[Zawgyi]

Pyinnyar Adaptive Learning Educatoin မွ General Manager ေဒၚဆုုေဝထြန္းကုိ ေတြ႕ ဆုံၿပီး Adaptive Teaching အေၾကာင္းကုိ ေမးျမန္းျဖစ္ပါတယ္။

ပထမဆံုုးအေနနဲ႔ Adaptive Learning ပညာေရးစနစ္အေၾကာင္းအကိုုေျပာျပေပးပါရွင့္။

Adaptive Learning ပညာေရးစနစ္ကိုု Adaptive Teaching လိုု႔လဲသိၾကပါတယ္။ ဆိုုလိုုတာက က်မတိုု႔ ေက်ာင္းသားတစ္ ေယာက္ခ်င္းစီကပဲ မတူညီတဲ့ သင္ခန္းစာေတြကိုု ကိုုယ္တိုုင္ေလ့လာျခင္းႏွင့္ သင္ၾကားပိုု႔ခ်ခံ ရျခင္းေတြကိုု တစ္ခ်ိန္တည္းျပဳလုုပ္ေပးေနတဲ့ Computer Algorithms သံုုး ပညာေရးဆိုုင္ရာ နည္းပညာတစ္ခုု ျဖစ္ပါတယ္။ မတူညီတဲ့ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕ လိုုအပ္ခ်က္ခ်က္မ်ားကိုု သိရွိႏိုုင္ေအာင္ AI နည္းပညာအသံုုးျပဳထားၿပီး တစ္ေယာက္ခ်င္းစီရဲ႕ တတ္ေျမာက္မႈရလဒ္ေတြကိုု တစ္ခ်ိန္တည္းမွာပဲ သိရွိႏိုုင္တဲ့ သင္ၾကားေရးသံုုးနည္းစနစ္တစ္ခုုျဖစ္ပါတယ္။

Pyinnyar Education အေနနဲ႔ ျမန္မာ့ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ “Adaptive Learning” ပညာ ေရးစနစ္ လုုပ္ေဆာင္ရျခင္းအေၾကာင္းကိုု ေျပာျပေပးပါရွင့္။

Adaptive Learning ပညာေရးစနစ္ေဖာ္ေဆာင္ရျခင္းရဲ႕အဓိကအခ်က္ကေတာ့ က်မတိုု႔ရဲ႕ ကေလးေတြကိုု ငယ္ဘဝတည္းက ကိုုယ္တိုုင္ေလ့လာတတ္ေျမာက္မႈစြမ္းရည္ကိုု ေဖာ္ထုုတ္ေပးခ်င္တာပဲျဖစ္ပါတယ္။ အထူးသ ျဖင့္ အေမရိကန္ ႏွင့္ အေနာက္ဥေရာပႏိုုင္ငံေတြက ပညာေရးစနစ္ေတြမွာ ကိုုယ္သင္ယူေလ့လာျခင္း Adaptive Learning ပညာေရးစနစ္ကိုု တြင္တြင္က်ယ္က်ယ္အသံုုးျပဳၿပီး ပညာေရးအဆင့္တန္းျမင့္မားေနခ်ိန္ မွာ က်မတိုု႔ကေလးေတြကလည္း ကိုုယ္တိုုင္သင္ယူတတ္ေျမာက္ႏိုုင္တဲ့စြမ္းရည္ရွိတယ္ ဆိုုတာကိုုေဖာ္ထုုတ္ ေပးခ်င္ တဲ့ ဆႏၵနဲ႔ေဆာင္ရြက္ျခင္းျဖစ္ပါတယ္။
ေနာက္ဒုုတိယအခ်က္အေနနဲ႔ေျပာရမယ္ဆိုုရင္ေတာ့ ျမန္မာ့ ပညာေရးက႑ အဆင္ျမွင့္တင္ေဆာင္ရြက္ေနတဲ့ ေနရာမွာ က်မတိုု႔ရဲ႕ Pyinnyar Education အဖြဲ႔စည္းဟာ ႏိုုင္ငံတာကာႏွင့္ Benchmarking ျပဳလုုပ္ႏိုု္င္ တဲ့နည္းပညာသံုုး ပညာေရးစနစ္တစ္ခုုကိုု ကၽြန္မတိုု႔ရဲ႕ ေက်ာင္းသားလူငယ္ေတြနဲ႔ထိေတြေပးႏိုုင္ဖိုု႔ျဖစ္ပါ တယ္။

Pyinnyar ရဲ႕ Adaptive Learning ပညာေရးစနစ္မွာ ဘယ္လိုုသင္ရိုုးညႊန္းတမ္းေတြနဲ႔ဖြဲ႔စည္းတည္ေဆာက္ ထားပါသလဲ။ ဘယ္ဘာသာရပ္ေတြကိုု အဓိကေလ့လာႏိုုင္မွာပါလဲ။

က်မတိုု႔ရဲ႕ Adaptive Contents ေတြ (ေလ့ခ်င့္ခန္းေမးခြန္းမ်ား) ကိုု IGCSE အဆင့္နဲ႔အညီဖြဲ႔စည္း တည္ ေဆာက္ထားပါတယ္။ တကယ္ေတာ့ Adaptive Learning စနစ္ရဲ႕ Core Value ကိုကတစ္ဦးတစ္ေယာက္ ခ်င္းစိတ္ၾကိဳက္ေလ့လာ ႏိုုင္ တဲ့ပညာေရးစနစ္ျဖစ္တာေၾကာင့္ အေနာက္ႏိုုင္ငံေတြမွာေတာ့ ဘယ္သင္ရိုု္းညႊန္း တမ္းကိုုပဲ သံုုးမယ္ၿပီးသတ္ မွတ္ထားတာေတာ့မရွိပါဘူး။ IB, GCSE and IGCSE စတဲ့ စာေမးပြဲေတြကိုု ေျဖဆိုုမယ့္ေက်ာင္းသားတိုုင္း အဆင့္သင့္ ေလ့လာႏိုုင္မည့္ Adaptive Contents ေတြကိုုသာ အသံုုးျပဳထားပါ တယ္။ Maths ၊ English နဲ႔ Science ဘာသာရပ္ေတြကိုု IB ၊ IGCSE အဆင့္ရွိေမးခြန္းမ်ား သင္ၾကားပိုု႔ခ်မႈပံုုစံမ်ားျဖင့္ Individualize ေလ့လာႏိုုင္ပါတယ္။

Pyinnyar Education ရဲ႕ Adaptive Learning စနစ္ကိုု ဘယ္သူေတြနဲ႔ပူးေပါင္းေဆာင္ရြက္ၿပီး တည္ေဆာက္ ထားပါသလဲ။
ဒီေနရာမွာ က်မတိုု႔က Partner ၊ Contents Providers နဲ႔ Pleatform Developer ဆိုုၿပီး သံုုးပိုုင္းခြဲေျပာလိုု႔ရ တာေပါ့ေနာ္။
နည္းပညာသံုုး ပညာေရးစနစ္ျဖစ္တာေၾကာင့္ အေမရိကန္ျပည္ေထာင္စုု Silicon Valley က Education Technology company တစ္ခုုနဲ႔ အတူက်မတိုု႔ ပူးေပါင္းၿပီးလုုပ္ျဖစ္ပါတယ္။ က်မတိုု႔ရဲ႕ နည္းပညာအတိုုင္ပင္ခံ လိုု႔ေျပာလိုု႔ရတာေပါ့ရွင္။
Adaptive Contents ေတြကေတာ့ ႏိုုင္ငံအႏွံက IB နဲ႔ IGCSE ပညာေရးနယ္ပယ္ေတြမွာ အေတြၾကံဳမ်ားတဲ့ Professor ၾကီးေတြကေရးထားေပးပါတယ္။ အမ်ားစုုက အေမရိကန္၊ ျဗိတိန္၊ နယူးဇီလန္၊ ကေနဒါ၊ အိႏၵိယ ႏွင့္ က်မတိုု႔ ျမန္မာျပည္က Professor တခ်ိဳ႕လည္းပါပါတယ္။ AI နဲ႔ Computer Algorithms စနစ္ေတြကိုုေတာ့ က်မတိုု႔ India ႏိုုင္ငံမွာပဲ US နဲ႔ Indian Developers ေတြနဲ႔ စနစ္တက်ေရးဆြဲတည္ေဆာက္ထားပါတယ္။

Adaptive Learning ပညာေရးစနစ္နဲ႔အညီ ဘယ္လိုု Assessments Programs ေတြ ပါဝင္ပါသလဲ။

Assessment Programs ကေတာ့ ပညာေရးစနစ္ၾကီးတစ္ခုုလံုုးရဲ႕ ေက်ာရိုုးလိုု႔ေျပာလိုု႔ရတာေပါ့ေနာ္။ က်မတိုု႔ Pyinnyar Adaptive Learning မွာေတာ့ ေက်ာင္းသားတစ္ေယာက္ခ်င္းစီတိုုင္းရဲ႕ တက္ေျမာက္မႈရလဒ္ (Learning Outcomes) ေတြကို School Administrator, Educators ႏွင့္ Parents ေတြၾကား ျပန္အလွန္စီစစ္ အကဲျဖတ္ႏိုုင္တဲ့ပံုုစံမ်ိဳးနဲ႔ အေသးစိတ္ေရးဆြဲထားပါတယ္။ Assessment လုုပ္မယ့္ Product သံုုးမ်ိဳးရွိပါတယ္။

“Asset” လိုု႔နာမည္ေပးထားတဲ့ product က ေက်ာင္းသားတစ္ေယာက္ခ်င္းစီတိုုင္းရဲ႕ သိရွိတတ္ေျမာက္ထား ၿပီးေသာ အေျခမ်ားႏွင့္ ႏိုုင္ငံတကာအဆင့္ Benchmarking ကိုုစစ္ေဆးျပဳလုုပ္ေပးႏိုုင္မွာပါ။ Academic Year တစ္ခုုလံုုးရဲ႕ တတ္ေျမာက္မႈ အဆင့္ကိုုစစ္ေဆးေပးတာျဖစ္ပါတယ္။

“Detailed Assessment” လုုိ႔နာမည္ေပးထားတဲ့ Product ကေတာ့ က်မတိုု႔ Academic Year တစ္ခုုအတြင္း မွာပဲေလ့လာထားတဲ့ သင္ခန္းစာ (topic title) တစ္ခုုခ်င္းစီအလိုုက္ ဘယ္ေနရာမွာေက်ာင္းသားကနားမလည္ ေသးဘူး ဘယ္ေနရာမွာေတာ့အားသာတယ္ စသျဖင့္ လစဥ္တတ္ေျမာက္လာမႈကိုု စစ္ေဆးေပးႏိုုင့္တဲ့ Product ပဲျဖစ္ပါတယ္။ Academic Year တစ္ခုုအတြင္းမွာ ၁၂ ၾကိမ္ေလာက္ Online Testing စနစ္နဲ႔ စစ္ေဆးေပးတာပဲျဖစ္ပါတယ္။

“Mindspark” လိုု႔အမည္ေပးထားတဲ့ Personalize Machine Learning Product ကေတာ့ Learner, Parents နဲ႔ Teachers ေတြအားလံုုးႏွစ္သက္သေလာၾကတဲ့ 360˙ Assessment Product ပဲျဖစ္ပါတယ္။ Teacher ကပဲ ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕တက္ေျမာက္ေနမႈ (Achievement) ၊ အားနည္းေနမႈ(Learning Gap) ေတြ ကိုု အေသးစိတ္သိရွိေနႏိုုင္ၿပီး လိုုအပ္တဲ့ သင္ခန္းစာေတြကို Online ကေနပဲ Assignment ေတြထပ္လုုပ္ခိုုင္း ႏိုုင္မွာျဖစ္ပါတယ္။ More Bright ျဖစ္တဲ့ေက်ာင္းသားေတြကလည္း Teachers ေပးတဲ့ေလ့က်င့္ခန္းေတြအျပင္ မိမိေလ့လာလိုုတဲ့သင္ခန္းစာေတြ ကိုုထပ္ၿပီးေလ့လာလိုု႔ရပါေသးတယ္။ Parents ေတြအေနနဲ႔ကလည္း မိမိက ေလးရဲ႕တတ္ေျမာက္မႈကိုု ေန႔စဥ္သိရွိေနမွာျဖစ္တဲ့အတြက္ 360˙ Assessment ျပဳလုုပ္ႏိုုင္တယ္လိုု႔ဆိုုလိုုျခင္း ျဖစ္ပါတယ္။

Academics မွာ Reporting ျပဳလုုပ္တဲ့ စနစ္ကလည္းေရးၾကီးတဲ့ အခန္းက႑တစ္ခုျဖစ္ပါတယ္။ Pyinnyar Adaptive Learning စနစ္ကေရာ ဘယ္လိုအတိုုင္းတာထိ Report ျပဳလုုပ္ေပးသလဲ။

ပညာေရးက႑မွာ ပါဝင္ပက္သက္တဲ့ Administrator ၊ Teacher ၊ Parents နဲ႔ Students အားလံုုးအတြက္ သက္ရာ Roles အလုိက္ Report ျပဳလုုပ္ေပးတဲ့ စနစ္ျဖစ္ပါတယ္။ Administrators နဲ႔ Teachers ေတြက ေက်ာင္းတစ္ေက်ာင္းလံုုးရဲ႕ အေျခေန၊ Class တစ္ခုုခ်င္းအလိုုက္ အေျခအေန၊ အဲ့ထက္ထပ္ၿပီး သိခ်င္ရင္ ေက်ာင္းသားတစ္ေယာက္ခ်င္းစီရဲ႕ အေျခေန Misconception Points နဲ႔ Common Wrong Answer မ်ားအ ထိ အေသးစိတ္ Review and Assessment ျပဳလုုပ္ႏိုုင္မွာျဖစ္ပါတယ္။ Parents ေတြအေနျဖင့္လည္း တေန႔ တာရဲ႕ မိမိကေလး ဘာေတြေလ့လာသြားတယ္ ဘယ္ေလာက္ေတာ့ တတ္ေျမာက္သြားတယ္ဆိုုတာကိုု Daily Review ျပဳလုုပ္ေနႏိုုင္မွာျဖစ္သလို လစဥ္တတ္ေျမာက္မႈရလဒ္ (Learning Outcomes) ကိုု သိရွိရမွာျဖစ္ပါတယ္။

Online ကေနပဲ Assessment ျပဳလုုပ္မယ့္ Product တစ္ခုုအေနနဲ႔ အဓိကအခက္အခဲကဘာျဖစ္မလဲ။

အရမ္းေကာင္းတဲ့ေမးခြန္းျဖစ္ၿပီး က်မကိုုယ္တိုုင္လည္း ဒီေမးခြန္းကိုုေျဖၾကားခ်င္ေနတဲ့ေမးခြန္းပါ။ အဓိကစဥ္း စားရမွာကေတာ့ ျမန္မာျပည္က ေက်ာင္းေတြရဲ႕ Digital Infrastructures ျပည့္စံုုမႈအေျခေနပါ။ အထူးသျဖင့္ အင္တာနက္အသံုုးျပဳႏိုုင္မႈ နဲ႔ Tablet, Computer ထားရွိမႈအေျခေနေပါ့။ International School နဲ႔ Private School အားလံုုးမွာေတာ့ ျပည့္စံုုပါတယ္။ အစိုုးရေက်ာင္းေတြမွာေတာ့ အနည္းငယ္အားနာတာကိုုေတြ႔ရပါ တယ္။ Infra ေတာ့မျပည့္စံုုေသးဘူး က်မတို႔ရဲ႕ System ကိုုအသံုုးျပဳခ်င္ပါတယ္ဆိုုတဲ့ ေက်ာင္းေတြအတြက္ က်မတိုု႔ဘက္က ဘယ္လိုုပံုုစံနဲ႔ေထာက္ပံ့ကူညီသြားမလဲဆိုုတဲ့ Solution ကလည္းရွိႏွင့္ၿပီးသားျဖစ္ပါတယ္။ က်မတိုု႔နဲ႔ေဆြးေႏြးၿပီး အေကာင္းဆံုုးကူညီေထာက္ပံ့ဖိုု႔အဆင္သင့္ပါပဲ။

ျမန္မာႏိုုင္ငံအေနနဲ႕ ႏိုုင္ငံတကာနဲ႔တန္းတူပညာေရးစနစ္ျဖစ္လာဖို႔ဘာေတြကအခက္ခဲျဖစ္မလဲ၊ Pyinnyar Education အေနနဲ႔ ဘယ္လိုုအခန္းက႑ေတြကေနပါဝင္ကူညီေပးႏိုုင္မလဲ။

အဓိကေတာ့ ႏိုုင္ငံရဲ႕ဖြံျဖိဳးမႈ နဲ႔ ပညာေရးဆိုုင္ရာ မူဝါဒေတြေပါ့။ ႏိုုင္ငံေတာ္အတိုုင္ပင္ခံနဲ႔ ပညာေရးဝန္ၾကီးဌာန ကလည္း လူငယ္ဖြံ႔ျဖိဳးမႈနဲ႔ ပညာေရးက႑ေတြကိုု အေလးထားလုုပ္ေဆာင္ေနတဲ့အတြက္ က်မတိုု႔ ပညာေရး အဖြဲ႔စည္းေတြအေနနဲ႔ အားတက္မိပါတယ္။ Pyinnyar Education အေနနဲ႔ကေတာ့ ဒီလိုုဖြံ႔ျဖိဳးတိုုးတက္ေရးလုုပ္ ငန္းစဥ္ေတြမွာ ဘယ္ေလာက္အက်ိဳးရွိတဲ့ ပညာေရးဆိုုင္ရာနည္းပညာေတြကိုု ေထာက္ပံံ့ေပးႏိုုင္တဲ့ Educatioin Organization ျဖစ္လာေအာင္ျပင္ဆင္မလဲဆိုုတာကိုအာရံုုစိုုက္ပါတယ္။ တစ္ႏိုုင္ငံလံုုး အဆင့္တန္းမွီတဲ့ပညာ ေရးစံတစ္ခုုအျဖစ္ အဆင့္အတန္းျမွင့္တင္ေရးမွာ ကူညီေဆာင္ရြက္ေပးဖိုု႔ မ်ားစြာ ဆႏၵရွိပါတယ္။

Startup Education Product ထုုတ္လုုပ္သူတစ္ေယာက္အေနနဲ႔ ျမန္မာျပည္က ေက်ာင္းသားေတြအနာဂတ္အ တြက္ဘာေတြကိုုျပင္ထားဖိုု႔အေရးၾကီးဆံုုးျဖစ္မယ္လိုု႔ထင္လဲ။

ဖန္တီးမႈနဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္စြာဆက္စပ္ေတြးေခၚတတ္ျခင္း၊ ျပသနာမ်ားေျဖရွင္းႏိုုင္ျခင္းႏွင့္ ဒီဂ်စ္တယ္ ေခတ္မွာနည္းပညာကိုု အဆိပ္အေတာက္ကင္းကင္းနဲ႔ အက်ိဳးရွိရွိအသံုုးျပဳတတ္ျခင္းေတြဟာ က်မတို႔ေက်ာင္း သားေတြရဲ႕ အနာဂတ္လကၡဏာေကာင္းေတြျဖစ္ပါတယ္။ ဒီလိုုမ်ိဳးျဖစ္လာေအာင္လည္း က်မတိုု႔ကငယ္ဘဝက တည္းကေလ့က်င့္ျပဳစုုေပးဖိုု႔လိုုပါတယ္။
ႏိုုင္ငံတစ္ငံကလူတစ္ေယာက္လိုု႔ေတြးျခင္းထက္ ကမၻာေပၚကလူသားတစ္ေယာက္လိုု႔ေတြး တတ္လာေအာင္ က်မတိုု႔ျပင္ဆင္ထားေပးဖိုု႔လိုုပါတယ္။ ကေလးေတြအေနျဖင့္ ဒီလိုုေတြးတတ္ေစတာက မတူညီတဲ့ယဥ္ေက်းမႈ ကိုုအသိမွတ္ျပဳတတ္လာျခင္းအားျဖင့္ လူသားဆန္မႈကိုု ပိုုမိုုအေထာက္ကူျဖစ္ေစမယ္လိုု႔က်မယံုုၾကည္ပါတယ္။

Pyinnyar Adaptive Learning Education အေနျဖင့္ ေရွ႕ဆက္လုုပ္ေဆာင္သြားမယ့္ အစီစဥ္မ်ားကိုု လည္းေျပာျပေပးပါဦး။
ပညာေရးနဲ႔ဆိုုင္တဲ့ Virtual Reality (VR) ၊ Augmented Reality (AR) နဲ႔ Mixed Reality (MR) products ေတြကိုု တစ္နိုုင္ငံလံုုးက ေက်ာင္းသားေတြ အလြယ္တကူထိေတြအသံုုးျပဳႏိုုင္ဖိုု႔ ၾကိဳစားေဆာင္ရြက္ေနပါတယ္။

အခရာ (www.akhayar.com)

[Unicode]

Pyinnyar Adaptive Learning Educatoin မှ General Manager ဒေါ်ဆုဝေထွန်းကို တွေ့ ဆုံပြီး Adaptive Teaching အကြောင်းကို မေးမြန်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Adaptive Learning ပညာရေးစနစ်အကြောင်းအကိုပြောပြပေးပါရှင့်။

Adaptive Learning ပညာရေးစနစ်ကို Adaptive Teaching လို့လဲသိကြပါတယ်။ ဆိုလိုတာက ကျမတို့ ကျောင်းသားတစ် ယောက်ချင်းစီကပဲ မတူညီတဲ့ သင်ခန်းစာတွေကို ကိုယ်တိုင်လေ့လာခြင်းနှင့် သင်ကြားပို့ချခံ ရခြင်းတွေကို တစ်ချိန်တည်းပြုလုပ်ပေးနေတဲ့ Computer Algorithms သုံး ပညာရေးဆိုင်ရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။ မတူညီတဲ့ကျောင်းသားတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ချက်များကို သိရှိနိုင်အောင် AI နည်းပညာအသုံးပြုထားပြီး တစ်ယောက်ချင်းစီရဲ့ တတ်မြောက်မှုရလဒ်တွေကို တစ်ချိန်တည်းမှာပဲ သိရှိနိုင်တဲ့ သင်ကြားရေးသုံးနည်းစနစ်တစ်ခုဖြစ်ပါတယ်။

Pyinnyar Education အနေနဲ့ မြန်မာ့ကျောင်းသားကျောင်းသူများအတွက် “Adaptive Learning” ပညာ ရေးစနစ် လုပ်ဆောင်ရခြင်းအကြောင်းကို ပြောပြပေးပါရှင့်။

Adaptive Learning ပညာရေးစနစ်ဖော်ဆောင်ရခြင်းရဲ့အဓိကအချက်ကတော့ ကျမတို့ရဲ့ ကလေးတွေကို ငယ်ဘဝတည်းက ကိုယ်တိုင်လေ့လာတတ်မြောက်မှုစွမ်းရည်ကို ဖော်ထုတ်ပေးချင်တာပဲဖြစ်ပါတယ်။ အထူးသ ဖြင့် အမေရိကန် နှင့် အနောက်ဥရောပနိုင်ငံတွေက ပညာရေးစနစ်တွေမှာ ကိုယ်သင်ယူလေ့လာခြင်း Adaptive Learning ပညာရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး ပညာရေးအဆင့်တန်းမြင့်မားနေချိန် မှာ ကျမတို့ကလေးတွေကလည်း ကိုယ်တိုင်သင်ယူတတ်မြောက်နိုင်တဲ့စွမ်းရည်ရှိတယ် ဆိုတာကိုဖော်ထုတ် ပေးချင် တဲ့ ဆန္ဒနဲ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
နောက်ဒုတိယအချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ မြန်မာ့ ပညာရေးကဏ္ဍ အဆင်မြှင့်တင်ဆောင်ရွက်နေတဲ့ နေရာမှာ ကျမတို့ရဲ့ Pyinnyar Education အဖွဲ့စည်းဟာ နိုင်ငံတာကာနှင့် Benchmarking ပြုလုပ်နိုင် တဲ့နည်းပညာသုံး ပညာရေးစနစ်တစ်ခုကို ကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေနဲ့ထိတွေပေးနိုင်ဖို့ဖြစ်ပါ တယ်။

Pyinnyar ရဲ့ Adaptive Learning ပညာရေးစနစ်မှာ ဘယ်လိုသင်ရိုးညွှန်းတမ်းတွေနဲ့ဖွဲ့စည်းတည်ဆောက် ထားပါသလဲ။ ဘယ်ဘာသာရပ်တွေကို အဓိကလေ့လာနိုင်မှာပါလဲ။

ကျမတို့ရဲ့ Adaptive Contents တွေ (လေ့ချင့်ခန်းမေးခွန်းများ) ကို IGCSE အဆင့်နဲ့အညီဖွဲ့စည်း တည် ဆောက်ထားပါတယ်။ တကယ်တော့ Adaptive Learning စနစ်ရဲ့ Core Value ကိုကတစ်ဦးတစ်ယောက် ချင်းစိတ်ကြိုက်လေ့လာ နိုင် တဲ့ပညာရေးစနစ်ဖြစ်တာကြောင့် အနောက်နိုင်ငံတွေမှာတော့ ဘယ်သင်ရိုးညွှန်း တမ်းကိုပဲ သုံးမယ်ပြီးသတ် မှတ်ထားတာတော့မရှိပါဘူး။ IB, GCSE and IGCSE စတဲ့ စာမေးပွဲတွေကို ဖြေဆိုမယ့်ကျောင်းသားတိုင်း အဆင့်သင့် လေ့လာနိုင်မည့် Adaptive Contents တွေကိုသာ အသုံးပြုထားပါ တယ်။ Maths ၊ English နဲ့ Science ဘာသာရပ်တွေကို IB ၊ IGCSE အဆင့်ရှိမေးခွန်းများ သင်ကြားပို့ချမှုပုံစံများဖြင့် Individualize လေ့လာနိုင်ပါတယ်။

Pyinnyar Education ရဲ့ Adaptive Learning စနစ်ကို ဘယ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက် ထားပါသလဲ။
ဒီနေရာမှာ ကျမတို့က Partner ၊ Contents Providers နဲ့ Pleatform Developer ဆိုပြီး သုံးပိုင်းခွဲပြောလို့ရ တာပေါ့နော်။
နည်းပညာသုံး ပညာရေးစနစ်ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စု Silicon Valley က Education Technology company တစ်ခုနဲ့ အတူကျမတို့ ပူးပေါင်းပြီးလုပ်ဖြစ်ပါတယ်။ ကျမတို့ရဲ့ နည်းပညာအတိုင်ပင်ခံ လို့ပြောလို့ရတာပေါ့ရှင်။
Adaptive Contents တွေကတော့ နိုင်ငံအနှံက IB နဲ့ IGCSE ပညာရေးနယ်ပယ်တွေမှာ အတွေကြုံများတဲ့ Professor ကြီးတွေကရေးထားပေးပါတယ်။ အများစုက အမေရိကန်၊ ဗြိတိန်၊ နယူးဇီလန်၊ ကနေဒါ၊ အိန္ဒိယ နှင့် ကျမတို့ မြန်မာပြည်က Professor တချို့လည်းပါပါတယ်။ AI နဲ့ Computer Algorithms စနစ်တွေကိုတော့ ကျမတို့ India နိုင်ငံမှာပဲ US နဲ့ Indian Developers တွေနဲ့ စနစ်တကျရေးဆွဲတည်ဆောက်ထားပါတယ်။

Adaptive Learning ပညာရေးစနစ်နဲ့အညီ ဘယ်လို Assessments Programs တွေ ပါဝင်ပါသလဲ။

Assessment Programs ကတော့ ပညာရေးစနစ်ကြီးတစ်ခုလုံးရဲ့ ကျောရိုးလို့ပြောလို့ရတာပေါ့နော်။ ကျမတို့ Pyinnyar Adaptive Learning မှာတော့ ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ တက်မြောက်မှုရလဒ် (Learning Outcomes) တွေကို School Administrator, Educators နှင့် Parents တွေကြား ပြန်အလှန်စီစစ် အကဲဖြတ်နိုင်တဲ့ပုံစံမျိုးနဲ့ အသေးစိတ်ရေးဆွဲထားပါတယ်။ Assessment လုပ်မယ့် Product သုံးမျိုးရှိပါတယ်။

“Asset” လို့နာမည်ပေးထားတဲ့ product က ကျောင်းသားတစ်ယောက်ချင်းစီတိုင်းရဲ့ သိရှိတတ်မြောက်ထား ပြီးသော အခြေများနှင့် နိုင်ငံတကာအဆင့် Benchmarking ကိုစစ်ဆေးပြုလုပ်ပေးနိုင်မှာပါ။ Academic Year တစ်ခုလုံးရဲ့ တတ်မြောက်မှု အဆင့်ကိုစစ်ဆေးပေးတာဖြစ်ပါတယ်။

“Detailed Assessment” လို့နာမည်ပေးထားတဲ့ Product ကတော့ ကျမတို့ Academic Year တစ်ခုအတွင်း မှာပဲလေ့လာထားတဲ့ သင်ခန်းစာ (topic title) တစ်ခုချင်းစီအလိုက် ဘယ်နေရာမှာကျောင်းသားကနားမလည် သေးဘူး ဘယ်နေရာမှာတော့အားသာတယ် စသဖြင့် လစဉ်တတ်မြောက်လာမှုကို စစ်ဆေးပေးနိုင့်တဲ့ Product ပဲဖြစ်ပါတယ်။ Academic Year တစ်ခုအတွင်းမှာ ၁၂ ကြိမ်လောက် Online Testing စနစ်နဲ့ စစ်ဆေးပေးတာပဲဖြစ်ပါတယ်။

“Mindspark” လို့အမည်ပေးထားတဲ့ Personalize Machine Learning Product ကတော့ Learner, Parents နဲ့ Teachers တွေအားလုံးနှစ်သက်သလောကြတဲ့ 360˙ Assessment Product ပဲဖြစ်ပါတယ်။ Teacher ကပဲ ကျောင်းသားတစ်ယောက်ချင်းစီရဲ့တက်မြောက်နေမှု (Achievement) ၊ အားနည်းနေမှု(Learning Gap) တွေ ကို အသေးစိတ်သိရှိနေနိုင်ပြီး လိုအပ်တဲ့ သင်ခန်းစာတွေကို Online ကနေပဲ Assignment တွေထပ်လုပ်ခိုင်း နိုင်မှာဖြစ်ပါတယ်။ More Bright ဖြစ်တဲ့ကျောင်းသားတွေကလည်း Teachers ပေးတဲ့လေ့ကျင့်ခန်းတွေအပြင် မိမိလေ့လာလိုတဲ့သင်ခန်းစာတွေ ကိုထပ်ပြီးလေ့လာလို့ရပါသေးတယ်။ Parents တွေအနေနဲ့ကလည်း မိမိက လေးရဲ့တတ်မြောက်မှုကို နေ့စဉ်သိရှိနေမှာဖြစ်တဲ့အတွက် 360˙ Assessment ပြုလုပ်နိုင်တယ်လို့ဆိုလိုခြင်း ဖြစ်ပါတယ်။

Academics မှာ Reporting ပြုလုပ်တဲ့ စနစ်ကလည်းရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ Pyinnyar Adaptive Learning စနစ်ကရော ဘယ်လိုအတိုင်းတာထိ Report ပြုလုပ်ပေးသလဲ။

ပညာရေးကဏ္ဍမှာ ပါဝင်ပက်သက်တဲ့ Administrator ၊ Teacher ၊ Parents နဲ့ Students အားလုံးအတွက် သက်ရာ Roles အလိုက် Report ပြုလုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ Administrators နဲ့ Teachers တွေက ကျောင်းတစ်ကျောင်းလုံးရဲ့ အခြေနေ၊ Class တစ်ခုချင်းအလိုက် အခြေအနေ၊ အဲ့ထက်ထပ်ပြီး သိချင်ရင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အခြေနေ Misconception Points နဲ့ Common Wrong Answer များအ ထိ အသေးစိတ် Review and Assessment ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Parents တွေအနေဖြင့်လည်း တနေ့ တာရဲ့ မိမိကလေး ဘာတွေလေ့လာသွားတယ် ဘယ်လောက်တော့ တတ်မြောက်သွားတယ်ဆိုတာကို Daily Review ပြုလုပ်နေနိုင်မှာဖြစ်သလို လစဉ်တတ်မြောက်မှုရလဒ် (Learning Outcomes) ကို သိရှိရမှာဖြစ်ပါတယ်။

Online ကနေပဲ Assessment ပြုလုပ်မယ့် Product တစ်ခုအနေနဲ့ အဓိကအခက်အခဲကဘာဖြစ်မလဲ။

အရမ်းကောင်းတဲ့မေးခွန်းဖြစ်ပြီး ကျမကိုယ်တိုင်လည်း ဒီမေးခွန်းကိုဖြေကြားချင်နေတဲ့မေးခွန်းပါ။ အဓိကစဉ်း စားရမှာကတော့ မြန်မာပြည်က ကျောင်းတွေရဲ့ Digital Infrastructures ပြည့်စုံမှုအခြေနေပါ။ အထူးသဖြင့် အင်တာနက်အသုံးပြုနိုင်မှု နဲ့ Tablet, Computer ထားရှိမှုအခြေနေပေါ့။ International School နဲ့ Private School အားလုံးမှာတော့ ပြည့်စုံပါတယ်။ အစိုးရကျောင်းတွေမှာတော့ အနည်းငယ်အားနာတာကိုတွေ့ရပါ တယ်။ Infra တော့မပြည့်စုံသေးဘူး ကျမတို့ရဲ့ System ကိုအသုံးပြုချင်ပါတယ်ဆိုတဲ့ ကျောင်းတွေအတွက် ကျမတို့ဘက်က ဘယ်လိုပုံစံနဲ့ထောက်ပံ့ကူညီသွားမလဲဆိုတဲ့ Solution ကလည်းရှိနှင့်ပြီးသားဖြစ်ပါတယ်။ ကျမတို့နဲ့ဆွေးနွေးပြီး အကောင်းဆုံးကူညီထောက်ပံ့ဖို့အဆင်သင့်ပါပဲ။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့တန်းတူပညာရေးစနစ်ဖြစ်လာဖို့ဘာတွေကအခက်ခဲဖြစ်မလဲ၊ Pyinnyar Education အနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေကနေပါဝင်ကူညီပေးနိုင်မလဲ။

အဓိကတော့ နိုင်ငံရဲ့ဖွံဖြိုးမှု နဲ့ ပညာရေးဆိုင်ရာ မူဝါဒတွေပေါ့။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပညာရေးဝန်ကြီးဌာန ကလည်း လူငယ်ဖွံ့ဖြိုးမှုနဲ့ ပညာရေးကဏ္ဍတွေကို အလေးထားလုပ်ဆောင်နေတဲ့အတွက် ကျမတို့ ပညာရေး အဖွဲ့စည်းတွေအနေနဲ့ အားတက်မိပါတယ်။ Pyinnyar Education အနေနဲ့ကတော့ ဒီလိုဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်တွေမှာ ဘယ်လောက်အကျိုးရှိတဲ့ ပညာရေးဆိုင်ရာနည်းပညာတွေကို ထောက်ပံံ့ပေးနိုင်တဲ့ Educatioin Organization ဖြစ်လာအောင်ပြင်ဆင်မလဲဆိုတာကိုအာရုံစိုက်ပါတယ်။ တစ်နိုင်ငံလုံး အဆင့်တန်းမှီတဲ့ပညာ ရေးစံတစ်ခုအဖြစ် အဆင့်အတန်းမြှင့်တင်ရေးမှာ ကူညီဆောင်ရွက်ပေးဖို့ များစွာ ဆန္ဒရှိပါတယ်။

Startup Education Product ထုတ်လုပ်သူတစ်ယောက်အနေနဲ့ မြန်မာပြည်က ကျောင်းသားတွေအနာဂတ်အ တွက်ဘာတွေကိုပြင်ထားဖို့အရေးကြီးဆုံးဖြစ်မယ်လို့ထင်လဲ။

ဖန်တီးမှုနဲ့ ကျိုးကြောင်းဆီလျော်စွာဆက်စပ်တွေးခေါ်တတ်ခြင်း၊ ပြသနာများဖြေရှင်းနိုင်ခြင်းနှင့် ဒီဂျစ်တယ် ခေတ်မှာနည်းပညာကို အဆိပ်အတောက်ကင်းကင်းနဲ့ အကျိုးရှိရှိအသုံးပြုတတ်ခြင်းတွေဟာ ကျမတို့ကျောင်း သားတွေရဲ့ အနာဂတ်လက္ခဏာကောင်းတွေဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်လာအောင်လည်း ကျမတို့ကငယ်ဘဝက တည်းကလေ့ကျင့်ပြုစုပေးဖို့လိုပါတယ်။
နိုင်ငံတစ်ငံကလူတစ်ယောက်လို့တွေးခြင်းထက် ကမ္ဘာပေါ်ကလူသားတစ်ယောက်လို့တွေး တတ်လာအောင် ကျမတို့ပြင်ဆင်ထားပေးဖို့လိုပါတယ်။ ကလေးတွေအနေဖြင့် ဒီလိုတွေးတတ်စေတာက မတူညီတဲ့ယဉ်ကျေးမှု ကိုအသိမှတ်ပြုတတ်လာခြင်းအားဖြင့် လူသားဆန်မှုကို ပိုမိုအထောက်ကူဖြစ်စေမယ်လို့ကျမယုံကြည်ပါတယ်။

Pyinnyar Adaptive Learning Education အနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီစဉ်များကို လည်းပြောပြပေးပါဦး။
ပညာရေးနဲ့ဆိုင်တဲ့ Virtual Reality (VR) ၊ Augmented Reality (AR) နဲ့ Mixed Reality (MR) products တွေကို တစ်နိုင်ငံလုံးက ကျောင်းသားတွေ အလွယ်တကူထိတွေအသုံးပြုနိုင်ဖို့ ကြိုစားဆောင်ရွက်နေပါတယ်။

အခရာ (www.akhayar.com)