Adobe ဟာ သူတို့ရဲ့ Mobile Apps မှာ  အသံနဲ့ ပုံပြင်နိုင်သောစနစ် (Integrated Voice-Controlled Feature) ထည့်သွင်း ရန်စီစဉ်နေကြောင်း သိရပါတယ်။ ကုမ္ပဏီ ရဲ့  Youtube မှာ အသံနဲ့ပုံပြင်နေတဲ့လူတယောက်ရဲ့ Video File ကို တင်ခဲ့ပြီး  ဒီဗီဒီယိုမှာ ပြောခဲ့တဲ့ Command တွေကတော့ ပုံကိုဖြတ်တာ ၊ လှည့်တာနဲ့ Facebook ပေါ်မှာ Sharing လုပ်တာတို့ဖြစ်ပါတယ်။

ဒီ Feature ဟာ အခုတော့ မရနိုင်သေးပါဘူး ဒါပေမယ့် Adobe အနေနဲ့ ဒီ Apps ထွက်ပေါ်လာအောင် ကြိုးစားလျက်ရှိပြီး သိပ်မကြာခင်မှာ ထွက်ရှိနိုင်အောင်ကြောင်း သိရပါတယ်။

ဖုန်းထဲကနေ ပုံတွေကို အသံနဲ့ပြင်လို့ရတယ်ဆိုတာဟာ Idea ကောင်းတခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီApps ဟာ Video မှာပါသလို အခြေခံ ပုံပြင်တာအတွက် ပိုပြီး အသုံးဝင်ကြောင်းသိရပါတယ်။  ဖုန်းမှာ ရိုက်ထားတဲ့ ပုံတွေ ပြင်ချင်တဲ့သူတွေ Tools အများကြီးမလိုအပ် ကြောင်းကိုလည်း ကုမ္ပဏီမှ ပြောခဲ့ပါတယ်။ ။ ဒီ အသံစနစ်ဟာ Adobe ရဲ့ ပထမခြေလှမ်းဖြစ်ပြီး Adobe Mobile Application ကို အသုံးပြုသူတွေ လွယ်ကူစွာ အသုံးပြုနိုင်ရန်ရည်ရွယ်ကြောင်းသိရပါတယ်။

Jan ( Akhayar)