[Zawgyi]

အရက္ေက်းကၽြန္ျဖစ္ခဲ့ၿပီး ဇာတ္သိမ္းမလွခဲ့သူ အက္ဒရီယာႏုိ Adriano ရဲ႕ ဖြင့္ဟ၀န္ခံခ်က္

အင္တာမီလန္နဲ႔ ဘရာဇီးလ္ နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း အက္ဒရီယာႏုိ Adriano ဆုိတဲ့ အမည္ကုိ ပရိသတ္ေတြ မွတ္မိေနဦးမယ္ ထင္ပါတယ္။ အင္တာမီလန္အသငး္ ဂုိးသြင္းစက္ျဖစ္ခဲ့ဖူးသူ၊ ဘရာဇီးလ္ ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ေတြကုိ ဆုပ္ကုိင္ခဲ့ဖူးသူ အက္ဒရီယာႏုိရဲ႕ ေဘာလုံးသမားဘ၀ ဇာတ္သိမ္းက မလွပခဲ့တာကုိလည္း ပရိသတ္ေတြ သိၿပီးသားျဖစ္မွာပါ။ အင္တာမီလန္အသင္းနဲ႔အတူ စီးရီးေအ၊ ကုိပါအီတာလီယာ ဖလားေတြ ရယူခဲ့ၿပီး ကမၻာ႔အေကာင္းဆုံးတိုက္စစ္မွဴး စာရင္း၀င္ျဖစ္ခဲ့ဖူးတဲ့ အက္ဒရီယာႏုိ ဘာေၾကာင့္မ်ား ဇာတ္သိမ္း မလွျဖစ္ခဲ့တာလဲ . .

Adriano-was-prolific-on-the-pitch-but-admits-he-turned-to-alcohol-following-death-of-his-father

Adriano-was-prolific-on-the-pitch-but-admits-he-turned-to-alcohol-following-death-of-his-father

အဲဒီအေၾကာင္းကုိ ဘရာဇီးလ္႐ုပ္သံ R7 နဲ႔ေတြ႕ဆုံခန္းမွာ အက္ဒရီယာႏုိက အခုလုိပဲ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္ခဲ့တယ္။ “ကၽြန္ေတာ္ ဘယ္ေလာက္အထိ ခံစားခဲ့ရလဲဆုိတာ ကုိယ္တိုင္ပဲ အသိဆုံးပါ။ ကၽြန္ေတာ့္ အေဖ ကြယ္လြန္ခဲ့ၿပီးတဲ့ေနာက္ ကၽြန္ေတာ္ အရမ္းအထီးက်န္ခဲ့ရတယ္။ အီတလီမွာ ကၽြန္ေတာ္က ၀မ္းနည္းပူေဆြးမႈေတြနဲ႔ တစ္ေယာက္တည္း အထီးက်န္ဆန္ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ ကၽြန္ေတာ္ အရက္ စေသာက္ေတာ့တာပါပဲ။ ေသာက္ေနတဲ့အခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕ စိတ္ညစ္မႈေတြကုိ ခဏေမ့ေဖ်ာက္လုိ႔ရၿပီး ကုိယ္ပုိင္ကမၻာတစ္ခုမွာ ေနရသလုိ ခံစားမိတယ္။ ေန႔တိုင္းေသာက္တယ္၊ ေဘးနားမွာ၀ုိင္၊ ၀ီစကီ၊ ေဗာ့ဒ္ကာ၊ ဘီယာ ဘာပဲရွိရွိ အကုန္ေသာက္တာပဲ။

Adriano-Drinking-Beer

Adriano-Drinking-Beer

ဘီယာေတြလည္း အမ်ားႀကီးေသာက္ျဖစ္တယ္။ အရက္ကုိ မျဖတ္ႏုိင္ေတာ့တဲ့အခ်ိန္မွာေတာ့ အင္တာမီလန္နဲ႔ ကၽြန္ေတာ္ လမ္းခဲြခဲ့ရေတာ့တာပါပဲ”လု႔ိ အက္ဒရီယာႏုိက အတိတ္က အမွားေတြကုိ ေနာင္တရေနတဲ့ေလသံနဲ႔ ေျပာၾကားခဲ့တယ္။ အင္တာမီလန္အသင္းဟာ အက္ဒရီယာႏုိရဲ႕ အမွားေတြကုိ တတ္ႏုိင္သေလာက္ ကာကြယ္ခဲ့ေပမဲ့ ဘယ္လုိမွ မတတ္ႏုိင္တဲ့ အဆုံးမွာေတာ့ အက္ဒရီယာႏုိနဲ႔ လမ္းခဲြဖုိ႔ ဆုံးျဖတ္ခဲ့ရတယ္။

Adriano-

Adriano-

အက္ဒရီယာႏုိက “အင္တာမီလန္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကုိ ကၽြန္ေတာ္ မူးမူး႐ူး႐ူးနဲ႔ ေရာက္လာခဲ့တယ္။ ဘယ္ေလာက္ပဲ မူးမူး အသငး္ေလ့က်င့္ခန္းအစီအစဥ္ကုိေတာ့ မပ်က္မကြက္ ေရာက္ေအာင္ လာခဲ့တာခ်ည္းပဲ။ အဲဒီအခ်ိန္က်ရင္ အသင္းေဆးအဖဲြ႕၀င္ေတြက ကၽြန္ေတာ့္ကုိ လူနာခန္းထဲကုိ ေခၚၿပီး အိပ္ခုိငး္ခဲ့တယ္။ အင္တာမီလန္အသင္းကလည္း ကၽြန္ေတာ့္မွာ ၾကြက္သားဒဏ္ရာရွိေနလုိ႔ဆုိၿပီး သတင္းစာရွင္းပဲြမွာ ကာကြယ္ေပးခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ကၽြန္ေတာ္ နားလည္လာတာက ကၽြန္ေတာ့္ေဘးနားမွာရွိတဲ့ သူငယ္ခ်င္းအေပါင္းေတြဟာ သူငယ္ခ်င္းေကာင္းေတြ မဟုတ္ဘူးဆုိတာပါ။ သူတို႔က ဘာမွ မလုပ္ဘူး၊ ကၽြန္ေတာ့္ကုိ ပါတီေတြေခၚ၊ မိန္းမေတြနဲ႔ ေပးေတြ႕၊ အရက္ေတြတိုက္ၾကတယ္။ အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္အတြက္ အနာဂတ္ဆုိတာလည္း မရွိဘူး။ ဘရာဇီးလ္ကုိ ျပန္တဲ့အခ်ိန္မွာ ၀င္ေငြ အမ်ားႀကီး ေလွ်ာ႔နည္းခဲ့တယ္။ ဒါေပမဲ့ ေပ်ာ္ရႊင္မႈကုိေတာ့ ကၽြန္ေတာ္ ျပန္ရခဲ့ပါတယ္”လုိ႔ ဆုိခဲ့ပါတယ္။ ဒါကေတာ့ ေဘာလုံးေလာကမွာ အခ်ိန္မတန္ဘဲ ေန၀င္ခဲ့ရတဲ့ ကစားသမားတစ္ဦးရဲ႕ ဖြင့္ဟ၀န္ခံခ်က္ပါပဲ။ အက္ဒရီယာႏုိလုိ မျဖစ္ေအာင္ တျခားတျခားေသာ ေဘာလုံးသမားေတြအေနနဲ႔ သူ႔ကုိ သင္ခန္းစာယူဖုိ႔ တိုက္တြန္းရင္း . . .

Adriano-Career-statistics

Adriano-Career-statistics

အက္ဒရီယာႏုိရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Flamengo
Copa dos Campeões: 2001
Campeonato Brasileiro Série A: 2009

Inter Milan
Italian Serie A: 2005–06, 2006–07, 2007–08, 2008–09
Coppa Italia: 2004–05, 2005–06
Supercoppa Italiana: 2005, 2006, 2008

Corinthians
Campeonato Brasileiro Série A: 2011

Brazil
Copa América: 2004
FIFA Confederations Cup: 2005

Brazil Youth
FIFA U-17 World Cup: 1999
South American Youth Championship: 2001

REF:Daily Mail
Photo:Getty Images,Inter.it,performgroup
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အရက်ကျေးကျွန်ဖြစ်ခဲ့ပြီး ဇာတ်သိမ်းမလှခဲ့သူ အက်ဒရီယာနို Adriano ရဲ့ ဖွင့်ဟဝန်ခံချက်

အင်တာမီလန်နဲ့ ဘရာဇီးလ် နာမည်ကျော်တိုက်စစ်မှူးဟောင်း အက်ဒရီယာနို Adriano ဆိုတဲ့ အမည်ကို ပရိသတ်တွေ မှတ်မိနေဦးမယ် ထင်ပါတယ်။ အင်တာမီလန်အသင်း ဂိုးသွင်းစက်ဖြစ်ခဲ့ဖူးသူ၊ ဘရာဇီးလ် ပရိသတ်တွေ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ခဲ့ဖူးသူ အက်ဒရီယာနိုရဲ့ ဘောလုံးသမားဘ၀ ဇာတ်သိမ်းက မလှပခဲ့တာကိုလည်း ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေ၊ ကိုပါအီတာလီယာ ဖလားတွေ ရယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး စာရင်းဝင်ဖြစ်ခဲ့ဖူးတဲ့ အက်ဒရီယာနို ဘာကြောင့်များ ဇာတ်သိမ်း မလှဖြစ်ခဲ့တာလဲ . .

Adriano-was-prolific-on-the-pitch-but-admits-he-turned-to-alcohol-following-death-of-his-father

Adriano-was-prolific-on-the-pitch-but-admits-he-turned-to-alcohol-following-death-of-his-father

အဲဒီအကြောင်းကို ဘရာဇီးလ်ရုပ်သံ R7 နဲ့တွေ့ဆုံခန်းမှာ အက်ဒရီယာနိုက အခုလိုပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့တယ်။ “ကျွန်တော် ဘယ်လောက်အထိ ခံစားခဲ့ရလဲဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးပါ။ ကျွန်တော့် အဖေ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ကျွန်တော် အရမ်းအထီးကျန်ခဲ့ရတယ်။ အီတလီမှာ ကျွန်တော်က ဝမ်းနည်းပူဆွေးမှုတွေနဲ့ တစ်ယောက်တည်း အထီးကျန်ဆန်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော် အရက် စသောက်တော့တာပါပဲ။ သောက်နေတဲ့အချိန်မှာ ကျွန်တော့်ရဲ့ စိတ်ညစ်မှုတွေကို ခဏမေ့ဖျောက်လို့ရပြီး ကိုယ်ပိုင်ကမ္ဘာတစ်ခုမှာ နေရသလို ခံစားမိတယ်။ နေ့တိုင်းသောက်တယ်၊ ဘေးနားမှာဝိုင်၊ ဝီစကီ၊ ဗော့ဒ်ကာ၊ ဘီယာ ဘာပဲရှိရှိ အကုန်သောက်တာပဲ။

Adriano-Drinking-Beer

Adriano-Drinking-Beer

ဘီယာတွေလည်း အများကြီးသောက်ဖြစ်တယ်။ အရက်ကို မဖြတ်နိုင်တော့တဲ့အချိန်မှာတော့ အင်တာမီလန်နဲ့ ကျွန်တော် လမ်းခွဲခဲ့ရတော့တာပါပဲ”လု့ိ အက်ဒရီယာနိုက အတိတ်က အမှားတွေကို နောင်တရနေတဲ့လေသံနဲ့ ပြောကြားခဲ့တယ်။ အင်တာမီလန်အသင်းဟာ အက်ဒရီယာနိုရဲ့ အမှားတွေကို တတ်နိုင်သလောက် ကာကွယ်ခဲ့ပေမဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံးမှာတော့ အက်ဒရီယာနိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတယ်။

Adriano-

Adriano-

အက်ဒရီယာနိုက “အင်တာမီလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကျွန်တော် မူးမူးရူးရူးနဲ့ ရောက်လာခဲ့တယ်။ ဘယ်လောက်ပဲ မူးမူး အသင်းလေ့ကျင့်ခန်းအစီအစဉ်ကိုတော့ မပျက်မကွက် ရောက်အောင် လာခဲ့တာချည်းပဲ။ အဲဒီအချိန်ကျရင် အသင်းဆေးအဖွဲ့ဝင်တွေက ကျွန်တော့်ကို လူနာခန်းထဲကို ခေါ်ပြီး အိပ်ခိုင်းခဲ့တယ်။ အင်တာမီလန်အသင်းကလည်း ကျွန်တော့်မှာ ကြွက်သားဒဏ်ရာရှိနေလို့ဆိုပြီး သတင်းစာရှင်းပွဲမှာ ကာကွယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် နားလည်လာတာက ကျွန်တော့်ဘေးနားမှာရှိတဲ့ သူငယ်ချင်းအပေါင်းတွေဟာ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးဆိုတာပါ။ သူတို့က ဘာမှ မလုပ်ဘူး၊ ကျွန်တော့်ကို ပါတီတွေခေါ်၊ မိန်းမတွေနဲ့ ပေးတွေ့၊ အရက်တွေတိုက်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အတွက် အနာဂတ်ဆိုတာလည်း မရှိဘူး။ ဘရာဇီးလ်ကို ပြန်တဲ့အချိန်မှာ ဝင်ငွေ အများကြီး လျှော့နည်းခဲ့တယ်။ ဒါပေမဲ့ ပျော်ရွှင်မှုကိုတော့ ကျွန်တော် ပြန်ရခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ဒါကတော့ ဘောလုံးလောကမှာ အချိန်မတန်ဘဲ နေဝင်ခဲ့ရတဲ့ ကစားသမားတစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်ပါပဲ။ အက်ဒရီယာနိုလို မဖြစ်အောင် တခြားတခြားသော ဘောလုံးသမားတွေအနေနဲ့ သူ့ကို သင်ခန်းစာယူဖို့ တိုက်တွန်းရင်း . . .

Adriano-Career-statistics

Adriano-Career-statistics

အက်ဒရီယာနိုရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Flamengo
Copa dos Campeões: 2001
Campeonato Brasileiro Série A: 2009

Inter Milan
Italian Serie A: 2005–06, 2006–07, 2007–08, 2008–09
Coppa Italia: 2004–05, 2005–06
Supercoppa Italiana: 2005, 2006, 2008

Corinthians
Campeonato Brasileiro Série A: 2011

Brazil
Copa América: 2004
FIFA Confederations Cup: 2005

Brazil Youth
FIFA U-17 World Cup: 1999
South American Youth Championship: 2001

REF:Daily Mail
Photo:Getty Images,Inter.it,performgroup
Naing Linn(Akhayar)
www.akhayar.com