[Zawgyi]

ကိုယ္ကာယလုိက္စားသူေတြသိသင့္တဲ့ အေျပးပုံစံေလးမ်ိဳးနဲ႔ လုိက္ဖက္တဲ့ အေျပးဖိနပ္ကုိ ဘယ္လုိေရြးခ်ယ္မလဲ

Adidas ခ်စ္သူေတြအားလုံးကုိ ျပန္လည္မွ်ေဝေပးဖုိ႔ ပုိ႔စ္တစ္ခုကုိ စီစဥ္ထားပါတယ္။ ဒီပုိ႔စ္မွာတင္ဆက္ေပးမယ့္ အေၾကာင္းအရာဟာ Adidas ပရိသတ္ေတြပါမက ဖတ္႐ႈသူတိုင္းအတြက္ အက်ိဳးရွိမယ့္အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ မနက္ေစာေစာ ကုိယ္လက္လႈပ္ရွားအားကစားလုပ္သူေတြ၊ က်န္းမာေရးေလ့က်င့္ခန္းနဲ႔ အေျပးေလ့က်င့္သူေတြ၊ ကိုယ္ကာယလုိက္စားသူေတြ အားလုံးအတြက္ အက်ိဳးရွိၿပီး အသုံးတည့္ေစမယ့္ ဗဟုသုတတစ္ခုကုိ ဒီပုိ႔စ္မွာ မွ်ေဝေပးသြားမွာပါ။ ကုိယ္ကုိယ္တုိင္က က်န္းမာေရးအရ အေျပးေလ့က်င့္ခန္းလုပ္သူပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕ မိတ္ေဆြသူငယ္ခ်င္းထဲက အေျပးသမားေတြကုိ ဒီအေၾကာင္းအရာေလး ျပန္လည္မွ်ေဝေပးတာပဲျဖစ္ျဖစ္ အားလုံးအက်ိဳးရွိေစဖုိ႔ ရည္ရြယ္ထားပါတယ္။ အဲဒါကေတာ့ အေျပးအမ်ိဳးအစား ဘယ္ႏွစ္မ်ိဳးရွိသလဲဆုိတာနဲ႔ ကိုယ့္ရဲ႕အေျပးပုံစံ၊ ကုိယ္ေရြးခ်ယ္ထားတဲ့ အေျပးပုံစံအေပၚ မူတည္ၿပီး ဘယ္လုိမ်ိဳးဖိနပ္ကုိ ေရြးခ်ယ္သင့္သလဲဆုိတာပဲ ျဖစ္ပါတယ္။

(၁) လြတ္လြတ္လပ္လပ္နဲ႔ ေပါ့ပါးသြက္လက္တဲ့ Fast Run အေျပးပုံစံ

တစ္ကမာၻလုံးအတုိင္းအတာနဲ႔ အေျခခံခ်မွတ္ထားတဲ့ အေျပးအမ်ိဳးအစား ရွစ္မ်ိဳးရွိပါတယ္။ ဒါေပမယ့္ Adidas က ထုတ္လုပ္တဲ့အားကစားဖိနပ္ေတြရဲ႕ ေပးစြမ္းတဲ့ ဂုဏ္သတၱိေတြအရဆုိရင္ေတာ့ အေျပးအမ်ိဳးအစားကုိ ေလးမ်ိဳးေလးစား ခြဲျခားသတ္မွတ္ထားပါတယ္။ အဲဒီထဲကမွ ပထမဆုံးတစ္ခုကေတာ့ ေပါ့ပါးသြက္လက္တဲ့ အေျပးပုံစံ Fast Run ျဖစ္ပါတယ္။ Fast Run ဆုိတဲ့ နာမည္အတုိင္း ေပါ့ေပ့ါးပါးပါးေျပးတဲ့ အေျပးသမားေတြ၊ မနက္ေစာေစာ အခ်ိန္မွန္ထေျပးတဲ့သူေတြဟာ Fast Run အေျပးသမားေတြျဖစ္ၿပီး သူတုိ႔ေတြဟာ က်န္းမာေရးလုိအပ္ခ်က္အရ သက္လုံေကာင္းေစဖုိ႔၊ ခႏၶာကုိယ္အေလးခ်ိန္ထိန္းညႇိဖုိ႔နဲ႔ ေသြးလည္ပတ္မႈေကာင္းေစဖုိ႔အတြက္ အေျပးေလ့က်င့္ခန္းကုိ လုပ္ေဆာင္တဲ့သူမ်ိဳးေတြျဖစ္ၾကပါတယ္။ Fast Run အေျပးသမားေတြဟာ အမ်ားအားျဖင့္ က်န္းမာေရးေကာင္းက်ိဳးေတြ ရရွိခံစားႏုိင္ဖုိ႔ အေျပးေလ့က်င့္တဲ့သူမ်ိဳးေတြျဖစ္တဲ့အတြက္ ဖိနပ္ေရြးခ်ယ္တဲ့ေနရာမွာလည္း ေပါ့ပါးသြက္လက္တဲ့ ဖိနပ္မ်ိဳးကုိ ဦးစားေပးေရြးခ်ယ္သင့္ပါတယ္။ ကိုယ္ဟာ Fast Run အေျပးသမားဆုိရင္ေတာ့ ကိုယ္နဲ႔သင့္ေတာ္တဲ့ အေျပးဖိနပ္တစ္ရံ မရွိမျဖစ္လုိအပ္ၿပီး စြမ္းေဆာင္ရည္အသင့္အတင့္ရွိတဲ့ Adidas Questar နဲ႔ Cloudfoam ေမာ္ဒယ္လုိဖိနပ္မ်ိဳးဟာ Fast Run အေျပးသမားေတြနဲ႔ လုိက္ဖက္ကုိက္ညီတဲ့ ဖိနပ္မ်ိဳးျဖစ္ပါတယ္။

Fast Run

Fast Run

(၂) ဟန္ခ်က္ညီတဲ့ ေျခလွမ္းေတြနဲ႔အတူ ၿမိဳ႕တစ္ပါတ္ပတ္မယ့္ City Run အေျပးပုံစံ

City Run အေျပးပုံစံကုိ ျမင္သာေအာင္ေျပာရမယ္ဆုိရင္ေတာ့ မနက္ပုိင္းနဲ႔ ညေနပုိင္းေတြမွာ နားၾကပ္ႏွစ္ဖက္တပ္ၿပီး ျမန္ျမန္နဲ႔မွန္မွန္ေျပးေနတဲ့ အေျပးသမားေတြကို ဆိုလိုတာပါ။ City Run အေျပးသမားေတြဟာ မ်ားေသာအားျဖင့္ တာတုိေျပးသူေတြျဖစ္ၿပီး ၿမိဳ႕တစ္ဝုိက္ေနရာအႏံွ႔အျပားမွာ သူတုိ႔ကုိေတြ႔ရတတ္ပါတယ္။ ကားလမ္းမ ပလက္ေဖာင္းေတြ၊ ပန္းၿခံေတြနဲ႔ ကစားကြင္းလုိေနရာမ်ိဳးေတြဟာ City Run အေျပးသမားေတြ ေျပးေလ့ရွိတဲ႔ေနရာေတြျဖစ္ၿပီး သူတုိ႔ဟာ ကုိယ့္အာ႐ုံနဲ႔ကုိယ္ ေအးေအးလူလူ အေျပးေလ့က်င့္တဲ့သူမ်ိဳးေတြ ျဖစ္ၾကပါတယ္။ Fast Run နဲ႔ City Run အေျပးပုံစံေတြဟာ က်န္းမာေရးကုိ အေထာက္အကူျပဳၿပီး ခႏၶာကုိယ္အက်ိဳးေက်းဇူးေတြကုိ ေပးစြမ္းတဲ့ အေျပးပုံစံေတြျဖစ္ၾကပါတယ္။ City Run ေျပးတဲ့သူေတြဟာ Fast Run ေျပးသူေတြထက္ ခရီးအကြာအေဝးပုိေျပးၾကတဲ့အတြက္ စြမ္းေဆာင္ရည္တစ္ဆင့္ျမင့္တဲ့ ဖိနပ္မ်ိဳးကုိ လုိအပ္ပါတယ္။ အဲဒါေၾကာင့္ City Run ေျပးေတာ့မယ္ဆုိရင္ စြမ္းအင္ထုတ္နည္းပညာေတြပါဝင္တဲ့ Pureboost နဲ႔ Solarboost လုိ ေမာ္ဒယ္ဖိနပ္မ်ိဳးကုိ ဦးစားေပးေရြးခ်ယ္သင့္ပါတယ္။

City Run

City Run

(၃) စြမ္းရည္အျပည့္နဲ႔ တာရွည္ေျပးတဲ့ Long Run အေျပးပုံစံ

Long Run အေျပးသမားေတြကေတာ့ Fast Run နဲ႔ City Run အေျပးသမားေတြထက္ပုိၿပီး အေျပးေလ့က်င့္ခန္းအေပၚမွာ အားစုိက္သူေတြျဖစ္ၾကပါတယ္။ Long Run အေျပးသမားေတြအတြက္ ေျပးျခင္းဟာ သူတုိ႔ရဲ႕ဝါသနာတစ္ခုျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ကုိ ပိုပုိၿပီး ေဝးေဝးေျပးႏုိင္ဖုိ႔၊ သတ္မွတ္ထားတဲ့ အကြာအေဝးကုိ အခ်ိန္တုိအတြင္းေရာက္ႏုိင္ဖုိ႔နဲ႔ ကုုိယ့္ရဲ႕စံခ်ိန္ကုိယ္ျပန္ခ်ိဳးႏုိင္ဖုိ႔ တစုိက္မတ္မတ္ ႀကိဳးစားအားထုတ္ၾကသူေတြလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Long Run အေျပးသမားေတြဟာ ကိုယ္ဘယ္ေလာက္ထိ ေျပးႏုိင္သလဲဆုိတဲ့အေပၚမွာ ေအာင္ျမင္မႈစံႏႈန္းအဆင့္ဆင့္ ခ်မွတ္ထားၾကသလုိ ခရီးတစ္ခုကုိ ဆုံးခန္းတုိင္ေအာင္ ေျပးၿပီးသြားရင္လည္း ကုိယ္ဘယ္ေလာက္ထိေျပးႏုိင္ခဲ့သလဲဆုိတဲ့ အေပၚမွာ မွတ္ေက်ာက္စုိက္ထူၾကသူမ်ား ျဖစ္ပါတယ္။ Long Run အေျပးသမားေတြဟာ မ်ားေသာအားျဖင့္ တာရွည္ေျပးသူမ်ားျဖစ္ၾကတဲ့အတြက္ စြမ္းေဆာင္ရည္ပုိျမင့္တဲ့ ဖိနပ္မ်ိဳးကုိ လုိအပ္ပါတယ္။ အဲဒီအတြက္ ျမင့္မားတဲ့စြမ္းေဆာင္ရည္နဲ႔ စြမ္းအင္တန္ျပန္မႈပါဝင္တဲ့ Ultraboost နဲ႔ Energy Boost လုိ ဖိနပ္မ်ိဳးဟာ Long Run အေျပးသမားေတြအတြက္ အေရြးခ်ယ္သင့္ဆုံး အရည္အေသြးျမင့္အေျပးဖိနပ္ေတြ ျဖစ္ပါတယ္။

Long Run

Long Run

(၄) ယွဥ္ၿပိဳင္မႈကုိႀကိဳက္နွစ္သက္ၿပီး စိန္ေခၚမႈတုိင္းမွာ အႏုိင္ယူမယ့္ Power Run အေျပးပုံစံ

ေနာက္ဆုံး Power Run အေျပးပုံစံကေတာ့ စစ္မွန္တဲ့ အားကစားသမားေတြရဲ႕ စိတ္ဓါတ္နဲ႔ စြမ္းအင္အျပည့္ကုိ ထုတ္သုံးတဲ့ အေျပးပုံစံျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္အေျပးသမားအမ်ားစုမွာ Power Run အေျပးပုံစံကုိ က်င့္သုံးတာေတြ႔ရပါတယ္။ မာရသြန္အေျပးသမားေတြ၊ အုိလံပစ္အေျပးသမားေတြ၊ စံခ်ိန္ခ်ိဳးမယ့္ အေျပးသမားမ်ိဳးေတြ အစရွိတဲ့ ၿပိဳင္ပြဲဝင္အေျပးသမားေတြဟာ Power Run ေျပးသူေတြျဖစ္ၿပီး သူတုိ႔ေတြဟာ ကုိယ့္ရဲ႕တစ္ေန႔တာစြမ္းအင္နဲ႔ အခ်ိန္ေတြကုိ အေျပးေလ့က်င့္ျခင္းတစ္ခုတည္းအတြက္ အသုံးခ်ၾကသူေတြ ျဖစ္ပါတယ္။ Power Run အေျပးသမားေတြဟာ ကုိယ့္ရဲ႕စြမ္းေဆာင္ရည္ကုိ တုိးတက္ထက္ျမက္လာေအာင္ အၿမဲတမ္းေသြးေနသူေတြျဖစ္သလုိ ၿပိဳင္ပြဲကုိ အဆုံးအျဖတ္ေပးႏုိင္တဲ့ ေျခလွမ္းတစ္လွမ္း ဒါမွမဟုတ္ စကၠန္႔တစ္စကၠန္႔ရဲ႕ တန္ဖုိးကုိ ေကာင္းစြာနားလည္သေဘာေပါက္သူေတြပါ။ အေျပးအမ်ိဳးအစား ေလးမ်ိဳးရွိတဲ့အထဲက ဒီ Power Run အေျပးပုံစံဟာ ခြန္အားအစုိက္ထုတ္ရဆုံးနဲ႔ စြမ္းအင္အေျမာက္အျမားအသုံးခ်ရဆုံးျဖစ္တဲ့အတြက္ Power Run ေျပးေတာ့မယ္ဆုိရင္ စိတ္ေရာကုိယ္ပါ အားအင္ျပည့္ဝၿပီး အဆင္သင့္ျဖစ္ေနဖုိ႔ လုိအပ္တဲ့အျပင္ အရည္အေသြးျမင့္တဲ့ အေျပးဖိနပ္တစ္ရံကေတာ့ မရွိမျဖစ္ လုိပါပဲ။ ဒါေၾကာင့္ အျမင့္မားဆုံးစြမ္းေဆာင္ရည္ေပးစြမ္းတဲ့ Alphabounce နဲ႔ Alphabounce Beyond လုိဖိနပ္မ်ိဳး၊ Boost နည္းပညာရာႏႈန္းျပည့္ပါဝင္တဲ့ Ultraboost လုိဖိနပ္မ်ိဳးဟာ Power Run အေျပးသမားေတြအတြက္ အသင့္ေတာ္ဆုံးဖိနပ္ေတြျဖစ္ပါတယ္။

Power Run

Power Run

ဒီေလာက္ဆုိရင္ အေျပးအမ်ိဳးအစား ေလးမ်ဳိးက ဘာေတြလဲ?သူတုိ႔နဲ႔ လုိက္ဖက္ကုိက္ညီတဲ့ အေျပးဖိနပ္မ်ိဳးက ဘာေတြျဖစ္မလဲဆုိတာကုိ သိရွိသြားေလာက္ၿပီထင္ပါတယ္။ အခုလုိမ်ိဳး ကုိယ္ကာယလုိက္စားသူမ်ားအားလုံး အက်ိဳးရွိၿပီး ဗဟုသုတျဖစ္ေစမယ့္ ပုိ႔စ္ေတြကုိ အခ်ိန္မွန္တင္ဆက္ေပးသြားမွာျဖစ္တဲ့အတြက္ ေစာင့္ေမွ်ာ္ဖတ္႐ႈႏုိင္ပါတယ္။ ဖတ္႐ႈေပးတဲ့အတြက္ အထူးေက်းဇူးတင္ပါတယ္။ ဒီပုိ႔စ္ကုိဖတ္ၿပီး ကိုယ္ကေရာ ဘယ္လုိအေျပးအမ်ိဳးအစားထဲပါေနလဲ? ဘယ္လုိအေျပးသမားမ်ိဳးကို ခံုမင္လဲဆုိတာကုိ ကြန္မန္႔ကေနတဆင့္ ျပန္ေျပာခဲ့ေပးပါဦး။

Yan

Ref: All About Adidas

www.akhayar.com

[Unicode]

ကိုယ်ကာယလိုက်စားသူတွေသိသင့်တဲ့ အပြေးပုံစံလေးမျိုးနဲ့ လိုက်ဖက်တဲ့ အပြေးဖိနပ်ကို ဘယ်လိုရွေးချယ်မလဲ

Adidas ချစ်သူတွေအားလုံးကို ပြန်လည်မျှဝေပေးဖို့ ပို့စ်တစ်ခုကို စီစဉ်ထားပါတယ်။ ဒီပို့စ်မှာတင်ဆက်ပေးမယ့် အကြောင်းအရာဟာ Adidas ပရိသတ်တွေပါမက ဖတ်ရှုသူတိုင်းအတွက် အကျိုးရှိမယ့်အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မနက်စောစော ကိုယ်လက်လှုပ်ရှားအားကစားလုပ်သူတွေ၊ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ အပြေးလေ့ကျင့်သူတွေ၊ ကိုယ်ကာယလိုက်စားသူတွေ အားလုံးအတွက် အကျိုးရှိပြီး အသုံးတည့်စေမယ့် ဗဟုသုတတစ်ခုကို ဒီပို့စ်မှာ မျှဝေပေးသွားမှာပါ။ ကိုယ်ကိုယ်တိုင်က ကျန်းမာရေးအရ အပြေးလေ့ကျင့်ခန်းလုပ်သူပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းထဲက အပြေးသမားတွေကို ဒီအကြောင်းအရာလေး ပြန်လည်မျှဝေပေးတာပဲဖြစ်ဖြစ် အားလုံးအကျိုးရှိစေဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါကတော့ အပြေးအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲဆိုတာနဲ့ ကိုယ့်ရဲ့အပြေးပုံစံ၊ ကိုယ်ရွေးချယ်ထားတဲ့ အပြေးပုံစံအပေါ် မူတည်ပြီး ဘယ်လိုမျိုးဖိနပ်ကို ရွေးချယ်သင့်သလဲဆိုတာပဲ ဖြစ်ပါတယ်။

(၁) လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပါးသွက်လက်တဲ့ Fast Run အပြေးပုံစံ

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အခြေခံချမှတ်ထားတဲ့ အပြေးအမျိုးအစား ရှစ်မျိုးရှိပါတယ်။ ဒါပေမယ့် Adidas က ထုတ်လုပ်တဲ့အားကစားဖိနပ်တွေရဲ့ ပေးစွမ်းတဲ့ ဂုဏ်သတ္တိတွေအရဆိုရင်တော့ အပြေးအမျိုးအစားကို လေးမျိုးလေးစား ခွဲခြားသတ်မှတ်ထားပါတယ်။ အဲဒီထဲကမှ ပထမဆုံးတစ်ခုကတော့ ပေါ့ပါးသွက်လက်တဲ့ အပြေးပုံစံ Fast Run ဖြစ်ပါတယ်။ Fast Run ဆိုတဲ့ နာမည်အတိုင်း ပေါ့ပေ့ါးပါးပါးပြေးတဲ့ အပြေးသမားတွေ၊ မနက်စောစော အချိန်မှန်ထပြေးတဲ့သူတွေဟာ Fast Run အပြေးသမားတွေဖြစ်ပြီး သူတို့တွေဟာ ကျန်းမာရေးလိုအပ်ချက်အရ သက်လုံကောင်းစေဖို့၊ ခန္ဓာကိုယ်အလေးချိန်ထိန်းညှိဖို့နဲ့ သွေးလည်ပတ်မှုကောင်းစေဖို့အတွက် အပြေးလေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့သူမျိုးတွေဖြစ်ကြပါတယ်။ Fast Run အပြေးသမားတွေဟာ အများအားဖြင့် ကျန်းမာရေးကောင်းကျိုးတွေ ရရှိခံစားနိုင်ဖို့ အပြေးလေ့ကျင့်တဲ့သူမျိုးတွေဖြစ်တဲ့အတွက် ဖိနပ်ရွေးချယ်တဲ့နေရာမှာလည်း ပေါ့ပါးသွက်လက်တဲ့ ဖိနပ်မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ကိုယ်ဟာ Fast Run အပြေးသမားဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ အပြေးဖိနပ်တစ်ရံ မရှိမဖြစ်လိုအပ်ပြီး စွမ်းဆောင်ရည်အသင့်အတင့်ရှိတဲ့ Adidas Questar နဲ့ Cloudfoam မော်ဒယ်လိုဖိနပ်မျိုးဟာ Fast Run အပြေးသမားတွေနဲ့ လိုက်ဖက်ကိုက်ညီတဲ့ ဖိနပ်မျိုးဖြစ်ပါတယ်။

Fast Run

Fast Run

(၂) ဟန်ချက်ညီတဲ့ ခြေလှမ်းတွေနဲ့အတူ မြို့တစ်ပါတ်ပတ်မယ့် City Run အပြေးပုံစံ

City Run အပြေးပုံစံကို မြင်သာအောင်ပြောရမယ်ဆိုရင်တော့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ နားကြပ်နှစ်ဖက်တပ်ပြီး မြန်မြန်နဲ့မှန်မှန်ပြေးနေတဲ့ အပြေးသမားတွေကို ဆိုလိုတာပါ။ City Run အပြေးသမားတွေဟာ များသောအားဖြင့် တာတိုပြေးသူတွေဖြစ်ပြီး မြို့တစ်ဝိုက်နေရာအနံှ့အပြားမှာ သူတို့ကိုတွေ့ရတတ်ပါတယ်။ ကားလမ်းမ ပလက်ဖောင်းတွေ၊ ပန်းခြံတွေနဲ့ ကစားကွင်းလိုနေရာမျိုးတွေဟာ City Run အပြေးသမားတွေ ပြေးလေ့ရှိတဲ့နေရာတွေဖြစ်ပြီး သူတို့ဟာ ကိုယ့်အာရုံနဲ့ကိုယ် အေးအေးလူလူ အပြေးလေ့ကျင့်တဲ့သူမျိုးတွေ ဖြစ်ကြပါတယ်။ Fast Run နဲ့ City Run အပြေးပုံစံတွေဟာ ကျန်းမာရေးကို အထောက်အကူပြုပြီး ခန္ဓာကိုယ်အကျိုးကျေးဇူးတွေကို ပေးစွမ်းတဲ့ အပြေးပုံစံတွေဖြစ်ကြပါတယ်။ City Run ပြေးတဲ့သူတွေဟာ Fast Run ပြေးသူတွေထက် ခရီးအကွာအဝေးပိုပြေးကြတဲ့အတွက် စွမ်းဆောင်ရည်တစ်ဆင့်မြင့်တဲ့ ဖိနပ်မျိုးကို လိုအပ်ပါတယ်။ အဲဒါကြောင့် City Run ပြေးတော့မယ်ဆိုရင် စွမ်းအင်ထုတ်နည်းပညာတွေပါဝင်တဲ့ Pureboost နဲ့ Solarboost လို မော်ဒယ်ဖိနပ်မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။

City Run

City Run

(၃) စွမ်းရည်အပြည့်နဲ့ တာရှည်ပြေးတဲ့ Long Run အပြေးပုံစံ

Long Run အပြေးသမားတွေကတော့ Fast Run နဲ့ City Run အပြေးသမားတွေထက်ပိုပြီး အပြေးလေ့ကျင့်ခန်းအပေါ်မှာ အားစိုက်သူတွေဖြစ်ကြပါတယ်။ Long Run အပြေးသမားတွေအတွက် ပြေးခြင်းဟာ သူတို့ရဲ့ဝါသနာတစ်ခုဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ကို ပိုပိုပြီး ဝေးဝေးပြေးနိုင်ဖို့၊ သတ်မှတ်ထားတဲ့ အကွာအဝေးကို အချိန်တိုအတွင်းရောက်နိုင်ဖို့နဲ့ ကိုယ့်ရဲ့စံချိန်ကိုယ်ပြန်ချိုးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားအားထုတ်ကြသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Long Run အပြေးသမားတွေဟာ ကိုယ်ဘယ်လောက်ထိ ပြေးနိုင်သလဲဆိုတဲ့အပေါ်မှာ အောင်မြင်မှုစံနှုန်းအဆင့်ဆင့် ချမှတ်ထားကြသလို ခရီးတစ်ခုကို ဆုံးခန်းတိုင်အောင် ပြေးပြီးသွားရင်လည်း ကိုယ်ဘယ်လောက်ထိပြေးနိုင်ခဲ့သလဲဆိုတဲ့ အပေါ်မှာ မှတ်ကျောက်စိုက်ထူကြသူများ ဖြစ်ပါတယ်။ Long Run အပြေးသမားတွေဟာ များသောအားဖြင့် တာရှည်ပြေးသူများဖြစ်ကြတဲ့အတွက် စွမ်းဆောင်ရည်ပိုမြင့်တဲ့ ဖိနပ်မျိုးကို လိုအပ်ပါတယ်။ အဲဒီအတွက် မြင့်မားတဲ့စွမ်းဆောင်ရည်နဲ့ စွမ်းအင်တန်ပြန်မှုပါဝင်တဲ့ Ultraboost နဲ့ Energy Boost လို ဖိနပ်မျိုးဟာ Long Run အပြေးသမားတွေအတွက် အရွေးချယ်သင့်ဆုံး အရည်အသွေးမြင့်အပြေးဖိနပ်တွေ ဖြစ်ပါတယ်။

Long Run

Long Run

(၄) ယှဉ်ပြိုင်မှုကိုကြိုက်နှစ်သက်ပြီး စိန်ခေါ်မှုတိုင်းမှာ အနိုင်ယူမယ့် Power Run အပြေးပုံစံ

နောက်ဆုံး Power Run အပြေးပုံစံကတော့ စစ်မှန်တဲ့ အားကစားသမားတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအင်အပြည့်ကို ထုတ်သုံးတဲ့ အပြေးပုံစံဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အပြေးသမားအများစုမှာ Power Run အပြေးပုံစံကို ကျင့်သုံးတာတွေ့ရပါတယ်။ မာရသွန်အပြေးသမားတွေ၊ အိုလံပစ်အပြေးသမားတွေ၊ စံချိန်ချိုးမယ့် အပြေးသမားမျိုးတွေ အစရှိတဲ့ ပြိုင်ပွဲဝင်အပြေးသမားတွေဟာ Power Run ပြေးသူတွေဖြစ်ပြီး သူတို့တွေဟာ ကိုယ့်ရဲ့တစ်နေ့တာစွမ်းအင်နဲ့ အချိန်တွေကို အပြေးလေ့ကျင့်ခြင်းတစ်ခုတည်းအတွက် အသုံးချကြသူတွေ ဖြစ်ပါတယ်။ Power Run အပြေးသမားတွေဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို တိုးတက်ထက်မြက်လာအောင် အမြဲတမ်းသွေးနေသူတွေဖြစ်သလို ပြိုင်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ခြေလှမ်းတစ်လှမ်း ဒါမှမဟုတ် စက္ကန့်တစ်စက္ကန့်ရဲ့ တန်ဖိုးကို ကောင်းစွာနားလည်သဘောပေါက်သူတွေပါ။ အပြေးအမျိုးအစား လေးမျိုးရှိတဲ့အထဲက ဒီ Power Run အပြေးပုံစံဟာ ခွန်အားအစိုက်ထုတ်ရဆုံးနဲ့ စွမ်းအင်အမြောက်အမြားအသုံးချရဆုံးဖြစ်တဲ့အတွက် Power Run ပြေးတော့မယ်ဆိုရင် စိတ်ရောကိုယ်ပါ အားအင်ပြည့်ဝပြီး အဆင်သင့်ဖြစ်နေဖို့ လိုအပ်တဲ့အပြင် အရည်အသွေးမြင့်တဲ့ အပြေးဖိနပ်တစ်ရံကတော့ မရှိမဖြစ် လိုပါပဲ။ ဒါကြောင့် အမြင့်မားဆုံးစွမ်းဆောင်ရည်ပေးစွမ်းတဲ့ Alphabounce နဲ့ Alphabounce Beyond လိုဖိနပ်မျိုး၊ Boost နည်းပညာရာနှုန်းပြည့်ပါဝင်တဲ့ Ultraboost လိုဖိနပ်မျိုးဟာ Power Run အပြေးသမားတွေအတွက် အသင့်တော်ဆုံးဖိနပ်တွေဖြစ်ပါတယ်။

Power Run

Power Run

ဒီလောက်ဆိုရင် အပြေးအမျိုးအစား လေးမျိုးက ဘာတွေလဲ?သူတို့နဲ့ လိုက်ဖက်ကိုက်ညီတဲ့ အပြေးဖိနပ်မျိုးက ဘာတွေဖြစ်မလဲဆိုတာကို သိရှိသွားလောက်ပြီထင်ပါတယ်။ အခုလိုမျိုး ကိုယ်ကာယလိုက်စားသူများအားလုံး အကျိုးရှိပြီး ဗဟုသုတဖြစ်စေမယ့် ပို့စ်တွေကို အချိန်မှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကိုဖတ်ပြီး ကိုယ်ကရော ဘယ်လိုအပြေးအမျိုးအစားထဲပါနေလဲ? ဘယ်လိုအပြေးသမားမျိုးကို ခုံမင်လဲဆိုတာကို ကွန်မန့်ကနေတဆင့် ပြန်ပြောခဲ့ပေးပါဦး။

Yan

Ref: All About Adidas

www.akhayar.com