယ္။ ဒီေနရာမွာ သိန္းသန္း၀င္းဟာ လည္း ေျခစြမ္းျပေနတာေၾကာင္႔ နည္းျပ အန္တိုနီေဟး အေနနဲ႔ ေခါင္းခဲစရာပါ။ သိန္းသန္း၀င္း ဟာ တိုက္စစ္လိုက္ပါမႈအားေကာင္းျပီး ၾကံခိုင္မႈေကာင္းမြန္တဲ႔ကစားသမားျဖစ္သလို ေတာင္ပံတိုက္စစ္ကေန ေတာင္ပံခံစစ္ေျပာင္းကစားတဲ႔ ကစားသမားျဖစ္တာေၾကာင္႔ ဒီပြဲမွာ နႏၵေက်ာ္ကို ဘယ္ျခမ္းခံစစ္မွာထားျပီး သိန္းသန္း၀င္း ကို ဘယ္ေတာင္ပံတိုက္စစ္မွာထားကစားရင္ ျမန္မာအသင္းရဲ႕ ဘယ္ျခမ္းျပႆနာဟာ အဆင္ေျပသြားဖို႔ရိွေနပါတယ္။

Mg-Mg-Lwin-And-Aung-Thu

Mg-Mg-Lwin-And-Aung-Thu

အခုေနာက္ပိုင္းေတြ႕ဆံုမႈေတြမွာ ျမန္မာအသင္းဟာ မေလးရွားကို အသာရထားေပမယ္႔ မေလးရွားေျမမွာ အနည္းငယ္ ႐ုန္းကန္ရတတ္တဲ႔ အေျခအေနတစ္ခုရိွေနပါတယ္။ ဒီအေနအထားကေန ျမန္မာအသင္းဟာ ေဖာက္ထြက္ျပရမွာျဖစ္ျပီး မေလးရွားအသင္းကေတာ႔ ဒီပြဲႏိုင္ဖို႔ နည္းမ်ိဳးစံုးအသံုးျပဳလာမွာပါ။ ျမန္မာအသင္းအေနနဲ႔ ျပိဳင္ဘက္ရဲ႕ ပရိတ္သတ္အားနဲ႔ အိမ္ကြင္း အားသာခ်က္တို႔ကို ရိွန္မေန ရင္ဆုိင္သြားရမွာျဖစ္ျပီး အေကာင္းဆံုးစိတ္ဓာတ္ခြန္အားေတြနဲ႔ တံု႔ျပန္သြားရမွာပါ။ ႏွစ္သင္းလံုးဟာ ဆီမီးဖိုင္နယ္အတြက္ အေကာင္းဆံုးၾကိဳးစားလာၾကမွာျဖစ္ျပီး ဂိုးမ်ားမ်ားနဲ႔ သေရပြဲျဖစ္လာႏိုင္ပါတယ္။

မေလးရွား – ျမန္မာ ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္

Myanmar 1 – 0 Malaysia
Myanmar 1 – 0 Malaysia
Myanmar 0 – 0 Malaysia
Malaysia 0 – 0 Myanmar
Malaysia 2 – 0 Myanmar

Photo: Asean Football Federation , MFF Twiter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဆီမီးဖိုင်နယ်တက်ဖို့ ရမှတ်ရယူသွားရမယ့် မြန်မာ

ဒီနေ့ ည (ရး၀၀)နာရီမှာတော့ AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မလေးရှားနဲ့ မြန်မာပွဲရှိနေပါတယ်။ ဒီပွဲကိုတော့ မလေးရှားအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Bukit Jalil ကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာပဲဖြစ်ပါတယ်။

Malaysia-Vs-Myanmar

Malaysia-Vs-Myanmar

မလေးရှား – မြန်မာ ( စနေ ည ရး၀၀ နာရီ )

နှစ်သင်းလုံးအတွက် ဆီးမီးဖိုင်နယ်တက်ရောက်ဖို့ အရေးပါနေတဲ့ ပွဲစဉ်ပါ။ မလေးရှားအသင်းဟာ ဒီပွဲအနိုင်ရမှ ဆီမီးဖိုင်နယ်တက်မှာဖြစ်ပြီး မြန်မာအသင်းကတော့ ဒီပွဲမှာ သရေကစားရုံနဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိခြေစွမ်းဟာ ကွာခြားချက်မရှိပေမယ့် အိမ်ရှင်အားသာချက်နဲ့ မလေးရှားအသင်းဟာ ဒီပွဲကို အနိုင်ယူဖို့ ကြိုးစားလာမှာကတော့ သေချာနေပါတယ်။

Myanmar

Myanmar

ပြီးခဲ့တဲ့ ပွဲတွေမှာ မြန်မာအသင်းရဲ့ ခံစစ်ပိုင်းအားနည်းမှုတွေကို မြင်တွေ့ခဲ့ရပြီး ပွဲတိုင်းလိုလို ပြိုင်ဘက်ကို အခွင့်အရေးတွေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ပွဲမှာလည်း ဂိုးသမားကျော်ဇင်ထက်ရဲ့ လက်စွမ်းကောင်းတွေကြောင့်သာ ပြိုင်ဘက်ကို ဂိုးမပေးခဲ့ရတာပါ။ အခု မလေးရှားနဲ့ပွဲမှာတော့ ဒီအရာကို အဓိကထားပြင်ဆင်သွားရမှာဖြစ်ပြီး ခံစစ်ပိုင်းဟာ ရှေ့(၃)ပွဲထက် ပိုမိုကျစ်လစ်နေဖို့လိုအပ်ပါတယ်။ မြန်မာအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ လက်ရှိအချိန်ထိ လိုအပ်ချက်တွေရှိနေသလို ပြီးခဲ့တဲ့ ဗီယက်နမ်ပွဲမှာ နန္ဒကျော်ဟာ ဘယ်ခြမ်းခံစစ်မှာ ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ သိန်းသန်းဝင်းဟာ လည်း ခြေစွမ်းပြနေတာကြောင့် နည်းပြ အန်တိုနီဟေး အနေနဲ့ ခေါင်းခဲစရာပါ။ သိန်းသန်းဝင်း ဟာ တိုက်စစ်လိုက်ပါမှုအားကောင်းပြီး ကြံခိုင်မှုကောင်းမွန်တဲ့ကစားသမားဖြစ်သလို တောင်ပံတိုက်စစ်ကနေ တောင်ပံခံစစ်ပြောင်းကစားတဲ့ ကစားသမားဖြစ်တာကြောင့် ဒီပွဲမှာ နန္ဒကျော်ကို ဘယ်ခြမ်းခံစစ်မှာထားပြီး သိန်းသန်းဝင်း ကို ဘယ်တောင်ပံတိုက်စစ်မှာထားကစားရင် မြန်မာအသင်းရဲ့ ဘယ်ခြမ်းပြဿနာဟာ အဆင်ပြေသွားဖို့ရှိနေပါတယ်။

Mg-Mg-Lwin-And-Aung-Thu

Mg-Mg-Lwin-And-Aung-Thu

အခုနောက်ပိုင်းတွေ့ဆုံမှုတွေမှာ မြန်မာအသင်းဟာ မလေးရှားကို အသာရထားပေမယ့် မလေးရှားမြေမှာ အနည်းငယ် ရုန်းကန်ရတတ်တဲ့ အခြေအနေတစ်ခုရှိနေပါတယ်။ ဒီအနေအထားကနေ မြန်မာအသင်းဟာ ဖောက်ထွက်ပြရမှာဖြစ်ပြီး မလေးရှားအသင်းကတော့ ဒီပွဲနိုင်ဖို့ နည်းမျိုးစုံးအသုံးပြုလာမှာပါ။ မြန်မာအသင်းအနေနဲ့ ပြိုင်ဘက်ရဲ့ ပရိတ်သတ်အားနဲ့ အိမ်ကွင်း အားသာချက်တို့ကို ရှိန်မနေ ရင်ဆိုင်သွားရမှာဖြစ်ပြီး အကောင်းဆုံးစိတ်ဓာတ်ခွန်အားတွေနဲ့ တုံ့ပြန်သွားရမှာပါ။ နှစ်သင်းလုံးဟာ ဆီမီးဖိုင်နယ်အတွက် အကောင်းဆုံးကြိုးစားလာကြမှာဖြစ်ပြီး ဂိုးများများနဲ့ သရေပွဲဖြစ်လာနိုင်ပါတယ်။

မလေးရှား – မြန်မာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Myanmar 1 – 0 Malaysia
Myanmar 1 – 0 Malaysia
Myanmar 0 – 0 Malaysia
Malaysia 0 – 0 Myanmar
Malaysia 2 – 0 Myanmar

Photo: Asean Football Federation , MFF Twiter
Ko Kyue(Akhayar)
www.akhayar.com