[Zawgyi]






Photos Credit – Yin Lett

Stella(Akhayar)

www.akhayar.com

[Unicode]

အရမ်းချစ်စရာကောင်းအောင် ပဲပေးမိလိုက်တဲ့ ပရိသတ်အချစ်တော် ယဉ်လတ်

“စစ်ကိုမုန်း၍တိုက်ခဲ့သည်”ဇာတ်ကားမှာ ခင်လေးဇာတ်ရုပ်နဲ့ ပရိသတ်တိုင်းရဲ့ချစ်ခင်အားပေးမှုတွေရရှိလာသူကတော့ ဖိုက်တင်မင်းသမီးချောလေး ယဉ်လတ် ဖြစ်ပါတယ်။ ပြင်ပဘဝမှာပါ အားကစားလိုက်စားပြီး အတိုက်အခိုက်စွမ်းရည်တွေသင်ထားတဲ့ ယဉ်လတ်တစ်ယောက် သူမရဲ့ ပဲပေးထားတဲ့ ပုံရိပ်လေးတွေကို “ယဉ်လက်လေးး… အလွန်အကြူ း ခရု မိ သွား ခြင်း ” ဆိုပြီးရေးကာ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါတယ်။


ဖိုက်တင်ခန်းတွေသာအရိုက်များတဲ့ ယဉ်လတ် ကို အခုလိုမိန်းကလေးဆန်ဆန်လေးတွေ့ရပြန်တော့လည်း တစ်မျိုးလေးချစ်စရာကောင်းနေတာမို့ ပရိသတ်တွေကတော့ သူမရဲ့ ပုံရိပ်တွေကို သဘောကျလျက်ရှိပါတယ်။ ဆယ်ကျော်သက်ဘဝထဲက အနုပညာအလုပ်တွေလုပ်လာခဲ့တဲ့ ယဉ်လတ်ဟာ အခုဆိုရင်လည်း သူမကို တခဲနက်အားပေးတဲ့ပရိသတ်တွေပိုင်ဆိုင်ထားရပါတယ်။

ယဉ်လတ်ဟာ ဇာတ်ကားတွေများစွာရိုက်ကူးထားဖူးသလို အနုပညာလောကမှာ နေရာတစ်နေရာရရှိထားပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Photos Credit – Yin Lett

Stella(Akhayar)

www.akhayar.com