[Zawgyi] 

Photoshop ကို Desktop ဒါမွမဟုတ္ Laptop မွာပဲ သံုးေနရလို႔စိတ္ညစ္ေနသူေတြအတြက္ေတာ့ အခုသတင္းက ဝမ္းသာစရာျဖစ္မွာပါ။ Apple ရဲ႕ iPad Pro ေတြက အႏုပညာဖန္တီးရွင္ေတြၾကားမွာ ေနရာရၿပီးသားျဖစ္တာေၾကာင့္ အခုလို Adobe ရဲ႕စိတ္ဝင္စားမႈကို ခံရပါတယ္။ 

iPad Pro

Adobe ရဲ႕ Photoshop Express ဆိုတဲ့ App က အရင္ကတည္းက iOS Device ေတြအတြက္ ရွိၿပီးသားပါ။ ဒါေပမယ့္ Express Version က ကြန္ပ်ဴတာေတြေပၚက Photoshop ရဲ႕ Feature အားလံုးမပါပါဘူး။ အခုအသစ္ထုတ္ေပးမယ့္ Photoshop App အသစ္ကေတာ့ Photoshop ရဲ႕  Feature ေတြအားလံုးကို ထည့္ေပးထားမွာျဖစ္တယ္လို႔ သိရပါတယ္။ 

Photoshop Express

Adobe က အခုလို App အသစ္ထုတ္ရတဲ့အေၾကာင္းအရင္းကေတာ့ Laptop နဲ႔ Desktop ေတြကို အားကိုးေနစရာမလိုဘဲ ဓာတ္ပံုျပင္ဖို႔အတြက္ လိုအပ္တဲ့ေနရာမွာ လုိအပ္သလို ျပင္ဆင္ႏိုင္ေစဖို႔အတြက္ ျဖစ္ပါတယ္။ Adobe ရဲ႕ လက္ရွိအခ်ိန္မွာ ေအာင္ျမင္ၿပီးသားျဖစ္တဲ့ Creatve Cloud နဲ႔တြဲထားမွာျဖစ္တာေၾကာင့္ Cross Platform အတြက္လည္း အဆင္္ေျပပါတယ္။ iPad ေတြအတြက္ ရည္႐ြယ္ထားတာေၾကာင့္ Keyboard Support နဲ႔ Apple Pencil Support လည္းပါလာႏိုင္ပါတယ္။ App အသစ္ကိုေတာ့ ၂၀၁၉  ႏွစ္အေစာပိုင္းမွာ ေတြ႕ရႏိုင္မယ္လို႔ သိရပါတယ္။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Photoshop ကို Desktop ဒါမှမဟုတ် Laptop မှာပဲ သုံးနေရလို့စိတ်ညစ်နေသူတွေအတွက်တော့ အခုသတင်းက ဝမ်းသာစရာဖြစ်မှာပါ။ Apple ရဲ့ iPad Pro တွေက အနုပညာဖန်တီးရှင်တွေကြားမှာ နေရာရပြီးသားဖြစ်တာကြောင့် အခုလို Adobe ရဲ့စိတ်ဝင်စားမှုကို ခံရပါတယ်။ 

iPad Pro

Adobe ရဲ့ Photoshop Express ဆိုတဲ့ App က အရင်ကတည်းက iOS Device တွေအတွက် ရှိပြီးသားပါ။ ဒါပေမယ့် Express Version က ကွန်ပျူတာတွေပေါ်က Photoshop ရဲ့ Feature အားလုံးမပါပါဘူး။ အခုအသစ်ထုတ်ပေးမယ့် Photoshop App အသစ်ကတော့ Photoshop ရဲ့  Feature တွေအားလုံးကို ထည့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။ 

Photoshop Express

Adobe က အခုလို App အသစ်ထုတ်ရတဲ့အကြောင်းအရင်းကတော့ Laptop နဲ့ Desktop တွေကို အားကိုးနေစရာမလိုဘဲ ဓာတ်ပုံပြင်ဖို့အတွက် လိုအပ်တဲ့နေရာမှာ လိုအပ်သလို ပြင်ဆင်နိုင်စေဖို့အတွက် ဖြစ်ပါတယ်။ Adobe ရဲ့ လက်ရှိအချိန်မှာ အောင်မြင်ပြီးသားဖြစ်တဲ့ Creatve Cloud နဲ့တွဲထားမှာဖြစ်တာကြောင့် Cross Platform အတွက်လည်း အဆင်ပြေပါတယ်။ iPad တွေအတွက် ရည်ရွယ်ထားတာကြောင့် Keyboard Support နဲ့ Apple Pencil Support လည်းပါလာနိုင်ပါတယ်။ App အသစ်ကိုတော့ ၂၀၁၉  နှစ်အစောပိုင်းမှာ တွေ့ရနိုင်မယ်လို့ သိရပါတယ်။ 

Ref: GSM Arena

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။