[Zawgyi]

ႏႈတ္ခမ္း Filler ထုိးဖုိ႕ ပရိသတ္ဆီကအၾကံဥာဏ္ေတာင္းလုိက္တဲ့ သြန္းဆက္

ရုပ္ရွင္နဲ႕ဗြီဒီယိုသရုပ္ေဆာင္ သြန္းဆက္ ကေတာ့ ဇာတ္ကားေတာ္ေတာ္မ်ားမ်ားရုိက္ကူးထားရတဲ့ မင္းသမီးတစ္လက္မုိ႕ အနယ္နယ္ရပ္ရပ္ ပရိသတ္တုိင္းမ်က္မွန္းတန္းမိေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ အႏုပညာေလာကမွာ ေနရာတစ္ေနရာရရွိထားတဲ့ သြန္းဆက္ကေတာ့ လူမႈကြန္ရက္မွာပါ သူမကုိခ်စ္ခင္အားေပးေနတဲ့ ပရိသတ္မ်ားစြာပုိင္ဆုိင္ထားတာပါ။

ဒီရက္ပုိင္းအတြင္းမွာေတာ့ သြန္းဆက္တစ္ေယာက္ သူမရဲ႕ လူမႈကြန္ရက္မွာ ဂုိက္ေပးၾကမ္းထားတဲ့ စတုိင္အလန္းနဲ႕ ပုံရိပ္ေတြကုိ မွ်ေ၀ထားပါတယ္။”ဘယ္ႏႈတ္ခမ္းအေရာင္ေလးဆိုးရင္ေကာင္းမလဲခ်စ္တို႔ စမီး ( Lip Filler ) ႏႈတ္ခမ္း ေဆးထိုးသင့္ မထိုးသင့္ ..အၾကံေပးၾကပါအံုး” ဆုိျပီး ပရိသတ္ေတြကုိ အၾကံေတာင္းထားပါတယ္။

ႏႈတ္ခမ္းနီေလးေတြေရာင္စုံဆုိးထားျပီး အလွျပင္ထားတဲ့ ပုံေလးေတြက အေတာ္ေလးခ်စ္စရာေကာင္းေနပါတယ္။ ပရိသတ္ၾကီးလည္း သြန္းဆက္ရဲ႕ ပံုေလးေတြကုိ သေဘာက်ႏွစ္သက္မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

Photos Credit –  Thun Sett

Stella(Akhayar)

www.akhayar.com

[Unicode]

နှုတ်ခမ်း Filler ထိုးဖို့ ပရိသတ်ဆီကအကြံဉာဏ်တောင်းလိုက်တဲ့ သွန်းဆက်

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် သွန်းဆက် ကတော့ ဇာတ်ကားတော်တော်များများရိုက်ကူးထားရတဲ့ မင်းသမီးတစ်လက်မို့ အနယ်နယ်ရပ်ရပ် ပရိသတ်တိုင်းမျက်မှန်းတန်းမိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့ သွန်းဆက်ကတော့ လူမှုကွန်ရက်မှာပါ သူမကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်များစွာပိုင်ဆိုင်ထားတာပါ။

ဒီရက်ပိုင်းအတွင်းမှာတော့ သွန်းဆက်တစ်ယောက် သူမရဲ့ လူမှုကွန်ရက်မှာ ဂိုက်ပေးကြမ်းထားတဲ့ စတိုင်အလန်းနဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ “ဘယ်နှုတ်ခမ်းအရောင်လေးဆိုးရင်ကောင်းမလဲချစ်တို့ စမီး ( Lip Filler ) နှုတ်ခမ်း ဆေးထိုးသင့် မထိုးသင့် ..အကြံပေးကြပါအုံး” ဆိုပြီး ပရိသတ်တွေကို အကြံတောင်းထားပါတယ်။

နှုတ်ခမ်းနီလေးတွေရောင်စုံဆိုးထားပြီး အလှပြင်ထားတဲ့ ပုံလေးတွေက အတော်လေးချစ်စရာကောင်းနေပါတယ်။ ပရိသတ်ကြီးလည်း သွန်းဆက်ရဲ့ ပုံလေးတွေကို သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

Photos Credit –  Thun Sett

Stella(Akhayar)

www.akhayar.com