[ZawGyi]



Yes-or-No-Poster

Yes-or-No-Poster

Yes or No thai movie

tina-jittaleela

tina-jittaleela


khin-wint-wah-and-tiNa

khin-wint-wah-and-tiNa






www.akhayar.com

[Unicode]

 မြန်မာပြည်ကိုရောက်ရှိနေတဲ့ tiNa

Yes or No ဆိုတဲ့နာမည်ကြီးထိုင်းဇာတ်လမ်းတွဲကဇာတ်ဆောင်ကောင်လေး tiNa က မြန်မာပြည်ကိုအလည်အပတ်ရောက်ရှိနေပါတယ်နော်။ Yes or No ရုပ်ရှင်ကားဟာ ၂၀၁၀ ခုနစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး အာရှဈေးကွက်မှာတော့ အတော်လေး လူကြိုက်များခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ မြန်မာပြည်က လူငယ်ပရိသတ်ကြားမသိသူမရှိလောက်အောင် နာမည်ရခဲ့တဲ့ကားလေးပါ။

Yes-or-No-Poster

Yes-or-No-Poster

ဒီဇာတ်ကားထဲမှာ Kim အဖြစ်သရုပ်ဆောင်တဲ့  tiNa ကယောကျားလျာလေးဖြစ်ပေမယ့် မိန်းကလေးတိုင်းကြွေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။
Yes or No thai movie

tina-jittaleela

tina-jittaleela

tiNa အဖြစ်လူသိများပြီးသူလေးရဲ့ နာမည်အရင်းကတော့ Suppanad Jittaleela ဖြစ်ပါတယ်နော်။ အသက် ၂၇ နှစ်ရှိပြီးသူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ အများကြီးပါပဲ။

khin-wint-wah-and-tiNa

khin-wint-wah-and-tiNa

အခုဆိုရင်တော့  tiNa ဟာ  မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေပြီလို့သိရပါတယ်။ သရုပ်ဆောင်ခင်ဝင့်ဝါက သူနဲ့အမှတ်မထင်တွေ့ဆုံခွင့်ရပြီး ဓာတ်ပုံရိုက်ကူးခဲ့ကာ သူမအကောင့်မှာတင်ထားတာကိုတွေ့ခဲ့ရပါတယ်။

ရန်ကုန်မှာလည်ပတ်နေတဲ့ Tina

ရန်ကုန်မှာလည်ပတ်နေတဲ့ Tina

သူ့ကိုဥပါယ်တံမျဉ်ထဲက အမ်မလီလိုမျိုးပဲ မြန်မာသရုပ်ဆောင်တွေနဲ့ အနုပညာအလုပ်တွေတွဲဖက်လုပ်ဆောင်ဖို့ကို အားလုံးကမျှော်လင့်နေကြပါတယ်။ ခင်ဝင့်ဝါရဲ့ ပို့စ်ကွန်းမန့်မှာလည်း သူနဲ့တွဲဖက်သရုပ်ဆောင်စေချင်ကြောင်းကို ပြောဆိုအားပေးထားကြတာတွေ့ရပါတယ်။

photo credit#khin wint wah facebook

www.akhayar.com