အမေရိကန် ကွန်ပျူတာ Software Company တစ်ခုဖြစ်တဲ့ Adobe ဟာ Video တွေကို Content-aware Fill နဲ့ Photoshop ပြုလုပ်နိုင်တော့မှာဖြစ်ကြောင်း Spring Update ကတဆင့်မိတ်ဆက်လိုက်ပါတယ်။
User တွေဟာ ကိုယ်မလိုချင်တဲ့ အရာဝတ္ထုတွေကို video ထဲကနေထုတ်ပစ်နိင်မှာဖြစ်ပြီး Adobe Sensei လို့အမည်ရတဲ့ AI ရဲ့ Machine Learning Platform ကို အသုံးပြုထားတာကြောင့် အရင်ကလို Frame တစ်ခုပြီးတစ်ခုလိုက်ပြင်စရာမလိုတော့ပါဘူး။ Photoshop မှာ Content-aware Fill အသုံးပြုပြီးမလိုအပ်တဲ့အရာတွေကိုဖယ်ရှားနိုင်ပေမယ့် ဒီနေ့မိတ်ဆက်လိုက်တဲ့ Feature အသစ်ဟာ Video ထဲမှာရွှေ့လျားနေတဲ့အရာဝတ္ထုတွေကို အလိုအလျောက်ဖယ်ရှားပေးသွားမှာဖြစ်ပြီး လွတ်သွားတဲ့နေရာကိုပါ အစားထိုးပေးမှာဖြစ်ပါတယ်။ ဒီနည်းပညာကို 2017 ခုနှစ်မှာ Project Cloak ဆိုတဲ့နာမည်နဲ့ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။

အခုလောလောဆယ်မှာ အဲ့ဒီ Feature ကို After Effect 2019 Creative Cloud Subscribers တွေအသုံးပြုလို့ရနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ရိုက်ကူးရေးနဲ့ဆိုင်တဲ့videoတွေကို Edit လုပ်တဲ့နေရာမှာ ပိုအဆင်ပြေလာမှာဖြစ်ပြီး ရိုက်ကူးရေးမှာအသုံးပြုတဲ့ Boom mics တွေ၊ Special Effects Wires တွေ နဲ့ မတော်တဆ ရိုက်ကွင်းထဲကိုဝင်လာတဲ့ လူတွေကိုဖယ်ရှားရာမှာ အရမ်းအသုံးဝင်မှာဖြစ်ပါတယ်။

Adobe က တခြား Video-editing Software တွေကိုလည်း Update လုပ်ခဲ့ပြီး ဒီထဲက Software တချို့ကို Adobe Sensei က ပဲထောက်ပံ့ပေးထားတာပါ။ Audition နဲ့ Premiere Pro တို့မှာဆိုရင် Auto-ducking အတွက် AI အသုံးပြုထားပြီး အခြား Audio Clips တွေကို Analyze လုပ်ကာ လိုသလိုထိန်းညှိပေးပြီး Perfect Mix ဖြစ်အောင်ဖန်တီးပေးသွားမှာပါ။
Freeform Project Panel အသစ်မှာဆိုရင်လည်း Editors တွေဟာ Premiere Pro က Clips တွေကို အရင်ကထက်ပိုမိုကောင်းမွန်အောင် Storyboard လုပ်နိုင်လာတော့မှာဖြစ်ပြီး Character Animator တွေအနေနဲ့ ဇာတ်ကောင်ကို ရေးဆွဲရာမှာ ပိုမိုအဆင်ပြေလာတော့မှာဖြစ်ပါတယ်။

Ref; TheVerge

SiD (Akhayar)

www.akhayar.com