ကုမၸဏီေတြကိုက်ိက်ိတက္ခ်မ္းသာေစခဲ႔တဲ႔ ကိုရီးယားအႏုပညာရွင္ ၆ ဦး

reebok-sohee
reebok-sohee

[ZawGyi]

ကုမၸဏီေတြကိုက်ိက်ိတက္ခ်မ္းသာေစခဲ႔တဲ႔ ကိုရီးယားအႏုပညာရွင္ ၆ ဦး

ကိုရီးယားအႏုပညာရွင္ေတြထဲမွာ ကိုယ္႔ရဲ႕ပရိသတ္အင္အားနဲ႔လႊမ္းမိုးႏိုင္မႈစြမ္းအားေၾကာင္႔ ကိုယ္႔ရဲ႕ေအဂ်င္စီနဲ႔ ကိုယ္ေၾကာ္ျငာတဲ႔ ထုတ္ကုန္ေတြကို ဝင္ေငြေတြအမ်ားၾကီးရွာေပးႏိုင္ခဲ႔တဲ႔ အႏုပညာရွင္ေတြရွိၾကပါတယ္။ ေၾကာ္ျငာဘုရင္မေတြလို႔ဆိုႏိုင္ျပီး ေၾကာ္ျငာေတြေၾကာင္႔ဝင္ေငြေသာက္ေသာက္လဲရသလို သူတို႔ေၾကာ္ျငာေပးတဲ႔ကုန္ပစၥည္းေတြကိုလည္း အင္မတန္အေရာင္းသြက္ေစခဲ႔တဲ႔ ကိုရီးယားအႏုပညာရွင္ေတြကို ေရြးထုတ္ေဖာ္ျပရရင္ေတာ႔…

ဂ်န္ဂ်ီဟြန္း

jun hi hyun and Yves Saint Laurent
jun hi hyun and Yves Saint Laurent

အာရွတိုက္ရဲ႕အလွဆံုးအမ်ိဳးသမီးျဖစ္သလို ကိုရီးယားအႏုပညာေလာကမွာ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ႔ ဂ်န္ဂ်ီဟြန္းက ဝင္ေငြအရမ္းေကာင္းတဲ႔မင္းသမီးပါ။ အလွကုန္ထုတ္လုပ္တဲ႔ ကုမၸဏီတစ္ခုကေန အေမရိကန္ေဒၚလာ ၉ သန္းေၾကာ္ျငာခရခဲ႔သူျဖစ္ပါတယ္။ သူမေၾကာ္ျငာတဲ႔ Hera Cosmetic ၊ Yves Saint Laurent ႏႈတ္ခမ္းနီကလည္းေၾကာ္ျငာျပီးသိပ္မၾကာခင္ ပစၥည္းျပတ္လတ္တဲ႔အထိေရာင္းအားေကာင္းခဲ႔တယ္လို႔ ေျပာစမွတ္ရွိခဲ႔ပါတယ္။ တစ္ခါကသူမဆိုးထားတဲ႔ႏႈတ္ခမ္းနီအေရာင္ကို Yves Saint Laurent အမွတ္နဲ႔ဝယ္ဆုိးခဲ႔ၾကေပမယ္႔ သူမတကယ္သံုးတာက IOPE တံဆိပ္မို႔ အျငင္းပြားစရာေတာ႔ျဖစ္ခဲ႔ဖူးပါတယ္။ ဂ်န္ဂ်ီဟြန္းကေတာ႔ တကယ္ကိုအလွကုန္အေရာင္းေတာ္တဲ႔မင္းသမီးတစ္လက္လို႔ဆိုရမွာပါ။ ရုပ္ရွင္နဲ႔ဇာတ္လမ္းတြဲေတြမွာ သဘာဝက်က်လွေနတဲ႔သူမရဲ႕ပံုရိပ္ေတြကိုၾကည္႔ျပီးေကာင္မေလးေတြက သူမဘာသံုးလဲဆိုတာစိတ္ဝင္တစားရွိၾကျပီး လိုက္ဝယ္သံုးေအာင္ဆြဲေဆာင္ႏိုင္သူပါ။

jeon-ji-hyun-iope

ဆူဇီ

suzy-miss-A
suzy-miss-A

Miss A ကဆူဇီကိုလည္း ေၾကာ္ျငာဘုရင္မအျဖစ္လူသိမ်ားၾကပါတယ္။ Miss A အေနနဲ႔ သီခ်င္းဆိုတာ၊ ဇာတ္ကားရိုက္တာေတြထက္ ေၾကာ္ျငာေတြကေနေငြဝင္တာျဖစ္ပါတယ္။ Beanpole နဲ႔ Kakao Talk တို႔ပူးေပါင္းျပီးထုတ္တဲ႔ Beanpole အိတ္ေတြကို သူမကိုယ္တိုင္ဒီဇိုင္းဆြဲထုတ္လုပ္ခဲ႔တာျဖစ္ျပီး ဆိုင္မွာတင္ျပီးခ်က္ခ်င္းဆိုသလိုေရာင္းထြက္တဲ႔အျပင္ ဆယ္ၾကိမ္တိတိျပန္ထုတ္လုပ္ခဲ႔ရတယ္လုိ႔ သိရပါတယ္။ သူမက Beanpole ရဲ႕ဝင္ေငြကို ၄၀၀% ျမင္႔တက္ေစခဲ႔တာျဖစ္ပါတယ္။

 ဆိုဟီး

reebok-sohee
reebok-sohee

Reebok အေနနဲ႔ဒီခ်စ္စရာေကာင္မေလးကို တစ္သက္လံုးေက်းဇူးတင္ေနရမွာပါ။ Reebok ကိုသူမေၾကာ္ျငာေပးျပီးေနာက္ပိုင္း ကုမၸဏီကို အျမတ္ေငြကို ၂၀၀% တက္ေစခဲ႔ပါတယ္။ Reebok ထုတ္ကုန္ေတြကိုဝတ္ဆင္ထားတဲ႔ သူမရဲ႕ပံုရိပ္ေတြ အင္တာနက္နဲ႔ တီဗီမွာပ် ံ႔ႏွ႔ံျပီးေနာက္ပိုင္း ဒီထုတ္ကုန္ေတြဟာ ကိုရီးယားတစ္ႏိုင္ငံလံုးမွာ ေရာင္းအားတက္ခဲ႔ပါတယ္။

ကိုဆုိေယာင္း

ko-so-young-in-iope
ko-so-young-in-iope

မင္းသမီးၾကီး ကိုဆုိေယာင္းကလည္း IOPE Brand ကေန ႏွစ္လအတြင္း အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ဝင္ေငြရခဲ႔တာပါ။ ဒီအလွကုန္ကို သူမေၾကာ္ျငာကတည္းက အခု ၈ ေသာင္းေက်ာ္ Pre-orders ရခဲ႔ျပီး အေတာ္ေလးေရာင္းစြံခဲ႔တယ္လုိ႔သိရပါတယ္။ ဂ်န္ေဒါင္ဂန္(ဒါရိုက္တာရင္) ကိုေတာင္အပိုင္သိမ္းႏိုင္ခဲ႔တဲ႔ အလွပိုင္ရွင္လည္းျဖစ္ပါေသးတယ္ေနာ္။

ko-so-young-and-jang-doung-gan

ယြန္းနာ႔

YoonA-for-Innisfree

ယြန္းနာ႔ကေတာ႔ SM Entertainment ရဲ႕ဘဏ္တိုက္ၾကီးပါ။ ေအဂ်င္စီအတြက္သူမရွာေပးတဲ႔ေငြကလည္း မနည္းမေနာပါပဲ။ Innisfree Brand အတြက္လည္း ဝင္ေငြတိုးေအာင္ဖန္တီးေပးခဲ႔သူျဖစ္ပါတယ္။ Innisfree Brand  ရဲ႕ ပင္တုိင္ေမာ္ဒယ္လ္အျဖစ္ ၉ ႏွစ္ၾကာေအာင္ ရပ္တည္ခဲ႔သူျဖစ္ပါတယ္။

ဆန္နာအြန္

naeun-adidas
naeun-adidas

Adidas Korea ရဲ႕တရားဝင္ေမာ္ဒယ္လ္ျဖစ္တဲ႔ သူမက Adidas ရဲ႕ Leggings ေတြကို အေရာင္းသြက္ေအာင္လုပ္ေပးႏိုင္သူပါ။ Adidas ကိုသူမေၾကာ္ျငာေပးျပီးေနာက္ပိုင္း တစ္ခဏအတြင္း Leggings ေတြအကုန္ေရာင္းထြက္သြားခဲ႔တာပါတဲ႔။ ဒီအားကစားေဘာင္းဘီဝတ္ထားတဲ႔သူမပံုရိပ္ေတြကလည္း အေတာ္ေလးေပၚျပဴလာျဖစ္ခဲ႔တာေတြ႔ရပါတယ္။

သူတုိ႔ေလာက္ေငြရွာေတာ္ရင္ေတာ႔ တစ္သက္လံုးသာသာယာယာပဲေပါ႔ေနာ္။

www.akhayar.com

[Unicode]

ကုမ္ပဏီတွေကိုကျိကျိတက်ချမ်းသာစေခဲ့တဲ့ ကိုရီးယားအနုပညာရှင် ၆ ဦး

ကိုရီးယားအနုပညာရှင်တွေထဲမှာ ကိုယ့်ရဲ့ပရိသတ်အင်အားနဲ့လွှမ်းမိုးနိုင်မှုစွမ်းအားကြောင့် ကိုယ့်ရဲ့အေဂျင်စီနဲ့ ကိုယ်ကြော်ငြာတဲ့ ထုတ်ကုန်တွေကို ဝင်ငွေတွေအများကြီးရှာပေးနိုင်ခဲ့တဲ့ အနုပညာရှင်တွေရှိကြပါတယ်။ ကြော်ငြာဘုရင်မတွေလို့ဆိုနိုင်ပြီး ကြော်ငြာတွေကြောင့်ဝင်ငွေသောက်သောက်လဲရသလို သူတို့ကြော်ငြာပေးတဲ့ကုန်ပစ္စည်းတွေကိုလည်း အင်မတန်အရောင်းသွက်စေခဲ့တဲ့ ကိုရီးယားအနုပညာရှင်တွေကို ရွေးထုတ်ဖော်ပြရရင်တော့…

ဂျန်ဂျီဟွန်း

အာရှတိုက်ရဲ့အလှဆုံးအမျိုးသမီးဖြစ်သလို ကိုရီးယားအနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဂျန်ဂျီဟွန်းက ဝင်ငွေအရမ်းကောင်းတဲ့မင်းသမီးပါ။ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုကနေ အမေရိကန်ဒေါ်လာ ၉ သန်းကြော်ငြာခရခဲ့သူဖြစ်ပါတယ်။ သူမကြော်ငြာတဲ့ Hera Cosmetic ၊ Yves Saint Laurent နှုတ်ခမ်းနီကလည်းကြော်ငြာပြီးသိပ်မကြာခင် ပစ္စည်းပြတ်လတ်တဲ့အထိရောင်းအားကောင်းခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ တစ်ခါကသူမဆိုးထားတဲ့နှုတ်ခမ်းနီအရောင်ကို Yves Saint Laurent အမှတ်နဲ့ဝယ်ဆိုးခဲ့ကြပေမယ့် သူမတကယ်သုံးတာက IOPE တံဆိပ်မို့ အငြင်းပွားစရာတော့ဖြစ်ခဲ့ဖူးပါတယ်။ ဂျန်ဂျီဟွန်းကတော့ တကယ်ကိုအလှကုန်အရောင်းတော်တဲ့မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျလှနေတဲ့သူမရဲ့ပုံရိပ်တွေကိုကြည့်ပြီးကောင်မလေးတွေက သူမဘာသုံးလဲဆိုတာစိတ်ဝင်တစားရှိကြပြီး လိုက်ဝယ်သုံးအောင်ဆွဲဆောင်နိုင်သူပါ။

ဆူဇီ

Miss A ကဆူဇီကိုလည်း ကြော်ငြာဘုရင်မအဖြစ်လူသိများကြပါတယ်။ Miss A အနေနဲ့ သီချင်းဆိုတာ၊ ဇာတ်ကားရိုက်တာတွေထက် ကြော်ငြာတွေကနေငွေဝင်တာဖြစ်ပါတယ်။ Beanpole နဲ့ Kakao Talk တို့ပူးပေါင်းပြီးထုတ်တဲ့ Beanpole အိတ်တွေကို သူမကိုယ်တိုင်ဒီဇိုင်းဆွဲထုတ်လုပ်ခဲ့တာဖြစ်ပြီး ဆိုင်မှာတင်ပြီးချက်ချင်းဆိုသလိုရောင်းထွက်တဲ့အပြင် ဆယ်ကြိမ်တိတိပြန်ထုတ်လုပ်ခဲ့ရတယ်လို့ သိရပါတယ်။ သူမက Beanpole ရဲ့ဝင်ငွေကို ၄၀၀% မြင့်တက်စေခဲ့တာဖြစ်ပါတယ်။

 ဆိုဟီး

Reebok အနေနဲ့ဒီချစ်စရာကောင်မလေးကို တစ်သက်လုံးကျေးဇူးတင်နေရမှာပါ။ Reebok ကိုသူမကြော်ငြာပေးပြီးနောက်ပိုင်း ကုမ္ပဏီကို အမြတ်ငွေကို ၂၀၀% တက်စေခဲ့ပါတယ်။ Reebok ထုတ်ကုန်တွေကိုဝတ်ဆင်ထားတဲ့ သူမရဲ့ပုံရိပ်တွေ အင်တာနက်နဲ့ တီဗီမှာပျ ံ့နှံ့ပြီးနောက်ပိုင်း ဒီထုတ်ကုန်တွေဟာ ကိုရီးယားတစ်နိုင်ငံလုံးမှာ ရောင်းအားတက်ခဲ့ပါတယ်။

ကိုဆိုယောင်း

မင်းသမီးကြီး ကိုဆိုယောင်းကလည်း IOPE Brand ကနေ နှစ်လအတွင်း အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဝင်ငွေရခဲ့တာပါ။ ဒီအလှကုန်ကို သူမကြော်ငြာကတည်းက အခု ၈ သောင်းကျော် Pre-orders ရခဲ့ပြီး အတော်လေးရောင်းစွံခဲ့တယ်လို့သိရပါတယ်။ ဂျန်ဒေါင်ဂန်(ဒါရိုက်တာရင်) ကိုတောင်အပိုင်သိမ်းနိုင်ခဲ့တဲ့ အလှပိုင်ရှင်လည်းဖြစ်ပါသေးတယ်နော်။

ယွန်းနာ့

ယွန်းနာ့ကတော့ SM Entertainment ရဲ့ဘဏ်တိုက်ကြီးပါ။ အေဂျင်စီအတွက်သူမရှာပေးတဲ့ငွေကလည်း မနည်းမနောပါပဲ။ Innisfree Brand အတွက်လည်း ဝင်ငွေတိုးအောင်ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ Innisfree Brand  ရဲ့ ပင်တိုင်မော်ဒယ်လ်အဖြစ် ၉ နှစ်ကြာအောင် ရပ်တည်ခဲ့သူဖြစ်ပါတယ်။

ဆန်နာအွန်

Adidas Korea ရဲ့တရားဝင်မော်ဒယ်လ်ဖြစ်တဲ့ သူမက Adidas ရဲ့ Leggings တွေကို အရောင်းသွက်အောင်လုပ်ပေးနိုင်သူပါ။ Adidas ကိုသူမကြော်ငြာပေးပြီးနောက်ပိုင်း တစ်ခဏအတွင်း Leggings တွေအကုန်ရောင်းထွက်သွားခဲ့တာပါတဲ့။ ဒီအားကစားဘောင်းဘီဝတ်ထားတဲ့သူမပုံရိပ်တွေကလည်း အတော်လေးပေါ်ပြူလာဖြစ်ခဲ့တာတွေ့ရပါတယ်။

သူတို့လောက်ငွေရှာတော်ရင်တော့ တစ်သက်လုံးသာသာယာယာပဲပေါ့နော်။

www.akhayar.com