[Zawgyi]


Premire Rush CC


Premire Rush on iPhone



Ref: Adobe

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

iPhone နဲ့ iPad တွေအတွက် Adobe Premire Rush CC ထွက်လာပြီ

ခရီးသွားရင်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် Vlog ရိုက်တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ Video ကို Edit လုပ်ရပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Laptop လည်း မသုံးချင်၊ သယ်မသွားချင်ဘူးဆိုရင် ဖုန်းနဲ့ Tablet ပေါ်မှာပဲ Video တစ်ခုကို Edit လုပ်ဖို့ အဓိကလိုအပ်တဲ့ Tool တွေနဲ့ App တစ်ခုကို လိုအပ်မှာပါ။ အဲ့ဒီလို App ကိုတော့ Adobe က ထုတ်ပေးလိုက်ပြီဖြစ်ပြီးတာ့ Premire Rush CC လို့ နာမည်ပေးထားပါတယ်။ 

Premire Rush CC

Rush CC က ပေါ့ပေါ့ပါးပါး Video Edit လုပ်ချင်သူတွေအတွက် ရည်ရွယ်ပြီး ထုတ်ပေးထားတာဖြစ်တာကြောင့် Application UI ကတော့ ရိုးရှင်းပါတယ်။ Video တွေကို Edit လုပ်တဲ့အခါ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ Video ၊ Audio ၊ Background Music ၊ Title ၊ Transition Effect တွေအပြင် Aspect Ratio နဲ့ Video Cropping အတွက်ပါ Tools တွေစုံတာကြောင့် One The Go Editing Tool အဖြစ် တကယ်ကို အသုံးဝင်မှာပါ။  

Premire Rush on iPhone

Rush CC ကိုတော့ iPhone နဲ့ iPad တွေအတွက် အခမဲ့ App အဖြစ်ထုတ်ပေးထားပေမယ့် Feature တွေကို အကန့်အသတ်မဲ့သုံးနိုင်ဖို့အတွက် Creative Cloud မှာ Subscripton ဝယ်ယူရမှာဖြစ်ပါတယ်။ Creative Cloud မှာ Data သိမ်းဆည်းခွင့် 100GB နဲ့ Video တွေကို အကန့်အသတ်မဲ့ Edit လုပ်နိုင်ပြီး Export လုပ်နိုင်မှာပါ။ 

လက်ရှိအချိန်မှာတော့ iPhone နဲ့ iPad တွေအတွက်ပဲ ထုတ်ပေးထားတာဖြစ်ပြီး Android Device တွေအတွက်တော့ ဘယ်အချန်မှ ရမလဲဆိုတာ မသိရသေးပါဘူး။ Adobe Premire Rush CC ကိုတော့ App Store မှာ ဒီ Link ကနေ အခမဲ့ ရယူနိုင်ပါတယ်။ 

Ref: Adobe

Min Than Htike (Akhayar)

www.akhayar.com