[Zawgyi] 

Instagram က Facebook ေအာက္ကိုေရာက္သြားၿပီးေနာက္ပိုင္း Feature အသစ္ေတြထပ္ထည့္ေပးလာတာ အခုဆိုရင္ Photo Sharing Social Network ဆိုတာထက္ပို အမ်ားႀကီးပိုေနပါၿပီ။ အခုလည္း Feature အသစ္ကို ထပ္ထည့္ေပးလိုက္ျပန္ပါၿပီ။ အဲ့တာကေတာ့ Nametag လို႔ေခၚတဲ့ Feature ပါ။ 

Nametag

အျပင္မွာ၊ အလုပ္ခြင္ထဲမွာ ဒါမွမဟုတ္ ေက်ာင္းမွာ သူငယ္ခ်င္းအသစ္ရလို႔ Instagram မွာ Add ခ်င္တယ္၊ အျပန္အလွန္ Follow လုပ္ခ်င္တယ္ဆိုရင္ နာမည္ကို လိုက္ရွာရတာ အခ်ိန္ကုန္သလို၊ အလုပ္႐ႈပ္ပါတယ္။ အဲ့ဒီလို အလုပ္႐ႈပ္တာေတြမရွိရေအာင္ Nametag ဆိုတဲ့ Feature ကို မိတ္ဆက္ေပးထားတာပါ။ 

Nametag ဆိုတာကေတာ့ ကိုယ္ပိုင္ Account Username ကို Card ေလးလုပ္ေပးထားတာပါ။ အဲ့ဒီ Card ကို တျခားသူငယ္ခ်င္းက Instagram App ထဲကေနပဲ Scan ဖတ္လိုက္တာနဲ႔ Account ကို အလြယ္တကူ Follow လုပ္ႏိုင္သြားမွာပါ။ Nametag ကိုလည္း စိတ္ႀကိဳက္ အလွဆင္ႏိုင္ပါေသးတယ္။ အဲ့ဒီလိုလုပ္ဖို႔အတြက္ေတာ့ ကိုယ့္ရဲ႕ Instagram Profile ကေန အေပၚဖက္ညာဖက္ျခမ္းမွာရွိတဲ့ Menu > Nametag ကို ဝင္ၿပီး Customize လုပ္ႏိုင္ပါတယ္။ 

Menu > Nametag

ကုိယ္က သူငယ္ခ်င္းရဲ႕ Nametag ကို Scan လုပ္ခ်င္တယ္ဆိုရင္ေတာ့ ေအာက္မွာရွိတဲ့ “Scan a nametag” ဆိုတဲ့ စာကို ႏွိပ္လိုက္ရင္ Camera ေပၚလာေပးမွာျဖစ္လို႔ တျခားသူရဲ႕ Nametag ကို အလြယ္တကူ ဖတ္ႏိုင္မွာပါ။ အခုပဲ Instagram မွ စမ္းၾကည့္လိုက္ပါဦးေနာ္။ 

Ref: Instagram

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

သူငယ်ချင်းကို အလွယ်တကူ Follow လုပ်ဖို့ Instagram Feture အသစ်

Instagram က Facebook အောက်ကိုရောက်သွားပြီးနောက်ပိုင်း Feature အသစ်တွေထပ်ထည့်ပေးလာတာ အခုဆိုရင် Photo Sharing Social Network ဆိုတာထက်ပို အများကြီးပိုနေပါပြီ။ အခုလည်း Feature အသစ်ကို ထပ်ထည့်ပေးလိုက်ပြန်ပါပြီ။ အဲ့တာကတော့ Nametag လို့ခေါ်တဲ့ Feature ပါ။ 

Nametag

အပြင်မှာ၊ အလုပ်ခွင်ထဲမှာ ဒါမှမဟုတ် ကျောင်းမှာ သူငယ်ချင်းအသစ်ရလို့ Instagram မှာ Add ချင်တယ်၊ အပြန်အလှန် Follow လုပ်ချင်တယ်ဆိုရင် နာမည်ကို လိုက်ရှာရတာ အချိန်ကုန်သလို၊ အလုပ်ရှုပ်ပါတယ်။ အဲ့ဒီလို အလုပ်ရှုပ်တာတွေမရှိရအောင် Nametag ဆိုတဲ့ Feature ကို မိတ်ဆက်ပေးထားတာပါ။

Nametag ဆိုတာကတော့ ကိုယ်ပိုင် Account Username ကို Card လေးလုပ်ပေးထားတာပါ။ အဲ့ဒီ Card ကို တခြားသူငယ်ချင်းက Instagram App ထဲကနေပဲ Scan ဖတ်လိုက်တာနဲ့ Account ကို အလွယ်တကူ Follow လုပ်နိုင်သွားမှာပါ။ Nametag ကိုလည်း စိတ်ကြိုက် အလှဆင်နိုင်ပါသေးတယ်။ အဲ့ဒီလိုလုပ်ဖို့အတွက်တော့ ကိုယ့်ရဲ့ Instagram Profile ကနေ အပေါ်ဖက်ညာဖက်ခြမ်းမှာရှိတဲ့ Menu > Nametag ကို ဝင်ပြီး Customize လုပ်နိုင်ပါတယ်။ 

Menu > Nametag

ကိုယ်က သူငယ်ချင်းရဲ့ Nametag ကို Scan လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာရှိတဲ့ “Scan a nametag” ဆိုတဲ့ စာကို နှိပ်လိုက်ရင် Camera ပေါ်လာပေးမှာဖြစ်လို့ တခြားသူရဲ့ Nametag ကို အလွယ်တကူ ဖတ်နိုင်မှာပါ။ အခုပဲ Instagram မှ စမ်းကြည့်လိုက်ပါဦးနော်။ 

Ref: Instagram

Min Than Htike (Akhayar)

www.akhayar.com