[Zawgyi]

ဆူဇူကီးဖလားျပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုး နည္းျပမ်ား

ဆူဇူကီးဖလားျပိဳင္ပြဲဟာ အေရွ႕ေတာင္အာရွရဲ႕ အျမင္႔ဆံုးျပိဳင္ပြဲတစ္ခုျဖစ္ျပီး ျပိဳင္ဆိုင္မႈျပင္းထန္တဲ႔ ျပိဳင္ပြဲလည္းျဖစ္ပါတယ္။ ဒီျပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းကေတာ႔ ထိုင္းအသင္းျဖစ္ျပီး ခ်န္ပီယံဆုကို(၅)ၾကိမ္အထိရရိွထားပါတယ္။ အခုဆိုရင္ ၂၀၁၈ ဆူဇူကီးဖလားျပိဳင္ပြဲဟာလည္း စတင္ေနျပီျဖစ္တာေၾကာင္႔ ဘယ္အသင္းဗိုလ္စြဲမလဲဆိုတာ စိတ္၀င္စားစရာပါ။ ဆူဇူကီးဖလားျပိဳင္ပြဲ သမိုင္းတစ္ေလွ်ာက္ ေအာင္ျမင္မႈမ်ားစြာရရိွခဲ႔တဲ႔ နည္းျပေတြရိွျပီး Akhayar Sports ပရိသတ္ေတြအတြက္ ဒီနည္းျပေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေအဗရာမိုဗစ္ Avramovic ( စင္ကာပူ )

Avramovic

Avramovic

ဆာဘီးယား၀ါရင္႔နည္းျပ ေအဗရာမိုဗစ္ Avramovic ဟာ စင္ကာပူအသင္းကို ဆူဇူကီးဖလားျပိဳင္ပြဲမွာ ခ်န္ပီယံဆုကို (၃)ၾကိမ္ထိရယူေပးခဲ႔ပါတယ္။ သူ႔ရဲ႕ လက္ထက္ စင္ကာပူအသင္းဟာ စင္ကာပူေဘာလံုးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုးအသင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ ေအဗရာမိုဗစ္ ဟာ စင္ကာပူအသင္းအတြက္ ဆူဇူကီးဖလားခ်န္ပီယံဆုကို၂၀၀၄/၂၀၀၅ ၊ ၂၀၀၆/၂၀၀၇ နဲ႔ ၂၀၁၂ ခုႏွစ္ေတြမွာ ရရိွေအာင္စြမ္းေဆာင္ေပးခဲ႔တာပဲျဖစ္ပါတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ႔ ေအဗရာမိုဗစ္ ဟာ ျမန္မာအသင္းကို ကိုယ္တြယ္ခဲ႔ျပီး ဖိလစ္ပိုင္ျငိမ္းခ်မ္းေရးဖလားကို ရယူေပးခဲ႔ပါတယ္။

ပီတာ၀စ္သ္ Peter Withe ( ထိုင္း )

Peter-Withe

Peter-Withe

အဂၤလန္နည္းျပ ပီတာ၀စ္သ္ Peter Withe ဟာလည္း ထိုင္းအသင္းကို ဆူဇူကီးဖလားျပိဳင္ပြဲမွာ ခ်န္ပီယံဆု(၂)ၾကိမ္ရယူေပးခဲ႔ပါတယ္။ ပီတာ၀စ္သ္ ဟာ ထိုင္းအသင္းကို ၂၀၀၀ နဲ႔ ၂၀၀၂ ခုႏွစ္ေတြမွာ ခ်န္ပီယံဆုကို ရရိွေအာင္စြမ္းေဆာင္ေပးခဲ႔တာပဲျဖစ္ပါတယ္။

ကိုင္တီဆတ္ Kiatisuk ( ထိုင္း )

Kiatisuk

Kiatisuk

ကစားသမားဘ၀မွာ ထိုင္းအသင္းရဲ႕ သူရဲေကာင္းျဖစ္ခဲ႔တဲ႔ ကိုင္တီဆတ္ Kiatisuk ဟာ နည္းျပဘ၀မွာလည္း ထိုင္းအသင္းရဲ႕ သူရဲေကာင္းထပ္ျဖစ္ခဲ႔ပါတယ္။ ယာယီနည္းျပကေန ထိုင္းအသင္းရဲ႕ နည္းျပျဖစ္လာတဲ႔ ကိုင္တီဆတ္ ဟာ ၂၀၀၂ ခုႏွစ္ေနာက္ပိုင္း အသင္းနဲ႔ေ၀းကြာေနတဲ႔ ဆူဇူကီးဖလားကို ၂၀၁၄ ခုႏွစ္မွာ ျပန္လည္ရယူေပးႏိုင္ခဲ႔ပါတယ္။ ကိုင္တီဆတ္ လက္ထက္မွာ ထိုင္းအသင္းဟာာ ဆူဇူကီးဖလားျပိဳင္ပြဲမွာ (၂)ၾကိမ္ခ်န္ပီယံျဖစ္ခဲ႔ျပီး ၂၀၁၄ နဲ႔ ၂၀၁၆ ခုႏွစ္ေတြမွာ ရရိွခဲ႔တာျဖစ္ပါတယ္။

Ref: Fox sports Asia
Photo: Fox sports Asia , The Straits Times , TODAYonline , AFF Suzuki Cup 2018
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြများ

ဆူဇူကီးဖလားပြိုင်ပွဲဟာ အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းကတော့ ထိုင်းအသင်းဖြစ်ပြီး ချန်ပီယံဆုကို(၅)ကြိမ်အထိရရှိထားပါတယ်။ အခုဆိုရင် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲဟာလည်း စတင်နေပြီဖြစ်တာကြောင့် ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆူဇူကီးဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် အောင်မြင်မှုများစွာရရှိခဲ့တဲ့ နည်းပြတွေရှိပြီး Akhayar Sports ပရိသတ်တွေအတွက် ဒီနည်းပြတွေကို ဖော်ပြပေးလိုက်ပါတယ်။

အေဗရာမိုဗစ် Avramovic ( စင်ကာပူ )

Avramovic

Avramovic

ဆာဘီးယားဝါရင့်နည်းပြ အေဗရာမိုဗစ် Avramovic ဟာ စင်ကာပူအသင်းကို ဆူဇူကီးဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို (၃)ကြိမ်ထိရယူပေးခဲ့ပါတယ်။ သူ့ရဲ့ လက်ထက် စင်ကာပူအသင်းဟာ စင်ကာပူဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းလို့တောင် ပြောလို့ရပါတယ်။ အေဗရာမိုဗစ် ဟာ စင်ကာပူအသင်းအတွက် ဆူဇူကီးဖလားချန်ပီယံဆုကို၂၀၀၄/၂၀၀၅ ၊ ၂၀၀၆/၂၀၀၇ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ရရှိအောင်စွမ်းဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အေဗရာမိုဗစ် ဟာ မြန်မာအသင်းကို ကိုယ်တွယ်ခဲ့ပြီး ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရယူပေးခဲ့ပါတယ်။

ပီတာဝစ်သ် Peter Withe ( ထိုင်း )

Peter-Withe

Peter-Withe

အင်္ဂလန်နည်းပြ ပီတာဝစ်သ် Peter Withe ဟာလည်း ထိုင်းအသင်းကို ဆူဇူကီးဖလားပြိုင်ပွဲမှာ ချန်ပီယံဆု(၂)ကြိမ်ရယူပေးခဲ့ပါတယ်။ ပီတာဝစ်သ် ဟာ ထိုင်းအသင်းကို ၂၀၀၀ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ချန်ပီယံဆုကို ရရှိအောင်စွမ်းဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ကိုင်တီဆတ် Kiatisuk ( ထိုင်း )

Kiatisuk

Kiatisuk

ကစားသမားဘဝမှာ ထိုင်းအသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ ကိုင်တီဆတ် Kiatisuk ဟာ နည်းပြဘဝမှာလည်း ထိုင်းအသင်းရဲ့ သူရဲကောင်းထပ်ဖြစ်ခဲ့ပါတယ်။ ယာယီနည်းပြကနေ ထိုင်းအသင်းရဲ့ နည်းပြဖြစ်လာတဲ့ ကိုင်တီဆတ် ဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အသင်းနဲ့ဝေးကွာနေတဲ့ ဆူဇူကီးဖလားကို ၂၀၁၄ ခုနှစ်မှာ ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။ ကိုင်တီဆတ် လက်ထက်မှာ ထိုင်းအသင်းဟာာ ဆူဇူကီးဖလားပြိုင်ပွဲမှာ (၂)ကြိမ်ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Fox sports Asia
Photo: Fox sports Asia , The Straits Times , TODAYonline , AFF Suzuki Cup 2018
Ko Kyue(Akhayar)
www.akhayar.com