[Zawgyi]

Ultraboost Parley ဖိနပ္က ကမၻာ့ေရထုကုိ ထိန္းသိမ္းရာေရာက္တယ္တဲ့

Adidas ခ်စ္သူမ်ား အားလုံးကို မဂၤလာပါလို႔ အရင္ဆုံးႏႈတ္ဆက္လိုက္ပါတယ္။ ပို႔စ္ရဲ႕အေၾကာင္းအရာမစတင္ခင္မွာ စကားဦးသန္းတဲ့အေနနဲ႔ Adidas ရဲ႕မိတ္ေဟာင္းမိတ္သစ္ေတြကို အသိေပးခ်င္တာေလး ရွိပါတယ္။ အဲဒါကေတာ့ Adidas နဲ႔ပတ္သက္တဲ့ မွတ္သားဖြယ္ရာ၊ စိတ္ဝင္စားစရာ ဗဟုသုတအပိုင္းအစေလးေတြကို လတိုင္းလတိုင္း ေပ့ခ်္မွာ ပုံမွန္မွ်ေဝေပးေနတယ္ဆိုတာပါပဲ။ Adidas ကို ဟိုးအရင္ကတည္းက အစဥ္တစိုက္အားေပးလာတဲ့ ပရိသတ္ေတြဟာ Adidas အမွတ္တံဆိပ္နဲ႔ ပတ္သက္လာရင္ အေထြအထူး ရွင္းျပေနစရာမလိုေအာင္ Brand ဗဟုသုတႂကြယ္သူေတြ ျဖစ္ပါတယ္။ အထူးသျဖင့္ Adidas ခ်စ္သူေတြဟာ အမွတ္တံဆိပ္ရဲ႕ ျပည့္မွီတဲ့အရည္အေသြး၊ သူမတူတဲ့အားသာခ်က္ေတြနဲ႔ အသုံးတည့္မႈ ေကာင္းက်ိဳးေတြကို ေကာင္းစြာနားလည္သေဘာေပါက္သူေတြ ျဖစ္ၾကၿပီး ေ႐ြးခ်ယ္စရာ အမွတ္တံဆိပ္ေပါင္းမ်ားစြာရွိတဲ့အထဲကမွ ဘာေၾကာင့္ Adidas ကိုေ႐ြးခ်ယ္သင့္သလဲဆိုတာကို ရွင္းရွင္းလင္းလင္းသိသူေတြျဖစ္ပါတယ္။ အဲဒီေတာ့ ဒီတစ္ေခါက္မွာလည္း အားလုံးဗဟုသုတျဖစ္တဲ့ အေၾကာင္းအရာေလးတစ္ခု ေ႐ြးခ်ယ္ထားပါတယ္။ တစ္ခ်ိန္မွာ ကမာၻ႔ထိပ္တန္းစာရင္းဝင္ ကုန္အမွတ္တံဆိပ္တစ္ခုျဖစ္လာမယ့္ Adidas ဟာ ဟိုးအရင္ Brand စတင္ထူေထာင္တဲ့အခ်ိန္ကတည္းက နယ္ပယ္အရပ္ရပ္က ပညာရွင္ေတြနဲ႔ လက္တြဲမႈေတြ လုပ္ေဆာင္ခဲ့တာ အားလုံးလည္းသိၾကမွာပါ။ ဒီပို႔စ္နဲ႔အတူ Adidas ခ်စ္သူေတြကို ျပန္လည္မွ်ေဝေပးသြားမွာကေတာ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕အစည္းျဖစ္တဲ့ Parley နဲ႔ Adidas တို႔ အတူပူးေပါင္းၿပီး ကမာၻ႔ပင္လယ္ျပင္ေရထုကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ခဲ့တဲ့ အေၾကာင္းပဲျဖစ္ပါတယ္။ အဆင္သင့္ျဖစ္ေနၿပီဆိုရင္ တစ္ပုံခ်င္းစီေထာက္ၿပီး ဖတ္ရႈေပးၾကပါဦး။

Addidas × Parley

Plastic Pollution

Parley ပင္လယ္ျပင္နဲ႔ သမုဒၵရာထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕အစည္း ဒါမွမဟုတ္ Parley For The Oceans

Parley ဆိုတာဟာ အနယ္နယ္အရပ္ရပ္က ပညာရွင္ေတြ၊ စြန႔္ဦးတီထြင္သူေတြနဲ႔ လႊမ္းမိုးသူေခါင္းေဆာင္ေတြ စုေဝးၿပီး ကမာၻေျမ သဘာဝပတ္ဝန္းက်င္ အထူးသျဖင့္ ပင္လယ္သမုဒၵရာႀကီးရဲ႕အလွတရားမပ်က္စီးေစဖို႔နဲ႔ လုံၿခဳံမႈတည္ၿမဲေစဖို႔အတြက္ လူထုအသိေပးလႈပ္ရွားမႈေတြလုပ္ေဆာင္တဲ့ နယူးေယာက္ၿမိဳ႕အေျခစိုက္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕အစည္းျဖစ္ပါတယ္။ ေလ့လာေတြ႕ရွိခ်က္ေတြအရ ပစိဖိတ္သမုဒၵရာျပင္မွာ ေသာင္တင္ေနတဲ့ စြန႔္ပစ္ပလက္စတစ္အမႈိက္ေပါင္းမ်ားစြာဟာ အေလးခ်ိန္တန္ေပါင္း ၈၀,၀၀၀ ခန႔္ရွိေနၿပီး အဲဒီပမာဏဟာ ျပင္သစ္ႏိုင္ငံထက္ သုံးဆပိုႀကီးမားပါတယ္။ မ်က္ကြယ္ျပဳထားလို႔မရေလာက္ေအာင္ တျဖည္းျဖည္းႀကီးထြားလာေနတဲ့ ကမာၻ႔ေရထုညစ္ညမ္းျခင္းဟာ လူတစ္ဦးတစ္ေယာက္ခ်င္းစီအျပင္ တစ္ကမာၻလုံးနဲ႔သက္ဆိုင္တဲ့ အလားအလာရွိျပႆနာတစ္ရပ္ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ တက္ႂကြတဲ့လႈပ္ရွားသူေတြဟာ Parley For The Oceans ဆိုတဲ့ ေဆာင္ပုဒ္ကိုလက္စြဲကိုင္ၿပီး လူသားေတြရဲ႕စည္းကမ္းမဲ့မႈေၾကာင့္ ညစ္ညမ္းေနတဲ့ပင္လယ္ျပင္ႀကီးနဲ႔ အနာဂတ္မွာက်ေရာက္လာမယ့္ သဘာဝေဘးအႏၲရာယ္ေတြကို တစ္ကမာၻလုံးကသိရွိသြားေစဖို႔ လူ႔ရပ္ဝန္းဆိုင္ရာလႈပ္ရွားမႈေတြ၊ အသိပညာေပးမႈေတြ တစ္စိုက္မတ္မတ္ လုပ္ေဆာင္ပါတယ္။

Addidas × Parley

Addidas × Parley

သဘာဝပတ္ဝန္းက်င္ကို အက်ိဳးျပဳမယ့္ ရည္႐ြယ္ခ်က္ကိုယ္စီနဲ႔ Adidas x Parley လက္တြဲမႈ

ကမာၻႀကီးနဲ႔မ်က္ေျခမျပတ္တဲ့ Adidas ဟာ ၂၀၁၅ ခုႏွစ္မွာ Parley For The Oceans နဲ႔ လက္တြဲပူးေပါင္းခဲ့ၿပီး ညစ္ညမ္းမႈေတြနဲ႔ျပည့္ေနတဲ့ ပင္လယ္ျပင္ႀကီးနဲ႔ ကမာၻ႔ေရထုကို အထိေရာက္ဆုံးအက်ိဳးျပဳႏိုင္မယ့္ နည္းလမ္းကိုရွာေဖြခဲ့ပါတယ္။ Parley ဘက္က အဓိကရည္႐ြယ္ခ်က္ကေတာ့ စည္းကမ္းမဲ့ အမႈိက္စြန႔္တဲ့ လူသားေတြေၾကာင့္ သမုဒၵရာအလွတရားဟာ တျဖည္းျဖည္း ယိုယြင္းပ်က္စီးလာၿပီး ေရေအာက္မွာရွင္သန္တဲ့ အဏၰဝါသတၱဝါေတြ မ်ိဳးတုန္းမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတယ္ဆိုတာကို တစ္ကမာၻလုံးအတိုင္းအတာနဲ႔ သိရွိေစဖို႔ျဖစ္ပါတယ္။ Parley ဘက္ကေပးခ်င္တဲ့ မက္ေဆ့ခ်္ကို လူထုၾကားမွာ အလ်င္ျမန္ဆုံး ျပန႔္ႏွံ႔ေစဖို႔အတြက္ စားသုံးသူနဲ႔ ေဈးကြက္ရဲ႕သေဘာသဘာဝကို ေကာင္းမြန္စြာနားလည္တဲ့ Adidas ဟာ အႏုပညာနဲ႔ ဖက္ရွင္ေလာကတို႔ကစၿပီး လူထုလႈပ္ရွားမႈေတြ စတင္လုပ္ေဆာင္မယ္ဆိုရင္ ပိုမိုထိေရာက္မႈရွိမယ္ဆိုတာကို ျမင္ခဲ့ပါတယ္။ အဲဒီမွာစၿပီး ေရေပၚေရေအာက္မွာ ေသာင္တင္ေနတဲ့ စြန႔္ပစ္ပစၥည္းပလက္စတစ္ေတြကို ျပန္လည္ဆယ္ယူအသုံးျပဳျခင္းကေန အရည္အေသြးျမင့္ ဖိနပ္ထုတ္ကုန္ၾကမ္းအျဖစ္ ေျပာင္းလဲပစ္ဖို႔ စီမံကိန္းဆြဲ အေကာင္အထည္ေဖာ္ခဲ့တာပဲ ျဖစ္ပါတယ္။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ကမာၻႀကီးကို အႏၲရာယ္ျပဳေနတဲ့ အမႈိက္ေတြကေနတဆင့္ ဖိနပ္သားရက္လုပ္တဲ့ ခ်ည္မ်င္ေတြအျဖစ္သို႔

စီမံကိန္းစတင္ခ်ိန္ ၂၀၁၅ ခုႏွစ္ကစၿပီး သက္ဆိုင္ရာပညာရွင္ေပါင္းမ်ားစြာရဲ႕ အားထုတ္မႈရလဒ္ေၾကာင့္ ေနာက္ဆုံးမွာေတာ့ ပင္လယ္ျပင္စြန႔္ပစ္အမႈိက္ေတြ၊ ပလက္စတစ္ေတြနဲ႔ ေရသန႔္ဘူးခြံေပါင္းမ်ားစြာကို အရည္အေသြးျမင့္ Adidas ဖိနပ္ျပဳလုပ္ရာမွာအသုံးျပဳတဲ့ ကုန္ၾကမ္းပစၥည္းတစ္ခုအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ပါတယ္။ Adidas နဲ႔ Parley ဟာ ကမာၻ႔ကမ္း႐ိုးတန္းအရပ္ေဒသေတြမွာ နစ္ျမဳပ္ေသာင္တင္ေနတဲ့ ပလက္စတစ္အမႈိက္တန္ေပါင္းမ်ားစြာကို ဆယ္ယူဖယ္ရွားၿပီး A.I.R Strategy (Avoid, Intercept, Redesign) ဆိုတဲ့ စနစ္သစ္နဲ႔ ပင္လယ္ျပင္အမႈိက္ေတြကို ဖိနပ္သားရက္လုပ္ရာမွာ အသုံးျပဳတဲ့ ခ်ည္မ်င္ေတြျဖစ္လာေစခဲ့ပါတယ္။ အဲဒီလိုနဲ႔ Adidas နဲ႔ Parley တို႔လက္တြဲမႈဟာ ကမာၻေျမႀကီးနဲ႔ အဏၰဝါေလာကကို အက်ည္းတန္႐ုပ္ဆိုးေစတဲ့ အမႈိက္သ႐ိုက္နဲ႔ စြန႔္ပစ္ပစၥည္းပမာဏေျမာက္ျမားစြာကို အရည္အေသြးျမင့္ လူသုံးကုန္ပစၥည္းျဖစ္လာေအာင္ ျပဳလုပ္ႏိုင္ခဲ့ၿပီး လူေတြရဲ႕လိုအပ္ခ်က္ကို တစ္ေထာင့္တစ္ေနရာကေန ျဖည့္ဆည္းေပးႏိုင္ခဲ့ပါတယ္။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ပင္လယ္ျပင္ႀကီးရဲ႕သဘာဝတရားကို ကိုယ္စားျပဳတဲ့ စြမ္းရည္ျမင့္ Adidas x Parley Ultraboost ဖိနပ္စီးရီး

Adidas နဲ႔ Parley တို႔ တြဲဖက္ပါတနာျဖစ္ၿပီးတဲ့ေနာက္မွာ လူသိမ်ားထင္ရွားလာတဲ့ ပူးေပါင္းဖန္တီးမႈတစ္ခုကေတာ့ နာမည္ေက်ာ္ Adidas Ultraboost ဖိနပ္အမ်ိဳးအစားကို Parley ပလက္စတစ္ေတြအသုံးျပဳၿပီး Ultraboost Parley ဆိုတဲ့ ဖိနပ္စီးရီးသစ္ကို ထုတ္လုပ္ခဲ့တာပါပဲ။ ကမာၻ႔ေရမ်က္ႏွာျပင္ကိုထင္ဟပ္တဲ့ စိမ္းျပာေရာင္ခ်ည္မ်င္ေတြနဲ႔ ဖိနပ္ရဲ႕ ၉၅ ရာခိုင္ႏႈန္းေသာ Primeknit သားေတြကို ခ်ဴပ္လုပ္ထားတဲ့ Ultraboost Parley ဖိနပ္စီးရီးမွာ UltraBOOST Parley, Ultraboost Uncaged Parley နဲ႔ UltraBOOST X Parley ဆိုၿပီး နဂိုရွိႏွင့္ၿပီးသား Ultraboost ေမာ္ဒယ္သုံးမ်ိဳးကို Parley နည္းပညာနဲ႔ ထပ္မံေပါင္းစပ္ထုတ္လုပ္ခဲ့ပါတယ္။ ဖိနပ္တစ္ရံခ်င္းစီရဲ႕ ဖိနပ္ႀကိဳး၊ ေျခဖေနာင့္နင္းကြက္နဲ႔ ဖိနပ္အနားသားေတြမွာ ပလက္စတစ္ေရသန႔္ဘူးခြံ ၁၁ ခြံက ရရွိတဲ့ ကုန္ၾကမ္းခ်ည္းသီးသန႔္ အသုံးျပဳထားတဲ့ ဒီ Ultraboost Parley ဖိနပ္စီးရီးကို ၂၀၁၇ ခုႏွစ္၊ ေမလ ၁၁ ရက္ေန႔မွာ ေဒၚလာ ၂၀၀ ဝန္းက်င္တန္ဖိုးနဲ႔ ကမာၻ႔ေဈးကြက္ဆီ စတင္ျဖန႔္ခ်ိေပးခဲ့ပါတယ္။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ဆက္လက္လုပ္ေဆာင္သြားမယ့္ အနာဂတ္စီမံကိန္းေတြနဲ႔ တေ႐ြ႕ေ႐ြ႕သြားေနဆဲ Adidas x Parley

Adidas အေနနဲ႔ ၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ အထိ Parley နဲ႔လက္တြဲခဲ့တဲ့ ႏွစ္ႏွစ္တာကာလအတြင္းမွာ Ultraboost Parley ဖိနပ္အရံေပါင္း ၁ မီလီယံ ထုတ္လုပ္ႏိုင္ခဲ့တဲ့အတြက္ Adidas ရဲ႕ ကုန္ထုတ္စြမ္းရည္ဟာ ျမင့္မားတယ္လို႔ဆိုႏိုင္ၿပီး ထုတ္လုပ္ထားသမွ် Parley ဖိနပ္တစ္ရံခ်င္းစီမွာ ေရထုကိုညစ္ညမ္းေစမယ့္ ပလက္စတစ္ဘူးခြံေပါင္း ၁၁ ဘူးပါဝင္တာေၾကာင့္ တြက္ၾကည့္မယ္ဆိုရင္ စြန႔္ပစ္ပလက္စတစ္ဘူးခြံေပါင္း ၁၁ မီလီယံကို ပင္လယ္ျပင္မွာေသာင္တင္ေနေစမယ့္အစား ဖိနပ္ျပဳလုပ္တဲ့ကုန္ၾကမ္းအျဖစ္ အစားထိုးအသုံးျပဳခဲ့တာပါပဲ၊ တစ္နည္းေျပာမယ္ဆိုရင္ စြန႔္ပစ္ပလက္စတစ္ဘူးေပါင္း ၁၁ မီလီယံ ေလ်ာ့က်သြားျခင္းလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ Ultraboost Parley ဖိနပ္တစ္ရံကိုဝယ္ယူျခင္းဟာ ကမာၻ႔ေရထုနဲ႔ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္လိုတဲ့ သေဘာကိုေဆာင္ေနပါတယ္။ ဒါတင္မကေသးပါဘူး၊ ၂၀၁၇ ခုႏွစ္အတြင္းမွာပဲ Adidas နဲ႔ Parley တို႔ပူးေပါင္းၿပီး သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူမ်ားနဲ႔အတူ Run For The Oceans တာရွည္ေျပးပြဲကို တက္ညီလက္ညီ ေဆာင္႐ြက္ခဲ့သလို ေနာင္လာမယ့္ငါးႏွစ္အတြင္းမွာလည္း ႏိုင္ငံေပါင္း ၄၀ မွာရွိတဲ့ ပင္လယ္ျပင္ပလက္စတစ္အမႈိက္ေတြကို နည္းစနစ္က်က် ဆယ္ယူၿပီး ကုန္ၾကမ္းအျဖစ္ ျပန္လည္အသုံးျပဳႏိုင္ေစဖို႔ လိုအပ္တဲ့စီမံကိန္းေတြ ေဆာင္႐ြက္ေနပါတယ္။

ကဲ အခု စာဖတ္ေနတဲ့ Adidas ခ်စ္ပရိသတ္ေတြ ကိုယ္တိုင္လည္း ဒီလႈပ္ရွားမႈမွာပါဝင္ႏိုင္တယ္ဆိုတာ သိပါရဲ႕လား? Ultraboost Parley ဖိနပ္ဝယ္မွ၊ ပင္လယ္ကမ္းေျခသြားၿပီး အမႈိက္ရွင္းမွရယ္လို႔ မဟုတ္ပါဘူး။ ကိုယ့္ပတ္ဝန္းက်င္မွာ ေတြ႕တဲ့ပလက္စတစ္အမႈိက္ေတြကို အမႈိက္ပုံးထဲ စနစ္တက်ထည့္ေပးပါ၊ ပလက္စတစ္အိတ္ေတြကို အတတ္ႏိုင္ဆုံး မသုံးျဖစ္ေအာင္ေနၾကည့္ပါ၊ သုံးျဖစ္ခဲ့ရင္လည္း စနစ္တက်စြန႔္ပစ္ပါ၊ မိတ္ေဆြအေပါင္းအသင္းေတြကို ဒီပို႔စ္အတူနဲ႔ ပလက္စတစ္ရဲ႕ဆိုးက်ိဳးေတြ ျပန္လည္မွ်ေဝေပးပါ၊ အခုလို႐ိုးရွင္းတဲ့အခ်က္ေလးေတြနဲ႔ အခုပဲစလို႔ ပတ္ဝန္းက်င္ကိုအက်ိဳးျပဳႏိုင္ပါတယ္ဆိုတာကို ေျပာျပလိုက္ပါရေစ။ အခ်ိန္ေပးၿပီး ဖတ္ရႈခဲ့တဲ့ အနယ္နယ္အရပ္ရပ္တိုင္းက Adidas ခ်စ္ပရိသတ္ေတြအားလုံးကို အၿမဲတမ္းေက်းဇူးတင္လ်က္ပါ။ အခုေဖာ္ျပခဲ့တာကေတာ့ Adidas နဲ႔ Parley တို႔ရဲ႕လက္တြဲမႈျဖစ္ပါတယ္။ ေနာက္ထပ္ၿပီး အခုလိုပို႔စ္မ်ိဳးေတြကို အခ်ိန္မွန္တင္ဆက္ေပးသြားမွာမို႔ ေပ့ခ်္မွာေစာင့္ၾကည့္ႏိုင္ပါတယ္။ အားလုံးပဲ ေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစ။

www.akhayar.com

[Unicode]

Ultraboost Parley ဖိနပ်က ကမ္ဘာ့ရေထုကို ထိန်းသိမ်းရာရောက်တယ်တဲ့

Adidas ချစ်သူများ အားလုံးကို မင်္ဂလာပါလို့ အရင်ဆုံးနှုတ်ဆက်လိုက်ပါတယ်။ ပို့စ်ရဲ့အကြောင်းအရာမစတင်ခင်မှာ စကားဦးသန်းတဲ့အနေနဲ့ Adidas ရဲ့မိတ်ဟောင်းမိတ်သစ်တွေကို အသိပေးချင်တာလေး ရှိပါတယ်။ အဲဒါကတော့ Adidas နဲ့ပတ်သက်တဲ့ မှတ်သားဖွယ်ရာ၊ စိတ်ဝင်စားစရာ ဗဟုသုတအပိုင်းအစလေးတွေကို လတိုင်းလတိုင်း ပေ့ချ်မှာ ပုံမှန်မျှဝေပေးနေတယ်ဆိုတာပါပဲ။ Adidas ကို ဟိုးအရင်ကတည်းက အစဉ်တစိုက်အားပေးလာတဲ့ ပရိသတ်တွေဟာ Adidas အမှတ်တံဆိပ်နဲ့ ပတ်သက်လာရင် အထွေအထူး ရှင်းပြနေစရာမလိုအောင် Brand ဗဟုသုတကြွယ်သူတွေ ဖြစ်ပါတယ်။ အထူးသဖြင့် Adidas ချစ်သူတွေဟာ အမှတ်တံဆိပ်ရဲ့ ပြည့်မှီတဲ့အရည်အသွေး၊ သူမတူတဲ့အားသာချက်တွေနဲ့ အသုံးတည့်မှု ကောင်းကျိုးတွေကို ကောင်းစွာနားလည်သဘောပေါက်သူတွေ ဖြစ်ကြပြီး ရွေးချယ်စရာ အမှတ်တံဆိပ်ပေါင်းများစွာရှိတဲ့အထဲကမှ ဘာကြောင့် Adidas ကိုရွေးချယ်သင့်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိသူတွေဖြစ်ပါတယ်။ အဲဒီတော့ ဒီတစ်ခေါက်မှာလည်း အားလုံးဗဟုသုတဖြစ်တဲ့ အကြောင်းအရာလေးတစ်ခု ရွေးချယ်ထားပါတယ်။ တစ်ချိန်မှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်လာမယ့် Adidas ဟာ ဟိုးအရင် Brand စတင်ထူထောင်တဲ့အချိန်ကတည်းက နယ်ပယ်အရပ်ရပ်က ပညာရှင်တွေနဲ့ လက်တွဲမှုတွေ လုပ်ဆောင်ခဲ့တာ အားလုံးလည်းသိကြမှာပါ။ ဒီပို့စ်နဲ့အတူ Adidas ချစ်သူတွေကို ပြန်လည်မျှဝေပေးသွားမှာကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်တဲ့ Parley နဲ့ Adidas တို့ အတူပူးပေါင်းပြီး ကမ္ဘာ့ပင်လယ်ပြင်ရေထုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဆင်သင့်ဖြစ်နေပြီဆိုရင် တစ်ပုံချင်းစီထောက်ပြီး ဖတ်ရှုပေးကြပါဦး။

Addidas × Parley

Plastic Pollution

Parley ပင်လယ်ပြင်နဲ့ သမုဒ္ဒရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်း ဒါမှမဟုတ် Parley For The Oceans

Parley ဆိုတာဟာ အနယ်နယ်အရပ်ရပ်က ပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေနဲ့ လွှမ်းမိုးသူခေါင်းဆောင်တွေ စုဝေးပြီး ကမ္ဘာမြေ သဘာဝပတ်ဝန်းကျင် အထူးသဖြင့် ပင်လယ်သမုဒ္ဒရာကြီးရဲ့အလှတရားမပျက်စီးစေဖို့နဲ့ လုံခြုံမှုတည်မြဲစေဖို့အတွက် လူထုအသိပေးလှုပ်ရှားမှုတွေလုပ်ဆောင်တဲ့ နယူးယောက်မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ပစိဖိတ်သမုဒ္ဒရာပြင်မှာ သောင်တင်နေတဲ့ စွန့်ပစ်ပလက်စတစ်အမှိုက်ပေါင်းများစွာဟာ အလေးချိန်တန်ပေါင်း ၈၀,၀၀၀ ခန့်ရှိနေပြီး အဲဒီပမာဏဟာ ပြင်သစ်နိုင်ငံထက် သုံးဆပိုကြီးမားပါတယ်။ မျက်ကွယ်ပြုထားလို့မရလောက်အောင် တဖြည်းဖြည်းကြီးထွားလာနေတဲ့ ကမ္ဘာ့ရေထုညစ်ညမ်းခြင်းဟာ လူတစ်ဦးတစ်ယောက်ချင်းစီအပြင် တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အလားအလာရှိပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အဲဒါကြောင့် တက်ကြွတဲ့လှုပ်ရှားသူတွေဟာ Parley For The Oceans ဆိုတဲ့ ဆောင်ပုဒ်ကိုလက်စွဲကိုင်ပြီး လူသားတွေရဲ့စည်းကမ်းမဲ့မှုကြောင့် ညစ်ညမ်းနေတဲ့ပင်လယ်ပြင်ကြီးနဲ့ အနာဂတ်မှာကျရောက်လာမယ့် သဘာဝဘေးအန္တရာယ်တွေကို တစ်ကမ္ဘာလုံးကသိရှိသွားစေဖို့ လူ့ရပ်ဝန်းဆိုင်ရာလှုပ်ရှားမှုတွေ၊ အသိပညာပေးမှုတွေ တစ်စိုက်မတ်မတ် လုပ်ဆောင်ပါတယ်။

Addidas × Parley

Addidas × Parley

သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုမယ့် ရည်ရွယ်ချက်ကိုယ်စီနဲ့ Adidas x Parley လက်တွဲမှု

ကမ္ဘာကြီးနဲ့မျက်ခြေမပြတ်တဲ့ Adidas ဟာ ၂၀၁၅ ခုနှစ်မှာ Parley For The Oceans နဲ့ လက်တွဲပူးပေါင်းခဲ့ပြီး ညစ်ညမ်းမှုတွေနဲ့ပြည့်နေတဲ့ ပင်လယ်ပြင်ကြီးနဲ့ ကမ္ဘာ့ရေထုကို အထိရောက်ဆုံးအကျိုးပြုနိုင်မယ့် နည်းလမ်းကိုရှာဖွေခဲ့ပါတယ်။ Parley ဘက်က အဓိကရည်ရွယ်ချက်ကတော့ စည်းကမ်းမဲ့ အမှိုက်စွန့်တဲ့ လူသားတွေကြောင့် သမုဒ္ဒရာအလှတရားဟာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး ရေအောက်မှာရှင်သန်တဲ့ အဏ္ဏဝါသတ္တဝါတွေ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သိရှိစေဖို့ဖြစ်ပါတယ်။ Parley ဘက်ကပေးချင်တဲ့ မက်ဆေ့ချ်ကို လူထုကြားမှာ အလျင်မြန်ဆုံး ပြန့်နှံ့စေဖို့အတွက် စားသုံးသူနဲ့ ဈေးကွက်ရဲ့သဘောသဘာဝကို ကောင်းမွန်စွာနားလည်တဲ့ Adidas ဟာ အနုပညာနဲ့ ဖက်ရှင်လောကတို့ကစပြီး လူထုလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်မယ်ဆိုရင် ပိုမိုထိရောက်မှုရှိမယ်ဆိုတာကို မြင်ခဲ့ပါတယ်။ အဲဒီမှာစပြီး ရေပေါ်ရေအောက်မှာ သောင်တင်နေတဲ့ စွန့်ပစ်ပစ္စည်းပလက်စတစ်တွေကို ပြန်လည်ဆယ်ယူအသုံးပြုခြင်းကနေ အရည်အသွေးမြင့် ဖိနပ်ထုတ်ကုန်ကြမ်းအဖြစ် ပြောင်းလဲပစ်ဖို့ စီမံကိန်းဆွဲ အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ကမ္ဘာကြီးကို အန္တရာယ်ပြုနေတဲ့ အမှိုက်တွေကနေတဆင့် ဖိနပ်သားရက်လုပ်တဲ့ ချည်မျင်တွေအဖြစ်သို့

စီမံကိန်းစတင်ချိန် ၂၀၁၅ ခုနှစ်ကစပြီး သက်ဆိုင်ရာပညာရှင်ပေါင်းများစွာရဲ့ အားထုတ်မှုရလဒ်ကြောင့် နောက်ဆုံးမှာတော့ ပင်လယ်ပြင်စွန့်ပစ်အမှိုက်တွေ၊ ပလက်စတစ်တွေနဲ့ ရေသန့်ဘူးခွံပေါင်းများစွာကို အရည်အသွေးမြင့် Adidas ဖိနပ်ပြုလုပ်ရာမှာအသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ Adidas နဲ့ Parley ဟာ ကမ္ဘာ့ကမ်းရိုးတန်းအရပ်ဒေသတွေမှာ နစ်မြုပ်သောင်တင်နေတဲ့ ပလက်စတစ်အမှိုက်တန်ပေါင်းများစွာကို ဆယ်ယူဖယ်ရှားပြီး A.I.R Strategy (Avoid, Intercept, Redesign) ဆိုတဲ့ စနစ်သစ်နဲ့ ပင်လယ်ပြင်အမှိုက်တွေကို ဖိနပ်သားရက်လုပ်ရာမှာ အသုံးပြုတဲ့ ချည်မျင်တွေဖြစ်လာစေခဲ့ပါတယ်။ အဲဒီလိုနဲ့ Adidas နဲ့ Parley တို့လက်တွဲမှုဟာ ကမ္ဘာမြေကြီးနဲ့ အဏ္ဏဝါလောကကို အကျည်းတန်ရုပ်ဆိုးစေတဲ့ အမှိုက်သရိုက်နဲ့ စွန့်ပစ်ပစ္စည်းပမာဏမြောက်မြားစွာကို အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့ပြီး လူတွေရဲ့လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ပင်လယ်ပြင်ကြီးရဲ့သဘာဝတရားကို ကိုယ်စားပြုတဲ့ စွမ်းရည်မြင့် Adidas x Parley Ultraboost ဖိနပ်စီးရီး

Adidas နဲ့ Parley တို့ တွဲဖက်ပါတနာဖြစ်ပြီးတဲ့နောက်မှာ လူသိများထင်ရှားလာတဲ့ ပူးပေါင်းဖန်တီးမှုတစ်ခုကတော့ နာမည်ကျော် Adidas Ultraboost ဖိနပ်အမျိုးအစားကို Parley ပလက်စတစ်တွေအသုံးပြုပြီး Ultraboost Parley ဆိုတဲ့ ဖိနပ်စီးရီးသစ်ကို ထုတ်လုပ်ခဲ့တာပါပဲ။ ကမ္ဘာ့ရေမျက်နှာပြင်ကိုထင်ဟပ်တဲ့ စိမ်းပြာရောင်ချည်မျင်တွေနဲ့ ဖိနပ်ရဲ့ ၉၅ ရာခိုင်နှုန်းသော Primeknit သားတွေကို ချူပ်လုပ်ထားတဲ့ Ultraboost Parley ဖိနပ်စီးရီးမှာ UltraBOOST Parley, Ultraboost Uncaged Parley နဲ့ UltraBOOST X Parley ဆိုပြီး နဂိုရှိနှင့်ပြီးသား Ultraboost မော်ဒယ်သုံးမျိုးကို Parley နည်းပညာနဲ့ ထပ်မံပေါင်းစပ်ထုတ်လုပ်ခဲ့ပါတယ်။ ဖိနပ်တစ်ရံချင်းစီရဲ့ ဖိနပ်ကြိုး၊ ခြေဖနောင့်နင်းကွက်နဲ့ ဖိနပ်အနားသားတွေမှာ ပလက်စတစ်ရေသန့်ဘူးခွံ ၁၁ ခွံက ရရှိတဲ့ ကုန်ကြမ်းချည်းသီးသန့် အသုံးပြုထားတဲ့ ဒီ Ultraboost Parley ဖိနပ်စီးရီးကို ၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ ဒေါ်လာ ၂၀၀ ဝန်းကျင်တန်ဖိုးနဲ့ ကမ္ဘာ့ဈေးကွက်ဆီ စတင်ဖြန့်ချိပေးခဲ့ပါတယ်။

Adidas x Parley Ultraboost

Adidas x Parley Ultraboost

ဆက်လက်လုပ်ဆောင်သွားမယ့် အနာဂတ်စီမံကိန်းတွေနဲ့ တရွေ့ရွေ့သွားနေဆဲ Adidas x Parley

Adidas အနေနဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ အထိ Parley နဲ့လက်တွဲခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ Ultraboost Parley ဖိနပ်အရံပေါင်း ၁ မီလီယံ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် Adidas ရဲ့ ကုန်ထုတ်စွမ်းရည်ဟာ မြင့်မားတယ်လို့ဆိုနိုင်ပြီး ထုတ်လုပ်ထားသမျှ Parley ဖိနပ်တစ်ရံချင်းစီမှာ ရေထုကိုညစ်ညမ်းစေမယ့် ပလက်စတစ်ဘူးခွံပေါင်း ၁၁ ဘူးပါဝင်တာကြောင့် တွက်ကြည့်မယ်ဆိုရင် စွန့်ပစ်ပလက်စတစ်ဘူးခွံပေါင်း ၁၁ မီလီယံကို ပင်လယ်ပြင်မှာသောင်တင်နေစေမယ့်အစား ဖိနပ်ပြုလုပ်တဲ့ကုန်ကြမ်းအဖြစ် အစားထိုးအသုံးပြုခဲ့တာပါပဲ၊ တစ်နည်းပြောမယ်ဆိုရင် စွန့်ပစ်ပလက်စတစ်ဘူးပေါင်း ၁၁ မီလီယံ လျော့ကျသွားခြင်းလည်းဖြစ်ပါတယ်။ အဲဒါကြောင့် Ultraboost Parley ဖိနပ်တစ်ရံကိုဝယ်ယူခြင်းဟာ ကမ္ဘာ့ရေထုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ သဘောကိုဆောင်နေပါတယ်။ ဒါတင်မကသေးပါဘူး၊ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ Adidas နဲ့ Parley တို့ပူးပေါင်းပြီး သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများနဲ့အတူ Run For The Oceans တာရှည်ပြေးပွဲကို တက်ညီလက်ညီ ဆောင်ရွက်ခဲ့သလို နောင်လာမယ့်ငါးနှစ်အတွင်းမှာလည်း နိုင်ငံပေါင်း ၄၀ မှာရှိတဲ့ ပင်လယ်ပြင်ပလက်စတစ်အမှိုက်တွေကို နည်းစနစ်ကျကျ ဆယ်ယူပြီး ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုနိုင်စေဖို့ လိုအပ်တဲ့စီမံကိန်းတွေ ဆောင်ရွက်နေပါတယ်။

ကဲ အခု စာဖတ်နေတဲ့ Adidas ချစ်ပရိသတ်တွေ ကိုယ်တိုင်လည်း ဒီလှုပ်ရှားမှုမှာပါဝင်နိုင်တယ်ဆိုတာ သိပါရဲ့လား? Ultraboost Parley ဖိနပ်ဝယ်မှ၊ ပင်လယ်ကမ်းခြေသွားပြီး အမှိုက်ရှင်းမှရယ်လို့ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့ပလက်စတစ်အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျထည့်ပေးပါ၊ ပလက်စတစ်အိတ်တွေကို အတတ်နိုင်ဆုံး မသုံးဖြစ်အောင်နေကြည့်ပါ၊ သုံးဖြစ်ခဲ့ရင်လည်း စနစ်တကျစွန့်ပစ်ပါ၊ မိတ်ဆွေအပေါင်းအသင်းတွေကို ဒီပို့စ်အတူနဲ့ ပလက်စတစ်ရဲ့ဆိုးကျိုးတွေ ပြန်လည်မျှဝေပေးပါ၊ အခုလိုရိုးရှင်းတဲ့အချက်လေးတွေနဲ့ အခုပဲစလို့ ပတ်ဝန်းကျင်ကိုအကျိုးပြုနိုင်ပါတယ်ဆိုတာကို ပြောပြလိုက်ပါရစေ။ အချိန်ပေးပြီး ဖတ်ရှုခဲ့တဲ့ အနယ်နယ်အရပ်ရပ်တိုင်းက Adidas ချစ်ပရိသတ်တွေအားလုံးကို အမြဲတမ်းကျေးဇူးတင်လျက်ပါ။ အခုဖော်ပြခဲ့တာကတော့ Adidas နဲ့ Parley တို့ရဲ့လက်တွဲမှုဖြစ်ပါတယ်။ နောက်ထပ်ပြီး အခုလိုပို့စ်မျိုးတွေကို အချိန်မှန်တင်ဆက်ပေးသွားမှာမို့ ပေ့ချ်မှာစောင့်ကြည့်နိုင်ပါတယ်။ အားလုံးပဲ ပျော်ရွှင်ဖို့ကောင်းတဲ့ နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။

www.akhayar.com