[Zawgyi]

“ကတၱီပါမုန္တိုင္း”အမည္ရွိတဲ့ အမိုက္စားအခ်စ္ဇာတ္လမ္းမွာ သရုပ္ေဆာင္ေနတဲ့ ဝါဆိုမိုးဦး

သရုပ္ေဆာင္ဝါဆိုမိုးဦးက သူမရဲ႕ကိုယ္ပိုင္ထုတ္လုပ္ေရးကေန စတင္ရိုက္ကူးေနတဲ့ “ကတီၱပါမုန္တိုင္း” အမည္ရွိတဲ့ အမိုက္စားအခ်စ္ဇာတ္လမ္းထဲမွာပါဝင္သရုပ္ေဆာင္ေနပါတယ္။ ”ကတၱီပါမုန္တိုင္းဇာတ္ကားကို အခုရိုက္ကူးေနပါတယ္။ ဒါရိုက္တာက ကိုသားညီပါ။ သရုပ္ေဆာင္ေတြကေတာ့ ေဇရဲထက္ရယ္၊ ဝါဆိုရယ္၊ ေရႊေကသရီရယ္၊ မိုးသူရရယ္၊ ဆုနႏၵာေအာင္ရယ္ အမိုက္စားအခ်စ္ဇာတ္လမ္းေလးပါ။ အခ်စ္ဇာတ္လမ္းဆိုတာထက္ လူငယ္ေတြ အခ်စ္ထက္ နည္းနည္းရင့္က်က္တဲ့အပိုင္းထဲကေပါ့၊ လူငယ္လည္းမဟုတ္၊ လူႀကီးလည္းမဟုတ္တဲ့အရြယ္ အခ်စ္ဇာတ္လမ္းကို ဖန္တီး႐ိုက္ကူးထားပါတယ္၊ ဝါဆိုက ၂၉၊ ၃၀ အရြယ္ေလာက္ေတာ့ ရွိတာေပါ့၊ အၿမဲတမ္း ဝါဆိုကငယ္ငယ္ေလးပံုစံမ်ိဳးပဲ သ႐ုပ္ေဆာင္ေနရေတာ့ ဒီတစ္ခါ နည္းနည္းေလးရင့္က်က္တဲ့ပံုမ်ိဳး သ႐ုပ္ေဆာင္ထားတာေပါ့ေနာ္၊ ဒီဇာတ္လမ္းေလးမွာလည္း ဝါဆိုကရင့္က်က္တဲ့သူတစ္ေယာက္လည္းျဖစ္တယ္၊ အိမ္ေထာင္ေရးနဲ႔ပတ္သက္တဲ့အပိုင္းေတြလည္းပါမယ္၊ အခ်စ္ၿပိဳင္ၾကတဲ့ပံုစံေလးပါ” လို႔ ကတၱီပါမုန္တိုင္းဇာတ္ကားနဲ႔ပတ္သက္ၿပီး ဝါဆိုမိုးဦးကေျပာပါတယ္။

ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႔ ရိုက္ကူးျဖစ္တဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး သူမက “ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႔ထုတ္ရိုက္တာက ဝါဆိုသီခ်င္းေခြလုပ္ေတာ့ သရုပ္ေဆာင္အလုပ္နဲ႔ အဆက္အသြယ္ျပတ္သြားတယ္လုိ႔ထင္တယ္။ ၿပီးေတာ့ ဝါဆိုရိုက္ခ်င္တဲ့ ဇာတ္ေကာင္ေလးေတြရွိတယ္။ အဲဒါေလးကိုလည္း ရိုက္ကူးခ်င္တယ္။ ပရိသတ္ေတြကို ဝါဆိုရဲ႕အႏုပညာေလးကိုခ်ျပခ်င္တယ္။ အဲဒီအတြက္ေၾကာင့္ ကိုယ္ပိုင္ထုတ္လုပ္ေရးနဲ႔ ဇာတ္ကားေတြရိုက္ကူးျဖစ္သြားတာပါ။ ေနာက္တစ္ခုက ဝါဆိုက အႏုပညာနဲ႔ပတ္သက္တဲ့ အရာအားလံုး ဝါသနာပါတယ္။ အႏုပညာနဲ႔ပတ္သက္ၿပီး ဘာပဲလုပ္ရလုပ္ရ ေပ်ာ္ေနတာ၊ ပရိသတ္ေတြအားလံုးအတြက္ တတ္ႏိုင္သေလာက္ အစြမ္းကုန္ႀကိဳးစားသြားမွာပါ” လို႔ ဝါဆိုမိုးဦးကေျပာပါတယ္။ သရုပ္ေဆာင္ဝါဆိုမိုးဦးဟာဆိုရင္ ကေလးဘဝထဲက အႏုပညာေလာကမွာရွိေနခဲ့ၿပီး၊ ၂၀၁၇ မွာတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ “မိုက္လားေျပာၾကည့္” အေခြကိုလည္း ထြက္ရွိခဲ့တာျဖစ္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“ကတ္တီပါမုန်တိုင်း”အမည်ရှိတဲ့ အမိုက်စားအချစ်ဇာတ်လမ်းမှာ သရုပ်ဆောင်နေတဲ့ ဝါဆိုမိုးဦး

သရုပ်ဆောင်ဝါဆိုမိုးဦးက သူမရဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ စတင်ရိုက်ကူးနေတဲ့ “ကတ္တီပါမုန်တိုင်း” အမည်ရှိတဲ့ အမိုက်စားအချစ်ဇာတ်လမ်းထဲမှာပါဝင်သရုပ်ဆောင်နေပါတယ်။ ”ကတ္တီပါမုန်တိုင်းဇာတ်ကားကို အခုရိုက်ကူးနေပါတယ်။ ဒါရိုက်တာက ကိုသားညီပါ။ သရုပ်ဆောင်တွေကတော့ ဇေရဲထက်ရယ်၊ ဝါဆိုရယ်၊ ရွှေကေသရီရယ်၊ မိုးသူရရယ်၊ ဆုနန္ဒာအောင်ရယ် အမိုက်စားအချစ်ဇာတ်လမ်းလေးပါ။ အချစ်ဇာတ်လမ်းဆိုတာထက် လူငယ်တွေ အချစ်ထက် နည်းနည်းရင့်ကျက်တဲ့အပိုင်းထဲကပေါ့၊ လူငယ်လည်းမဟုတ်၊ လူကြီးလည်းမဟုတ်တဲ့အရွယ် အချစ်ဇာတ်လမ်းကို ဖန်တီးရိုက်ကူးထားပါတယ်၊ ဝါဆိုက ၂၉၊ ၃၀ အရွယ်လောက်တော့ ရှိတာပေါ့၊ အမြဲတမ်း ဝါဆိုကငယ်ငယ်လေးပုံစံမျိုးပဲ သရုပ်ဆောင်နေရတော့ ဒီတစ်ခါ နည်းနည်းလေးရင့်ကျက်တဲ့ပုံမျိုး သရုပ်ဆောင်ထားတာပေါ့နော်၊ ဒီဇာတ်လမ်းလေးမှာလည်း ဝါဆိုကရင့်ကျက်တဲ့သူတစ်ယောက်လည်းဖြစ်တယ်၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့အပိုင်းတွေလည်းပါမယ်၊ အချစ်ပြိုင်ကြတဲ့ပုံစံလေးပါ” လို့ ကတ္တီပါမုန်တိုင်းဇာတ်ကားနဲ့ပတ်သက်ပြီး ဝါဆိုမိုးဦးကပြောပါတယ်။

ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး သူမက “ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ထုတ်ရိုက်တာက ဝါဆိုသီချင်းခွေလုပ်တော့ သရုပ်ဆောင်အလုပ်နဲ့ အဆက်အသွယ်ပြတ်သွားတယ်လို့ထင်တယ်။ ပြီးတော့ ဝါဆိုရိုက်ချင်တဲ့ ဇာတ်ကောင်လေးတွေရှိတယ်။ အဲဒါလေးကိုလည်း ရိုက်ကူးချင်တယ်။ ပရိသတ်တွေကို ဝါဆိုရဲ့အနုပညာလေးကိုချပြချင်တယ်။ အဲဒီအတွက်ကြောင့် ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေရိုက်ကူးဖြစ်သွားတာပါ။ နောက်တစ်ခုက ဝါဆိုက အနုပညာနဲ့ပတ်သက်တဲ့ အရာအားလုံး ဝါသနာပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ဘာပဲလုပ်ရလုပ်ရ ပျော်နေတာ၊ ပရိသတ်တွေအားလုံးအတွက် တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဝါဆိုမိုးဦးကပြောပါတယ်။ သရုပ်ဆောင်ဝါဆိုမိုးဦးဟာဆိုရင် ကလေးဘဝထဲက အနုပညာလောကမှာရှိနေခဲ့ပြီး၊ ၂၀၁၇ မှာတစ်ကိုယ်တော်အခွေဖြစ်တဲ့ “မိုက်လားပြောကြည့်” အခွေကိုလည်း ထွက်ရှိခဲ့တာဖြစ်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။