[Zawgyi]

ေႏြပူပူ ရင္ပူပူူမွာ က်န္းမာေရးအက်ိဳးမ်ားတဲ့ အုန္းစိမ္းရည္ေအးေအးေသာက္ၾကမယ္…

အပူပုိင္းေဒသရာသီဥတုပတ္ဝန္းက်င္ရွိတဲ့ ႏုိင္ငံေတြမွာဆုိရင္ေတာ့ အုန္းပင္ေတြ အမ်ားအျပားေပါက္ေရာက္ေလ့ရွိပါတယ္။ အုန္းပင္ေတြ ေပါက္ေရာက္တယ္ဆုိရင္ပဲ အုန္းပင္ေတြကေန စားသံုးလုိ႔ရမယ့္ အစားအေသာက္ေတြက လူေတြအတြက္လည္း က်န္းမာေရးအက်ိဳးရလာဒ္ေကာင္းမ်ားစြာ ရွိေနပါတယ္။ ၁၂ ရာသီတုိင္း အုန္းသီး သီးလုိ႔ အုန္းရည္နဲ႔ အုန္းသီးကုိ စားသံုးႏုိင္ပါတယ္။ ဒီေတာ့ အုန္းသီးစိမ္းနဲ႔ အုန္းရည္ေသာက္သံုးျခင္းကေန ရရွိလာမယ့္ က်န္းမာေရးအက်ိဳးရလာဒ္ေကာင္းေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္…

သဘာဝကဖန္တီးေပးလုိက္တဲ့ သဘာဝသီးႏွံျဖစ္လုိ႔ ကယ္လုိရီနည္းပါးၿပီး သန္႔ရွင္းလတ္ဆတ္ကာ အရသာလည္း အလြန္ထူးျခားေကာင္းမြန္ပါတယ္။ အုန္းစိမ္းရည္မွာဆုိရင္ က်န္းမာေရးအက်ိဳးျပဳျမင့္မားတဲ့ ဓာတ္သတၱဳေတြ ပါဝင္ပါတယ္။ ဒီလုိက်န္းမာေရးအက်ိဳးျပဳ သဘာဝအုန္းရည္မွာဆုိရင္ ဗုိက္တာမင္စီ၊ အင္ဒီေအာက္ဆီဒင့္၊ အမုိင္ႏုိအက္စ္ဆစ္၊ အန္ဇုိင္း၊ ဘီကြန္းပလက္စ္ ဗုိက္တာမင္၊ သက္ေစာင့္ဓာတ္ေတြျဖစ္ၾကတဲ့ ဇင့္၊ မဂၢနီဆီယမ္၊ အုိင္ယြန္း၊ ကယ္လီဆီယမ္နဲ႔ မဂၢနီဆီယမ္ အစရွိသျဖင့္ ဓာတ္ေတြလည္း ပါဝင္ပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ ခႏၶာကုိယ္အတြက္ လႈံ႕ေဆာ္မႈစနစ္ စုိင္တုိကင္းလုိ႔ေခၚတဲ့ အပင္ေဟာ္မုန္းဓာတ္က ကင္ဆာဆဲလ္ေတြကုိ ကာကြယ္ေပးၿပီးေတာ့ အသက္အရြယ္အရ အုိမင္းရင့္ေရာ္မႈကုိလည္း တားဆီးထိန္းသိမ္းေပးႏုိင္ပါတယ္။ ေနာက္ၿပီး အုန္းစိမ္းရည္ေသာက္သံုးျခင္းကေန ဦးေခါင္းကိုက္ခဲမႈေဝဒနာကုိ သက္သာေစႏုိင္ျခင္း၊ ေရဓာတ္ခမ္းေျခာက္မႈေၾကာင့္ ေခါင္းကိုက္ျခင္းေဝဒနာကုိ ခံစားရတဲ့အခါ လုိအပ္တဲ့ ေရဓာတ္နဲ႔ အီလက္ထရုိလုိက္၊ ဟုိက္ဒရုိတ္ဓာတ္ေတြကဲ့သို႔ေသာ္ ဓာတ္ေတြပါရွိလို႔ အုန္းရည္ေသာက္ျခင္းျဖင္႔ ခႏၶာကုိယ္မွာလိုအပ္တဲ့ဓာတ္ေတြ ျပန္လည္ျဖည့္တင္းေပးႏုိင္ပါတယ္။

ေသြးတြင္းက သၾကားဓာတ္ကုိ မွ်တေစပါတယ္။ အမုိင္ႏုိအက္စစ္ဓာတ္နဲ႔ ဖုိက္ဘာအမွ်င္ဓာတ္ေတြဟာ ေသြးအတြင္း သၾကားဓာတ္နဲ႔ အင္ဆူလင္ကုိ ေထာက္ပံ့ေပးပါတယ္။ ဒါဟာ အခ်ိဳဓာတ္မ်ားျခင္းကေန ျဖစ္လာမယ့္ အဝလြန္ျခင္းနဲ႔ အျခားေသာ ဆီးခ်ိဳ၊ ေသြးခ်ိဳေရာဂါေတြ ျဖစ္ပြားျခင္းကုိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ ေသြးေပါင္ခ်ိန္ကုိလည္း ပံုမွန္ျဖစ္ေစႏုိင္ပါတယ္။ ခႏၶာကိုယ္မွာလုိအပ္တဲ့ ေရဓာတ္ပမာဏကုိလည္း ျဖည့္သြင္းေပးႏုိင္ၿပီးေတာ့ ႏွလံုးက်န္းမာေရးအတြက္လည္း ေထာက္ကူေပးႏုိင္တဲ့ ဂုဏ္သတၱိေတြက အုန္းရည္မွာရွိေနတယ္လုိ႔ သိရပါတယ္။ ေနာက္ၿပီး ကုိယ္အေလးခ်ိန္ကုိလည္း ေလွ်ာ့ခ်ေပးႏုိင္ပါေသးတယ္။ ကယ္လုိရီပမာဏနည္းပါးစြာပါဝင္လုိ႔ ဝမွာကုိ စိတ္မပူရတဲ့အျပင္ အစာေခ်လမ္းေၾကာငး္စနစ္ကုိလည္း ေကာင္းမြန္ေစပါတယ္။ ေရငတ္ေျပလုိ႔ အခုလုိေႏြရာသီမွာဆုိရင္ေတာ့ အုန္းစိမ္းရည္ဟာ ေသာက္လုိ႔အသင့္ေတာ္ဆံုးနဲ႔ အေကာင္းဆံုးပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နွေပူပူ ရင်ပူပူူမှာ ကျန်းမာရေးအကျိုးများတဲ့ အုန်းစိမ်းရည်အေးအေးသောက်ကြမယ်…

အပူပိုင်းဒေသရာသီဥတုပတ်ဝန်းကျင်ရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ အုန်းပင်တွေ အများအပြားပေါက်ရောက်လေ့ရှိပါတယ်။ အုန်းပင်တွေ ပေါက်ရောက်တယ်ဆိုရင်ပဲ အုန်းပင်တွေကနေ စားသုံးလို့ရမယ့် အစားအသောက်တွေက လူတွေအတွက်လည်း ကျန်းမာရေးအကျိုးရလာဒ်ကောင်းများစွာ ရှိနေပါတယ်။ ၁၂ ရာသီတိုင်း အုန်းသီး သီးလို့ အုန်းရည်နဲ့ အုန်းသီးကို စားသုံးနိုင်ပါတယ်။ ဒီတော့ အုန်းသီးစိမ်းနဲ့ အုန်းရည်သောက်သုံးခြင်းကနေ ရရှိလာမယ့် ကျန်းမာရေးအကျိုးရလာဒ်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်…

သဘာဝကဖန်တီးပေးလိုက်တဲ့ သဘာဝသီးနှံဖြစ်လို့ ကယ်လိုရီနည်းပါးပြီး သန့်ရှင်းလတ်ဆတ်ကာ အရသာလည်း အလွန်ထူးခြားကောင်းမွန်ပါတယ်။ အုန်းစိမ်းရည်မှာဆိုရင် ကျန်းမာရေးအကျိုးပြုမြင့်မားတဲ့ ဓာတ်သတ္တုတွေ ပါဝင်ပါတယ်။ ဒီလိုကျန်းမာရေးအကျိုးပြု သဘာဝအုန်းရည်မှာဆိုရင် ဗိုက်တာမင်စီ၊ အင်ဒီအောက်ဆီဒင့်၊ အမိုင်နိုအက်စ်ဆစ်၊ အန်ဇိုင်း၊ ဘီကွန်းပလက်စ် ဗိုက်တာမင်၊ သက်စောင့်ဓာတ်တွေဖြစ်ကြတဲ့ ဇင့်၊ မဂ္ဂနီဆီယမ်၊ အိုင်ယွန်း၊ ကယ်လီဆီယမ်နဲ့ မဂ္ဂနီဆီယမ် အစရှိသဖြင့် ဓာတ်တွေလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့်မို့လို့ ခန္ဓာကိုယ်အတွက် လှုံ့ဆော်မှုစနစ် စိုင်တိုကင်းလို့ခေါ်တဲ့ အပင်ဟော်မုန်းဓာတ်က ကင်ဆာဆဲလ်တွေကို ကာကွယ်ပေးပြီးတော့ အသက်အရွယ်အရ အိုမင်းရင့်ရော်မှုကိုလည်း တားဆီးထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်ပြီး အုန်းစိမ်းရည်သောက်သုံးခြင်းကနေ ဦးခေါင်းကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ခြင်း၊ ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတဲ့အခါ လိုအပ်တဲ့ ရေဓာတ်နဲ့ အီလက်ထရိုလိုက်၊ ဟိုက်ဒရိုတ်ဓာတ်တွေကဲ့သို့သော် ဓာတ်တွေပါရှိလို့ အုန်းရည်သောက်ခြင်းဖြင့် ခန္ဓာကိုယ်မှာလိုအပ်တဲ့ဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

သွေးတွင်းက သကြားဓာတ်ကို မျှတစေပါတယ်။ အမိုင်နိုအက်စစ်ဓာတ်နဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေဟာ သွေးအတွင်း သကြားဓာတ်နဲ့ အင်ဆူလင်ကို ထောက်ပံ့ပေးပါတယ်။ ဒါဟာ အချိုဓာတ်များခြင်းကနေ ဖြစ်လာမယ့် အဝလွန်ခြင်းနဲ့ အခြားသော ဆီးချို၊ သွေးချိုရောဂါတွေ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ပုံမှန်ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ပမာဏကိုလည်း ဖြည့်သွင်းပေးနိုင်ပြီးတော့ နှလုံးကျန်းမာရေးအတွက်လည်း ထောက်ကူပေးနိုင်တဲ့ ဂုဏ်သတ္တိတွေက အုန်းရည်မှာရှိနေတယ်လို့ သိရပါတယ်။ နောက်ပြီး ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ ကယ်လိုရီပမာဏနည်းပါးစွာပါဝင်လို့ ဝမှာကို စိတ်မပူရတဲ့အပြင် အစာချေလမ်းကြောင်းစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ရေငတ်ပြေလို့ အခုလိုနွေရာသီမှာဆိုရင်တော့ အုန်းစိမ်းရည်ဟာ သောက်လို့အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။