This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

စီေရာ္လ္နယ္ဒိုရဲ႕ ဖရီးကစ္သြင္းဂိုးေတြကို ရပ္တန္႔ဖို႔ အထူးဒီဇိုင္း ေရးဆြဲထားတဲ့ Telstar 18

ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အသံုးျပဳမယ့္ Telstar 18 လို႔ အမည္ရတဲ့ ေဘာလံုးကို နာမည္ေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ရဲ႕ ဖရီးကစ္ သြင္းဂိုးေတြကို ရပ္တန္႔ဖို႔ အထူးဒီဇိုင္း ေရးဆြဲၿပီး ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ Telstar 18 ေဘာလံုးကို နာမည္ေက်ာ္ အားကစားပစၥည္း ထုတ္လုပ္ေရး ကုမၸဏီတစ္ခုျဖစ္တဲ့ Adidas က ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ Adidas ရဲ႕ သုေသတနပညာရွင္ေတြက ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အသံုးျပဳမယ့္ Telstar 18 ကို အထူးဒီဇိုင္း ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ တိုက္စစ္မွဴး စီေရာ္နယ္လ္ဒို C.Ronaldo ကို အဓိက ပစ္မွတ္ထားၿပီး သူ႔ရဲ႕ ဖရီးကစ္ သြင္းဂိုးေတြကို ရပ္တန္႔ႏိုင္ဖို႔ လွ်ိဳ႕ဝွက္ခ်က္ တစ္ခုအေနနဲ႔ ဒီဇိုင္းေရးဆြဲ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ အရွိန္ျပင္းျပင္းနဲ႔ ေဝ့ဝိုက္ကာ ေဘာလံုး လမ္းေၾကာင္း ရုတ္တရက္ ေျပာင္းလဲေအာင္ ဖရီးကစ္သြင္းဂိုးေတြကို ကန္သြင္းတက္တဲ့ စီေရာ္နယ္လ္ဒို C.Ronaldo အပါအဝင္ ကစားသမားတခ်ိဳ႔အတြက္ ခက္ခဲေအာင္ Telstar 18 ကို အထူးဒီဇိုင္းေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ ‘knuckle-ball’  ဖရီးကစ္ကန္ခ်က္လို႔ ေခၚတဲ့ အဲဒီကန္ခ်က္ေတြကေန သြင္းဂိုးေတြ ရယူေလ့ရွိတဲ့ ကစားသမားေတြအတြက္ ခက္ခဲဖို႔ရွိေပမယ့္ ‘knuckle-ball’ ကန္ခ်က္ကို ကာကြယ္ရတဲ့ ဂုိးသမားေတြအတြက္ အေထာက္အကူျဖစ္ေအာင္ အထူးဒီဇိုင္းေရးဆြဲခဲ့တာ ျဖစ္ပါတယ္။

Adidas-have-brought-out-a-brand-new-match-ball-for-the-tournament

Adidas-have-brought-out-a-brand-new-match-ball-for-the-tournament

Telstar 18 ေဘာလံုးက ဂိုးသမားေတြအတြက္ ေလထဲကလာမယ့္ ေဘာလံုးလမ္းေၾကာင္းကို ပိုမိုတိက်စြာ တြက္ဆလို႔ရေအာင္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ၁၉၇၀ မကၠဆီကို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အသံုးျပဳခဲ့တဲ့ ေဘာလံုးပံုစံကို ယူကာ Telstar 18 ေဘာလံုးကို ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ေဆးလုပ္ငန္းသံုး သိုင္းႀကိဳးပံုစံတူေတြကို တစ္ခုနဲ႔တစ္ခု တစ္ထပ္တည္းက်ေအာင္ ဆက္တဲ့ပံုစံနဲ႔ Telstar 18 ကို ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ေလတိုက္ႏွႈန္းေၾကာင့္ လမ္းေၾကာင္းေျပာင္းလဲမႈေတြကို ေလ်ာ႔ခ်ႏိုင္ေအာင္ ေရးဆြဲထားတာ ျဖစ္ပါတယ္။ ေဘာလံုးကို တရားဝင္ မထုတ္ျပန္ခင္  Loughborough University မွာရွိတဲ့ ေလျပြန္ခန္းထဲမွာ စမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ၿပီး တစ္နာရီ မိုင္ (၉၀)ႏႈန္းနဲ႔ ကန္လိုက္တဲ့ ေဘာလံုးက လမ္းေၾကာင္း ေျပာင္းလဲျခင္းမရွိဘဲ တြက္ဆထားတဲ့ ေနရာကို လမ္းေၾကာင္း ေျပာင္းလဲျခင္းမရွိခဲ့ပါဘူး။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

စီရော်လ်နယ်ဒိုရဲ့ ဖရီးကစ်သွင်းဂိုးတွေကို ရပ်တန့်ဖို့ အထူးဒီဇိုင်း ရေးဆွဲထားတဲ့ Telstar 18

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် Telstar 18 လို့ အမည်ရတဲ့ ဘောလုံးကို နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ရဲ့ ဖရီးကစ် သွင်းဂိုးတွေကို ရပ်တန့်ဖို့ အထူးဒီဇိုင်း ရေးဆွဲပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Telstar 18 ဘောလုံးကို နာမည်ကျော် အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Adidas က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Adidas ရဲ့ သုသေတနပညာရှင်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် Telstar 18 ကို အထူးဒီဇိုင်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် တိုက်စစ်မှူး စီရော်နယ်လ်ဒို C.Ronaldo ကို အဓိက ပစ်မှတ်ထားပြီး သူ့ရဲ့ ဖရီးကစ် သွင်းဂိုးတွေကို ရပ်တန့်နိုင်ဖို့ လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရှိန်ပြင်းပြင်းနဲ့ ဝေ့ဝိုက်ကာ ဘောလုံး လမ်းကြောင်း ရုတ်တရက် ပြောင်းလဲအောင် ဖရီးကစ်သွင်းဂိုးတွေကို ကန်သွင်းတက်တဲ့ စီရော်နယ်လ်ဒို C.Ronaldo အပါအဝင် ကစားသမားတချို့အတွက် ခက်ခဲအောင် Telstar 18 ကို အထူးဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ‘knuckle-ball’  ဖရီးကစ်ကန်ချက်လို့ ခေါ်တဲ့ အဲဒီကန်ချက်တွေကနေ သွင်းဂိုးတွေ ရယူလေ့ရှိတဲ့ ကစားသမားတွေအတွက် ခက်ခဲဖို့ရှိပေမယ့် ‘knuckle-ball’ ကန်ချက်ကို ကာကွယ်ရတဲ့ ဂိုးသမားတွေအတွက် အထောက်အကူဖြစ်အောင် အထူးဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Adidas-have-brought-out-a-brand-new-match-ball-for-the-tournament

Adidas-have-brought-out-a-brand-new-match-ball-for-the-tournament

Telstar 18 ဘောလုံးက ဂိုးသမားတွေအတွက် လေထဲကလာမယ့် ဘောလုံးလမ်းကြောင်းကို ပိုမိုတိကျစွာ တွက်ဆလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ၁၉၇၀ မက္ကဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးပုံစံကို ယူကာ Telstar 18 ဘောလုံးကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆေးလုပ်ငန်းသုံး သိုင်းကြိုးပုံစံတူတွေကို တစ်ခုနဲ့တစ်ခု တစ်ထပ်တည်းကျအောင် ဆက်တဲ့ပုံစံနဲ့ Telstar 18 ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး လေတိုက်နှှုန်းကြောင့် လမ်းကြောင်းပြောင်းလဲမှုတွေကို လျော့ချနိုင်အောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဘောလုံးကို တရားဝင် မထုတ်ပြန်ခင်  Loughborough University မှာရှိတဲ့ လေပြွန်ခန်းထဲမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး တစ်နာရီ မိုင် (၉၀)နှုန်းနဲ့ ကန်လိုက်တဲ့ ဘောလုံးက လမ်းကြောင်း ပြောင်းလဲခြင်းမရှိဘဲ တွက်ဆထားတဲ့ နေရာကို လမ်းကြောင်း ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com