[Zawgyi]

Adidas ထုတ္ကုန္နဲ႔ပတ္သက္ၿပီး အေမးမ်ားေနတဲ့ ကြဲျပားျခားနားေသာ Made In ႏုိင္ငံေတြအေၾကာင္း

Adidas ခ်စ္သူေတြအားလုံးကုိ အရင္ဆုံးမဂၤလာပါလုိ႔ ႏႈတ္ဆက္လုိက္ပါတယ္။ ေခါင္းစဥ္ကုိဖတ္ၿပီး ဘယ္လုိအေၾကာင္းအရာေတြကို ဖတ္႐ႈရမလဲဆုိတာကုိ စိတ္ဝင္စားေနၾကသူေတြအတြက္ အားလုံးအတြက္ အသုံးတည့္မယ့္ ဗဟုသုတတစ္ခုကုိ ဒီပုိ႔စ္မွာတင္ဆက္သြားမွာပါ။ အဲဒီေတာ့ ဒီပုိ႔စ္မွာ ေျပာျပေပးသြားမွာကေတာ့ Adidas ဖိနပ္ေတြမွာ ေတြ႔ရတဲ့ Made In ႏုိင္ငံေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

Adidas အမွတ္တံဆိပ္ဟာ ဂ်ာမဏီႏုိင္ငံက စတင္ေမြးဖြားခဲ့တဲ့ အမွတ္တံဆိပ္ဆုိတာ အားလုံးသိၾကပါတယ္။ သဘာဝက်က်ေတြးမယ္ဆုိရင္ေတာ့ ဂ်ာမဏီႏုိင္ငံထုတ္အမွတ္တံဆိပ္နဲ႔ ကုန္ပစၥည္းေတြဟာ ဂ်ာမဏီႏုိင္ငံကပဲ ထုတ္လုပ္ဖန္တီးရမွာပါ။ ဒီအခ်က္ဟာ အေနအထားတစ္ခုအထိ မွန္ပါတယ္။ ဒါေပမယ့္ တစ္ကမာၻလုံးအတုိင္းအတာနဲ႔ ဝယ္လုိအားေတြမ်ားေနတဲ့ အမွတ္တံဆိပ္တစ္ခုအေနနဲ႔ ဝယ္ယူအားေပးသူေတြရဲ႕ လုိအင္ဆႏၵေတြကုိ ျဖည့္ဆည္းေပးဖုိ႔အတြက္ လုပ္ငန္းကုိျဖန္႔က်က္ၿပီး အျခားႏုိင္ငံေတြမွာ စက္႐ုံေတြကုိ တည္ေထာင္ရပါတယ္။ ကုန္ထုတ္လုပ္တဲ့ စက္႐ုံတည္ရွိတဲ့ ႏုိင္ငံအလုိက္ Made In ႏုိင္ငံေတြဟာလည္း အသီးသီးကြဲျပားသြားတာေၾကာင့္ အဲဒီမွာစၿပီး နားလည္မႈေတြ ကြဲလြဲသြားတာပဲ ျဖစ္ပါတယ္။ ဒီကိစၥဟာ လူအေမးမ်ားတဲ့ ကိစၥတစ္ခုလည္း ျဖစ္သလုိ Adidas တင္မက အျခားကုန္ထုတ္ကုန္ေတြအတြက္ပါ အက်ိဳးသက္ေရာက္မႈရွိတဲ့အတြက္ အခုလုိ Made In ႏုိင္ငံေတြ အေၾကာင္းကုိ ဗဟုသုတျဖစ္ဖြယ္ ေရးသားတင္ဆက္ေပးလိုက္ရပါတယ္။

ကမာၻ႔တုိက္ေပါင္းစုံမွာ ထည္ေထာင္ထားတဲ့ Adidas စက္႐ုံေပါင္းမ်ားစြာ

ေကာက္ယူထားတဲ့ စစ္တမ္းေတြအရဆုိရင္ ၂၀၁၀ ခုႏွစ္အထိ တစ္ကမာၻလုံးအတုိင္းအတာနဲ႔ ႏုိင္ငံေပါင္း ၆၉ ႏုိင္ငံမွာ Adidas ကုန္ပစၥည္းထုတ္လုပ္တဲ့ စက္႐ုံေတြရွိပါတယ္။ Adidas ဟာ စက္႐ုံေတြကုိ အာဖရိကတုိက္၊ အာရွတုိက္၊ ၾသစေတးလ်တုိက္နဲ႔ နယူးဇီလန္၊ ဥေရာပတုိက္နဲ႔ အေမရိကန္တုိက္တုိ႔မွာ အသီးသီး တည္ထားတာပဲ ျဖစ္ပါတယ္။ ဒါဟာ ဘာေၾကာင့္လည္းဆုိေတာ့ တစ္ကမာၻလုံးအတုိင္းအတာနဲ႔ လုပ္ငန္းကုိ တြင္က်ယ္စြာလုပ္ေဆာင္ႏုိင္ဖုိ႔နဲ႔ တစ္ကမာၻလုံးရဲ႕ ဝယ္လုိအားေတာင္းဆုိမႈေတြကုိ ျဖည့္ဆည္းေပးဖုိ႔ပဲ ျဖစ္ပါတယ္။ ကမာၻ႔တိုက္ေပါင္းမ်ားစြာမွာ စက္႐ုံတည္ထားတဲ့ Adidas အေနနဲ႔ စက္ရုံေတြကို ၿပီးစလြယ္ တည္ေထာင္ခဲ့တာေတာ့ မဟုတ္ပါဘူး။ Adidas အမွတ္တံဆိပ္ထုတ္ကုန္ေတြကို ထုတ္လုပ္ၿပီး ကမာၻ႔နယ္ပယ္အသီးသီးကုိ တင္ပုိ႔မွာျဖစ္တဲ့အတြက္ ထုတ္ကုန္ေတြရဲ႕ အရည္အေသြးကုိ အၿမဲတမ္းျပည့္ဝေနေအာင္ ထိန္းသိမ္းထားၿပီး ႏုိင္ငံတကာအရည္အေသြးနဲ႔ စံခ်ိန္စံၫႊန္းေတြကုိ ျပဌာန္းသတ္မွတ္ထားၿပီးသား ျဖစ္ပါတယ္။

Adidas Shop

Adidas Shop

Adidas စက္႐ုံေပါင္းမ်ားစြာကုိ အေသးစိတ္အက်ယ္ျဖန္႔ၾကည့္တဲ့အခါ

Adidas စက္႐ုံေတြကို အေသးစိတ္ေရတြက္ၾကည့္မယ္ဆုိရင္ အာရွတုိက္ဟာ Adidas စက္႐ုံေတြ အမ်ားစုတည္ထားရာ တုိက္ျဖစ္ေနပါတယ္။ Adidas ရဲ႕တရားဝင္ထုတ္ျပန္ခ်က္အရဆုိရင္ Adidas ရဲ႕ ၂၇ ရာခုိင္ႏႈန္းေသာ စက္႐ုံေတြဟာ တ႐ုတ္ျပည္မွာတည္ရွိေနပါတယ္။ စက္႐ုံေတြကုိ အေသးစိတ္ ႏုိင္ငံအလုိက္ ေရတြက္ၾကည့္မယ္ဆုိရင္ အာရွတုိက္အတြင္းမွာပဲ တ႐ုတ္ႏုိင္ငံမွာ ၃၃၇ ႐ုံ၊ အိႏၵိယမွာ ၉၉ ႐ုံ၊ အင္ဒုိနီးရွားမွာ ၇၉ ႐ုံနဲ႔ ဗီယက္နမ္မွာ ၇၆ ႐ုံ၊ ဒါ့အျပင္ ဂ်ပန္၊ ကုိရီးယား၊ ထုိင္ဝမ္၊ ထိုင္း၊ ကေမာၻဒီးယား၊ ပါကစၥတန္နဲ႔ ဖိလစ္ပိုင္ႏုိင္ငံတုိ႔မွာ စက္႐ုံေပါင္း ၁၀ ႐ုံကေန ၆၀ အထိ စက္႐ုံအေရအတြက္ရွိပါတယ္။ ဒါေတာင္ ကမာၻ႕အေရွ႕ပုိင္းအာရွတုိက္တစ္ခုတည္းအတြင္းမွာပဲ ရွိပါေသးတယ္။ အေနာက္ႏုိင္ငံေတြနဲ႔ ဥေရာပတုိက္ေတြကုိ ထည့္သြင္းမေရတြက္ရေသးပါဘူး။

Black Adidas

Black Adidas

အေနာက္ပုိင္းႏုိင္ငံေတြနဲ႔ ဥေရာပတစ္ခြင္ကစက္႐ုံေတြ

အံ့ၾသစရာေကာင္းတဲ့တစ္ခ်က္က Adidas အမွတ္တံဆိပ္ရဲ႕ မိခင္တုိင္းျပည္ျဖစ္တဲ့ ဂ်ာမနီႏုိင္ငံမွာေတာင္ Adidas စက္႐ုံ ၂၃ ႐ုံပဲ တည္ထားပါတယ္။ ဒါေပမယ့္ ဒီအေရအတြက္ဟာ ဥေရာပတုိက္မွာေတာ့ အမ်ားဆုံးပါ။ တျခားဥေရာပႏုိင္ငံေတြျဖစ္ၾကတဲ့ အီတလီ၊ စပိန္နဲ႔ ယူေကအတြင္းမွာ စက္႐ုံေပါင္း ၁၃ ႐ုံ။ ဆီြဒင္၊ ဒိန္းမတ္နဲ႔ ဖင္လန္ႏိုင္ငံတုိ႔မွာ စုစုေပါင္း ၉ ႐ုံ (ဆီြဒင္ႏုိင္ငံထဲမွာပဲ ၇ ႐ုံ) တည္ထားပါတယ္။ ေနာက္ၿပီးၾသစေတးလ်တုိက္နဲ႔ နယူးဇီလန္တုိ႔မွာလည္း စက္႐ုံေတြတည္ထားေပမယ့္ စက္႐ုံ ၁၀ ႐ုံအထိ အေရအတြက္ကုိ ေလွ်ာ့ခ်လုိက္ပါတယ္။ အေမရိကတုိက္အေနနဲ႔ဆုိရင္လည္း ကုန္ထုတ္လုပ္တဲ့ စက္႐ုံေတြတည္ထားတာ မ်ားျပားတယ္လုိ႔ ဆိုရမွာပါပဲ။ ဘာလုိ႔လည္းဆုိေတာ့ အေမရိကတုိက္မွာ စက္႐ုံေပါင္း ၂၁၅ ႐ုံရွိေနလုိ႔ပါပဲ။ ေျမာက္အေမရိကတုိက္အတြင္းမွာ အေမရိကန္ႏုိင္ငံဆုိရင္ ၇၁ စက္႐ုံ၊ ကေနဒါမွာ ၂၉ ႐ုံနဲ႔ မကၠစီကုိတုိ႔မွာ ၁၉ ႐ုံ အသီးသီး တည္ထားျပန္ပါတယ္။ ေတာင္အေမရိကတုိက္မွာဆုိရင္ ကုန္ထုတ္လုပ္တဲ့ စက္႐ုံအမ်ားဆုံးကေတာ့ ဘရာဇီးႏုိင္ငံျဖစ္ၿပီး စက္႐ုံေပါင္း ၅၀ အထိရွိေနပါတယ္။ အေနာက္တုိင္းႏုိင္ငံခ်ည္းပဲ ေပါင္းလုိက္ရင္ေတာ့ အေရအတြက္ အေတာ္ေလးမ်ားတယ္လုိ႔ ဆုိလုိ႔ရပါတယ္။

White Adidas

White Adidas

ျပည့္မီတဲ့အဆင့္အတန္းနဲ႔ Adidas ကုန္ပစၥည္းအရည္အေသြးကုိ ထိန္းသိမ္းထားႏုိင္မႈ

ဥပမာအေနနဲ႔ေျပာရမယ္ဆုိရင္ iPhone ေတြကုိပဲၾကည့္ပါ။ iPhone ေတြဟာ ဝယ္လုိအားနဲ႔ ေရာင္းလုိအားမမွ်တဲ့အတြက္ iPhone ေတြကုိ အေရအတြက္မ်ားမ်ားထုတ္ဖုိ႔ တ႐ုတ္ျပည္မွာစက္႐ုံေတြ တည္ထားတယ္ဆုိတာ အားလုံးသိၾကမွာပါ။ ဒါေပမယ့္ ပါဝင္တဲ့နည္းပညာ၊ အရည္အေသြးနဲ႔ တာရွည္ခံမႈေတြကေတာ့ တစ္ကမာၻလုံးမွာရွိတဲ့ iPhone ေတြနဲ႔ တန္းတူပါပဲ။ ျမန္မာႏုိင္ငံအတြင္းမွာရွိေနတဲ့ KFC လုိ စားေသာက္ဆုိင္မ်ိဳးဆုိရင္လည္း တည္ထားတဲ့ႏုိင္ငံသာ ကြဲျပားသြားတာ သူ႔ၾကက္ေၾကာ္ရဲ႕အရသာနဲ႔ ခ်က္ထားတဲ့ဟင္းခ်က္နည္းစနစ္ဟာ တစ္ကမာၻလုံးနဲ႔တန္းတူပါပဲ။ ဒီလုိနည္းေတြနဲ႔ပဲ အျခားႏုိင္ငံကတင္သြင္းလာတဲ့ ထုတ္ကုန္ပစၥည္းေတြနဲ႔ အစားအေသာက္ေတြကုိ ကၽြန္ေတ္ာတုိ႔ဟာ ဝယ္ယူစားသုံးေနၾကတာပါ။ အဲဒီအခ်က္ဟာ Adidas အတြက္လည္း တန္းတူအက်ိဳးသက္ေရာက္မႈရွိပါတယ္။

Adidas Made in Germany

Adidas Made in Germany

ဂ်ာမဏီႏုိင္ငံက ထုတ္လုပ္ၿပီး Made In က အင္ဒုိနီးရွားျဖစ္လုိ႔၊ တ႐ုတ္ျဖစ္လုိ႔၊ ဗီယက္နမ္ျဖစ္လုိ႔ ဝယ္ဖုိ႔တြန္႔ဆုတ္ေနတဲ့ အေတြးေတြကုိ ဒီစာေလးဖတ္ၿပီးရင္ ေဖ်ာက္ဖ်က္လိုက္ဖုိ႔လုိပါတယ္။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ Adidas စက္႐ုံတုိင္းမွာ ဟုိးအစဥ္အဆက္ ေတာက္ေလ်ာက္ခ်မွတ္လာခဲ့တဲ့ အရည္အေသြးထိန္းသိမ္းဖုိ႔ နည္းစနစ္နဲ႔ လုိက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ ရွိေနလုိ႔ပါပဲ။

Adidas made in India

Adidas made in India

တစ္ကမာၻလုံးကုိတင္သြင္းရမယ့္ ထုတ္ကုန္ေတြကုိ Adidas အေနနဲ႔ အရည္အေသြးအေလ်ာ့ခံၿပီး Brand နာမည္အက်ခံပါ့မလားဆုိတာကုိ တစ္ခ်က္စဥ္းစားၾကည့္ပါ။ ဒီေလာက္ဆုိရင္ ဘာေၾကာင့္ Made In ႏုိင္ငံေတြဟာ ကြဲျပားရသလဲ? ကြဲျပားမႈအေပၚမွာ အက်ိဳးသက္ေရာက္မႈ ဘယ္လုိရွိသလဲဆုိတာကုိ အားလုံးသိသြားၾကလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

Adidas Made in Vietnam

Adidas Made in Vietnam

Made In ႏုိင္ငံကုိၾကည့္ၿပီး ကုန္ပစၥည္းတစ္ခုရဲ႕တန္ဖုိးကုိ ခန္႔မွန္းသတ္မွတ္တာ မမွန္ကန္ဘူးဆိုတာကို ဒီစာေလးဖတ္ၿပီး သိရွိနားလည္သြားမယ္လုိ႔ ထင္ပါတယ္။ နာမည္ႀကီးထုတ္ကုန္တစ္ခုရဲ႕ စစ္မွန္မႈအရည္အေသြးကေတာ့ ဘယ္ႏုိင္ငံကပစၥည္းနဲ႔ ယွဥ္ယွဥ္ အတူတူပဲဆုိတာ အားလုံးသိဖုိ႔လုိပါတယ္။ အခ်ိန္ေပးၿပီး ဒီအထိဖတ္႐ႈခဲ့ေပးတဲ့ Adidas ပရိသတ္မ်ားကုိ ေက်းဇူးအထူးတင္ပါတယ္။ ေနာက္လည္း အားလုံးဗဟုသုတရမယ့္ အခုလုိပုိ႔စ္ေလးေတြကုိ တင္ဆက္ေပးသြားပါ့မယ္။ ဖတ္႐ႈသူ စာဖတ္ပရိသတ္မ်ားအားလုံးကုိ အစဥ္ေလးစားလ်က္ပါလုိ႔ ဒီကေနေျပာလုိက္ရပါတယ္။

Yan

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Adidas ထုတ်ကုန်နဲ့ပတ်သက်ပြီး အမေးများနေတဲ့ ကွဲပြားခြားနားသော Made In နိုင်ငံတွေအကြောင်း

Adidas ချစ်သူတွေအားလုံးကို အရင်ဆုံးမင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ ခေါင်းစဉ်ကိုဖတ်ပြီး ဘယ်လိုအကြောင်းအရာတွေကို ဖတ်ရှုရမလဲဆိုတာကို စိတ်ဝင်စားနေကြသူတွေအတွက် အားလုံးအတွက် အသုံးတည့်မယ့် ဗဟုသုတတစ်ခုကို ဒီပို့စ်မှာတင်ဆက်သွားမှာပါ။ အဲဒီတော့ ဒီပို့စ်မှာ ပြောပြပေးသွားမှာကတော့ Adidas ဖိနပ်တွေမှာ တွေ့ရတဲ့ Made In နိုင်ငံတွေ အကြောင်းပဲ ဖြစ်ပါတယ်။

Adidas အမှတ်တံဆိပ်ဟာ ဂျာမဏီနိုင်ငံက စတင်မွေးဖွားခဲ့တဲ့ အမှတ်တံဆိပ်ဆိုတာ အားလုံးသိကြပါတယ်။ သဘာဝကျကျတွေးမယ်ဆိုရင်တော့ ဂျာမဏီနိုင်ငံထုတ်အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေဟာ ဂျာမဏီနိုင်ငံကပဲ ထုတ်လုပ်ဖန်တီးရမှာပါ။ ဒီအချက်ဟာ အနေအထားတစ်ခုအထိ မှန်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝယ်လိုအားတွေများနေတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ ဝယ်ယူအားပေးသူတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် လုပ်ငန်းကိုဖြန့်ကျက်ပြီး အခြားနိုင်ငံတွေမှာ စက်ရုံတွေကို တည်ထောင်ရပါတယ်။ ကုန်ထုတ်လုပ်တဲ့ စက်ရုံတည်ရှိတဲ့ နိုင်ငံအလိုက် Made In နိုင်ငံတွေဟာလည်း အသီးသီးကွဲပြားသွားတာကြောင့် အဲဒီမှာစပြီး နားလည်မှုတွေ ကွဲလွဲသွားတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ လူအမေးများတဲ့ ကိစ္စတစ်ခုလည်း ဖြစ်သလို Adidas တင်မက အခြားကုန်ထုတ်ကုန်တွေအတွက်ပါ အကျိုးသက်ရောက်မှုရှိတဲ့အတွက် အခုလို Made In နိုင်ငံတွေ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

ကမ္ဘာ့တိုက်ပေါင်းစုံမှာ ထည်ထောင်ထားတဲ့ Adidas စက်ရုံပေါင်းများစွာ

ကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင် ၂၀၁၀ ခုနှစ်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း ၆၉ နိုင်ငံမှာ Adidas ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေရှိပါတယ်။ Adidas ဟာ စက်ရုံတွေကို အာဖရိကတိုက်၊ အာရှတိုက်၊ သြစတေးလျတိုက်နဲ့ နယူးဇီလန်၊ ဥရောပတိုက်နဲ့ အမေရိကန်တိုက်တို့မှာ အသီးသီး တည်ထားတာပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လုပ်ငန်းကို တွင်ကျယ်စွာလုပ်ဆောင်နိုင်ဖို့နဲ့ တစ်ကမ္ဘာလုံးရဲ့ ဝယ်လိုအားတောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့တိုက်ပေါင်းများစွာမှာ စက်ရုံတည်ထားတဲ့ Adidas အနေနဲ့ စက်ရုံတွေကို ပြီးစလွယ် တည်ထောင်ခဲ့တာတော့ မဟုတ်ပါဘူး။ Adidas အမှတ်တံဆိပ်ထုတ်ကုန်တွေကို ထုတ်လုပ်ပြီး ကမ္ဘာ့နယ်ပယ်အသီးသီးကို တင်ပို့မှာဖြစ်တဲ့အတွက် ထုတ်ကုန်တွေရဲ့ အရည်အသွေးကို အမြဲတမ်းပြည့်ဝနေအောင် ထိန်းသိမ်းထားပြီး နိုင်ငံတကာအရည်အသွေးနဲ့ စံချိန်စံညွှန်းတွေကို ပြဌာန်းသတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။

Adidas Shop

Adidas Shop

Adidas စက်ရုံပေါင်းများစွာကို အသေးစိတ်အကျယ်ဖြန့်ကြည့်တဲ့အခါ

Adidas စက်ရုံတွေကို အသေးစိတ်ရေတွက်ကြည့်မယ်ဆိုရင် အာရှတိုက်ဟာ Adidas စက်ရုံတွေ အများစုတည်ထားရာ တိုက်ဖြစ်နေပါတယ်။ Adidas ရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင် Adidas ရဲ့ ၂၇ ရာခိုင်နှုန်းသော စက်ရုံတွေဟာ တရုတ်ပြည်မှာတည်ရှိနေပါတယ်။ စက်ရုံတွေကို အသေးစိတ် နိုင်ငံအလိုက် ရေတွက်ကြည့်မယ်ဆိုရင် အာရှတိုက်အတွင်းမှာပဲ တရုတ်နိုင်ငံမှာ ၃၃၇ ရုံ၊ အိန္ဒိယမှာ ၉၉ ရုံ၊ အင်ဒိုနီးရှားမှာ ၇၉ ရုံနဲ့ ဗီယက်နမ်မှာ ၇၆ ရုံ၊ ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ စက်ရုံပေါင်း ၁၀ ရုံကနေ ၆၀ အထိ စက်ရုံအရေအတွက်ရှိပါတယ်။ ဒါတောင် ကမ္ဘာ့အရှေ့ပိုင်းအာရှတိုက်တစ်ခုတည်းအတွင်းမှာပဲ ရှိပါသေးတယ်။ အနောက်နိုင်ငံတွေနဲ့ ဥရောပတိုက်တွေကို ထည့်သွင်းမရေတွက်ရသေးပါဘူး။

Black Adidas

Black Adidas

အနောက်ပိုင်းနိုင်ငံတွေနဲ့ ဥရောပတစ်ခွင်ကစက်ရုံတွေ

အံ့သြစရာကောင်းတဲ့တစ်ချက်က Adidas အမှတ်တံဆိပ်ရဲ့ မိခင်တိုင်းပြည်ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာတောင် Adidas စက်ရုံ ၂၃ ရုံပဲ တည်ထားပါတယ်။ ဒါပေမယ့် ဒီအရေအတွက်ဟာ ဥရောပတိုက်မှာတော့ အများဆုံးပါ။ တခြားဥရောပနိုင်ငံတွေဖြစ်ကြတဲ့ အီတလီ၊ စပိန်နဲ့ ယူကေအတွင်းမှာ စက်ရုံပေါင်း ၁၃ ရုံ။ ဆွီဒင်၊ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့မှာ စုစုပေါင်း ၉ ရုံ (ဆွီဒင်နိုင်ငံထဲမှာပဲ ၇ ရုံ) တည်ထားပါတယ်။ နောက်ပြီးသြစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာလည်း စက်ရုံတွေတည်ထားပေမယ့် စက်ရုံ ၁၀ ရုံအထိ အရေအတွက်ကို လျှော့ချလိုက်ပါတယ်။ အမေရိကတိုက်အနေနဲ့ဆိုရင်လည်း ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေတည်ထားတာ များပြားတယ်လို့ ဆိုရမှာပါပဲ။ ဘာလို့လည်းဆိုတော့ အမေရိကတိုက်မှာ စက်ရုံပေါင်း ၂၁၅ ရုံရှိနေလို့ပါပဲ။ မြောက်အမေရိကတိုက်အတွင်းမှာ အမေရိကန်နိုင်ငံဆိုရင် ၇၁ စက်ရုံ၊ ကနေဒါမှာ ၂၉ ရုံနဲ့ မက္ကစီကိုတို့မှာ ၁၉ ရုံ အသီးသီး တည်ထားပြန်ပါတယ်။ တောင်အမေရိကတိုက်မှာဆိုရင် ကုန်ထုတ်လုပ်တဲ့ စက်ရုံအများဆုံးကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး စက်ရုံပေါင်း ၅၀ အထိရှိနေပါတယ်။ အနောက်တိုင်းနိုင်ငံချည်းပဲ ပေါင်းလိုက်ရင်တော့ အရေအတွက် အတော်လေးများတယ်လို့ ဆိုလို့ရပါတယ်။

White Adidas

White Adidas

ပြည့်မီတဲ့အဆင့်အတန်းနဲ့ Adidas ကုန်ပစ္စည်းအရည်အသွေးကို ထိန်းသိမ်းထားနိုင်မှု

ဥပမာအနေနဲ့ပြောရမယ်ဆိုရင် iPhone တွေကိုပဲကြည့်ပါ။ iPhone တွေဟာ ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက် iPhone တွေကို အရေအတွက်များများထုတ်ဖို့ တရုတ်ပြည်မှာစက်ရုံတွေ တည်ထားတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ပါဝင်တဲ့နည်းပညာ၊ အရည်အသွေးနဲ့ တာရှည်ခံမှုတွေကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ iPhone တွေနဲ့ တန်းတူပါပဲ။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ KFC လို စားသောက်ဆိုင်မျိုးဆိုရင်လည်း တည်ထားတဲ့နိုင်ငံသာ ကွဲပြားသွားတာ သူ့ကြက်ကြော်ရဲ့အရသာနဲ့ ချက်ထားတဲ့ဟင်းချက်နည်းစနစ်ဟာ တစ်ကမ္ဘာလုံးနဲ့တန်းတူပါပဲ။ ဒီလိုနည်းတွေနဲ့ပဲ အခြားနိုင်ငံကတင်သွင်းလာတဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ကျွန်တေ်ာတို့ဟာ ဝယ်ယူစားသုံးနေကြတာပါ။ အဲဒီအချက်ဟာ Adidas အတွက်လည်း တန်းတူအကျိုးသက်ရောက်မှုရှိပါတယ်။

Adidas Made in Germany

Adidas Made in Germany

ဂျာမဏီနိုင်ငံက ထုတ်လုပ်ပြီး Made In က အင်ဒိုနီးရှားဖြစ်လို့၊ တရုတ်ဖြစ်လို့၊ ဗီယက်နမ်ဖြစ်လို့ ဝယ်ဖို့တွန့်ဆုတ်နေတဲ့ အတွေးတွေကို ဒီစာလေးဖတ်ပြီးရင် ဖျောက်ဖျက်လိုက်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Adidas စက်ရုံတိုင်းမှာ ဟိုးအစဉ်အဆက် တောက်လျောက်ချမှတ်လာခဲ့တဲ့ အရည်အသွေးထိန်းသိမ်းဖို့ နည်းစနစ်နဲ့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိနေလို့ပါပဲ။

Adidas made in India

Adidas made in India

တစ်ကမ္ဘာလုံးကိုတင်သွင်းရမယ့် ထုတ်ကုန်တွေကို Adidas အနေနဲ့ အရည်အသွေးအလျော့ခံပြီး Brand နာမည်အကျခံပါ့မလားဆိုတာကို တစ်ချက်စဉ်းစားကြည့်ပါ။ ဒီလောက်ဆိုရင် ဘာကြောင့် Made In နိုင်ငံတွေဟာ ကွဲပြားရသလဲ? ကွဲပြားမှုအပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတာကို အားလုံးသိသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Adidas Made in Vietnam

Adidas Made in Vietnam

Made In နိုင်ငံကိုကြည့်ပြီး ကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးကို ခန့်မှန်းသတ်မှတ်တာ မမှန်ကန်ဘူးဆိုတာကို ဒီစာလေးဖတ်ပြီး သိရှိနားလည်သွားမယ်လို့ ထင်ပါတယ်။ နာမည်ကြီးထုတ်ကုန်တစ်ခုရဲ့ စစ်မှန်မှုအရည်အသွေးကတော့ ဘယ်နိုင်ငံကပစ္စည်းနဲ့ ယှဉ်ယှဉ် အတူတူပဲဆိုတာ အားလုံးသိဖို့လိုပါတယ်။ အချိန်ပေးပြီး ဒီအထိဖတ်ရှုခဲ့ပေးတဲ့ Adidas ပရိသတ်များကို ကျေးဇူးအထူးတင်ပါတယ်။ နောက်လည်း အားလုံးဗဟုသုတရမယ့် အခုလိုပို့စ်လေးတွေကို တင်ဆက်ပေးသွားပါ့မယ်။ ဖတ်ရှုသူ စာဖတ်ပရိသတ်များအားလုံးကို အစဉ်လေးစားလျက်ပါလို့ ဒီကနေပြောလိုက်ရပါတယ်။

Yan

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။