[Zawgyi]

အိမ္ကြင္းမွာ မျဖစ္မေန ႏိုင္ပြဲရွာေဖြရမယ္႔ ျမန္မာ

ဒီေန႔ညေန (၆း၀၀) နာရီမွာေတာ႔ AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ ျမန္မာအသင္းနဲ႔ ကေမၻာဒီးယားအသင္းတို႔ရဲ႕ပြဲစဥ္ရိွေနပါတယ္။ ဒီပြဲကို မႏၱေလးၿမိဳ႕ မႏၱလာသီရိကြင္းမွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ျပီး ျမန္မာအသင္းရဲ႕ အဖြင္႔ပြဲစဥ္လည္းျဖစ္ေနတာေၾကာင္႔ စိတ္၀င္စားဖို႔အလြန္ေကာင္းေနပါတယ္။

ျမန္မာ – ကေမၻာဒီးယား ( တနလၤာ ညေန ၆း၀၀ နာရီ )

Myanmar

Myanmar

အဖြင္႔ပြဲစဥ္မွာ ျမန္မာအသင္းအေနနဲ႔ ရလဒ္ေကာင္းရဖို႔ဆိုတာ တကယ္႔ကိုအေရးၾကီးပါတယ္။ ျမန္မာအသင္းရဲ႕ လက္ရိွေျခစြမ္းကေတာ႔ ေျခစမ္းပြဲရလဒ္ေတြအရ ထင္သေလာက္မဟုတ္ေသးဘူးလို႔ပဲေျပာရမွာပါ။ ကေမၻာဒီးယားအသင္းကေတာ႔ တိုးတက္မႈေတြရိွလာတဲ႔အသင္းျဖစ္ျပီး အဖြင္႔ပြဲမွာ မေလးရွားကို ရံႈးနိမ္႔ခဲ႔တာေၾကာင္႔ ဒီပြဲမွာေတာ႔ ရမွတ္ရယူႏိုင္ဖို႔ ၾကိဳးစားလာပါလိမ္႔မယ္။ နည္းျပအန္တိုနီေဟး Antoine Hey လက္ထက္ ျမန္မာအသင္းဟာ ႏိုင္ပြဲေတြနဲ႔ ေ၀းေနေပမယ္႔ ကစားပံုတိုးတက္မႈေတြေတာ႔ ရိွေနပါတယ္။ ဒီႏွစ္သင္းမွာ ကေမၻာဒီးယားအသင္းဟာ တစ္ဆင္႔နိမ္႔တဲ႔အသင္းျဖစ္ျပီး ျမန္မာအသင္းဟာလည္း ႏိုင္ပြဲလိုအပ္ေနတဲ႔အျပင္ အားေပးပံုေကာင္းမြန္တဲ႔ ကိုယ္႔ပရိသတ္ေရွ႕ေမွာက္မွာ ကစားရမွာျဖစ္တာေၾကာင္႔ အေကာင္းဆံုးၾကိဳးစားလာမွာကေတာ႔ အေသအခ်ာပါပဲ။ ေအာင္သူ ၊ ေမာင္ေမာင္လြင္ တို႔ရဲ႕တြဲလံုးေတြကို အဓိကထား ေစာင္႔ၾကည္႔သြားရမွာျဖစ္ျပီး အဖြင္႔ပြဲမွာေတာ႔ ျမန္မာအသင္းအတြက္ အႏိုင္ရလဒ္ဟာ ေသခ်ာေနတဲ႔ အရာတစ္ခုပါ။

ျမန္မာ – ကေမၻာဒီးယား ထိပ္တိုက္ေတြ႕ဆံုမႈ ေနာက္ဆံုး(၅)ၾကိမ္

Cambodia 1 – 2 Myanmar
Cambodia 1 – 3 Myanmar
Cambodia 0 – 0 Myanmar
Cambodia 0 – 1 Myanmar
Myanmar 3 – 0 Cambodia

Photo: AFF Suzuki Cup 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ မဖြစ်မနေ နိုင်ပွဲရှာဖွေရမယ့် မြန်မာ

ဒီနေ့ညနေ (၆း၀၀) နာရီမှာတော့ AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ပွဲစဉ်ရှိနေပါတယ်။ ဒီပွဲကို မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး မြန်မာအသင်းရဲ့ အဖွင့်ပွဲစဉ်လည်းဖြစ်နေတာကြောင့် စိတ်ဝင်စားဖို့အလွန်ကောင်းနေပါတယ်။

မြန်မာ – ကမ္ဘောဒီးယား ( တနင်္လာ ညနေ ၆း၀၀ နာရီ )

Myanmar

Myanmar

အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ ရလဒ်ကောင်းရဖို့ဆိုတာ တကယ့်ကိုအရေးကြီးပါတယ်။ မြန်မာအသင်းရဲ့ လက်ရှိခြေစွမ်းကတော့ ခြေစမ်းပွဲရလဒ်တွေအရ ထင်သလောက်မဟုတ်သေးဘူးလို့ပဲပြောရမှာပါ။ ကမ္ဘောဒီးယားအသင်းကတော့ တိုးတက်မှုတွေရှိလာတဲ့အသင်းဖြစ်ပြီး အဖွင့်ပွဲမှာ မလေးရှားကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာတော့ ရမှတ်ရယူနိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ နည်းပြအန်တိုနီဟေး Antoine Hey လက်ထက် မြန်မာအသင်းဟာ နိုင်ပွဲတွေနဲ့ ဝေးနေပေမယ့် ကစားပုံတိုးတက်မှုတွေတော့ ရှိနေပါတယ်။ ဒီနှစ်သင်းမှာ ကမ္ဘောဒီးယားအသင်းဟာ တစ်ဆင့်နိမ့်တဲ့အသင်းဖြစ်ပြီး မြန်မာအသင်းဟာလည်း နိုင်ပွဲလိုအပ်နေတဲ့အပြင် အားပေးပုံကောင်းမွန်တဲ့ ကိုယ့်ပရိသတ်ရှေ့မှောက်မှာ ကစားရမှာဖြစ်တာကြောင့် အကောင်းဆုံးကြိုးစားလာမှာကတော့ အသေအချာပါပဲ။ အောင်သူ ၊ မောင်မောင်လွင် တို့ရဲ့တွဲလုံးတွေကို အဓိကထား စောင့်ကြည့်သွားရမှာဖြစ်ပြီး အဖွင့်ပွဲမှာတော့ မြန်မာအသင်းအတွက် အနိုင်ရလဒ်ဟာ သေချာနေတဲ့ အရာတစ်ခုပါ။

မြန်မာ – ကမ္ဘောဒီးယား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်

Cambodia 1 – 2 Myanmar
Cambodia 1 – 3 Myanmar
Cambodia 0 – 0 Myanmar
Cambodia 0 – 1 Myanmar
Myanmar 3 – 0 Cambodia

Photo: AFF Suzuki Cup 
Ko Kyue(Akhayar)
www.akhayar.com