[Zawgyi]

အႏုပညာအလုပ္ေတြမလုပ္ျဖစ္ေတာ့ဘဲ စီးပြားေရးကို ေဇာက္ခ်လုပ္ျဖစ္ေနတယ္ဆိုတဲ့ သဥၨာႏြယ္၀င္း

အႏုပညာအလုပ္ေတြကို လံုး၀မလုပ္ေတာ့ဘဲ စီးပြားေရးအလုပ္ေတြကိုပဲ ေဇာက္ခ်လုပ္ေတာ့မွာျဖစ္တယ္လို႔ မၾကာေသးခင္က သူမတို႔မိသားစု ဖြင့္လွစ္လိုက္တဲ့ Hop Pot City ရဲ႕ ဒုတိယေျမာက္ဆိုင္ခြဲဖြင့္ပြဲမွာ ေတြ႕ဆံုစဥ္က ေျပာၾကားခဲ့ပါတယ္။ “သဥၨာက အႏုပညာအလုပ္ေတြကို မလုပ္ေတာ့ပါဘူး။ လုံး၀နားလိုက္ပါၿပီ။ အခုလည္း ေယာက်္ားရဲ႕ စီးပြားေရးအလုပ္ေတြကို ၀ိုင္းကူၿပီး လုပ္ေပးျဖစ္ပါတယ္။ သားသားနဲ႔ မိသားစုအတြက္ပဲ အခ်ိန္ေပးၿပီးေနျဖစ္တယ္။ သဥၨာရဲ႕အမ်ိဳးသားက အရမ္းစည္းကမ္းႀကီးတဲ့ထဲမွာ မပါပါဘူး။ အိမ္ေထာင္ရွင္မတစ္ေယာက္အေနနဲ႔ ကိုယ့္အတြက္ခက္ခဲတာကေတာ့ ဟင္းခ်က္တာပဲရွိတာေပါ့” လို႔ ေျပာၾကားခဲ့ပါတယ္။

သားေလးကိုလည္း ၀ါသနာပါရင္ အႏုပညာအလုပ္ေတြကို ေပးလုပ္မွာျဖစ္ေပမယ့္ စီးပြားေရးကို ဦးစားေပးဖို႔ေတာ့ တိုက္တြန္းသြားမွာလို႔လည္း ေျပာျပခဲ့ပါေသးတယ္။ “သားေလးႀကီးလာလို႔ အႏုပညာ၀ါသနာပါရင္ေတာ့ ေပးလုပ္မွာပါ။ ဒါေပမယ့္ သားေယာက်္ားေလးျဖစ္တဲ့အတြက္ အေဖရဲ႕စီးပြားေရးလုပ္ငန္းေတြကို ကူညီလုပ္ကိုင္ေပးေစခ်င္တယ္။ စီးပြားေရးကိုပဲ ဦးစားေပးဖို႔ တိုက္တြန္းျဖစ္မွာပါ။ ဒီေန႔ Hot Pot City ရဲ႕ ဒုတိယေျမာက္ဆိုင္သစ္ဖြင့္ပြဲက သဥၨာရဲ႕ အသက္၂၈ ႏွစ္ျပည့္တဲ့ ေမြးေန႔မွာ ဖြင့္ျဖစ္တာပါ။ ေမြးေန႔အမွတ္တရျဖစ္သြားေအာင္လို႔ အခုလိုစီစဥ္ဖြင့္ျဖစ္သြားတာပါ”လို႔ ဆိုပါတယ္။

သူမအေနနဲ႔ ပန္းအလွဆင္လုပ္ငန္းကိုလည္း တိုးခ်ဲ႕လုပ္ကိုင္ဖို႕ရွိေၾကာင္း ေျပာၾကားခဲ့တယ္။ “သဥၨာေနာက္ထပ္၀ါသနာပါတဲ့ အလုပ္ကေလ ပန္းဆိုင္တစ္ဆိုင္ ဖြင့္ခ်င္တာပါ။ ပန္းေတြနဲ႔ အလွဆင္ရတာကို သဥၨာအရမ္းႀကိဳက္တယ္။ သေဘာက်ပါတယ္။ အခုလည္း ပန္းနဲ႔ပတ္သက္တဲ့ သင္တန္းေတြ တက္ေနပါတယ္။ သင္တန္းတက္ၿပီးသြားရင္ သဥၨာကေတာ့ စီးပြားေရးတစ္ခုအေနနဲ႔ Floral Service လုပ္ငန္းတစ္ခုဖြင့္ဖို႔ စီစဥ္သြားမယ္။ ေနာက္ထပ္လည္း သားသမီးယူဖို႔ အစီအစဥ္ရိွပါတယ္လို႔” ဆိုပါတယ္။ ပရိသတ္ႀကီးက သူမကို ခ်စ္ၾကေသးလား။

www.akhayar.com

[Unicode]

အနုပညာအလုပ်တွေမလုပ်ဖြစ်တော့ဘဲ စီးပွားရေးကို ဇောက်ချလုပ်ဖြစ်နေတယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အနုပညာအလုပ်တွေကို လုံးဝမလုပ်တော့ပဲ စီးပွားရေးအလုပ်တွေကိုပဲ ဇောက်ချလုပ်တော့မှာဖြစ်တယ်လို့ မကြာသေးခင်က သူမတို့မိသားစု ဖွင့်လှစ်လိုက်တဲ့ Hop Pot City ရဲ့ ဒုတိယမြောက်ဆိုင်ခွဲဖွင့်ပွဲမှာ တွေ့ဆုံစဉ်က ပြောကြားခဲ့ပါတယ်။ “သဉ္ဇာက အနုပညာအလုပ်တွေကို မလုပ်တော့ပါဘူး။ လုံးဝနားလိုက်ပါပြီ။ အခုလည်း ယောကျ်ားရဲ့ စီးပွားရေးအလုပ်တွေကို ဝိုင်းကူပြီး လုပ်ပေးဖြစ်ပါတယ်။ သားသားနဲ့ မိသားစုအတွက်ပဲ အချိန်ပေးပြီးနေဖြစ်တယ်။ သဉ္ဇာရဲ့အမျိုးသားက အရမ်းစည်းကမ်းကြီးတဲ့ထဲမှာ မပါပါဘူး။ အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ကိုယ့်အတွက်ခက်ခဲတာကတော့ ဟင်းချက်တာပဲရှိတာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

သားလေးကိုလည်း ဝါသနာပါရင် အနုပညာအလုပ်တွေကို ပေးလုပ်မှာဖြစ်ပေမယ့် စီးပွားရေးကို ဦးစားပေးဖို့တော့ တိုက်တွန်းသွားမှာလို့လည်း ပြောပြခဲ့ပါသေးတယ်။ “သားလေးကြီးလာလို့ အနုပညာဝါသနာပါရင်တော့ ပေးလုပ်မှာပါ။ ဒါပေမယ့် သားယောကျ်ားလေးဖြစ်တဲ့အတွက် အဖေရဲ့စီးပွားရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ပေးစေချင်တယ်။ စီးပွားရေးကိုပဲ ဦးစားပေးဖို့ တိုက်တွန်းဖြစ်မှာပါ။ ဒီနေ့ Hot Pot City ရဲ့ ဒုတိယမြောက်ဆိုင်သစ်ဖွင့်ပွဲက သဉ္ဇာရဲ့ အသက်၂၈ နှစ်ပြည့်တဲ့ မွေးနေ့မှာ ဖွင့်ဖြစ်တာပါ။ မွေးနေ့အမှတ်တရဖြစ်သွားအောင်လို့ အခုလိုစီစဉ်ဖွင့်ဖြစ်သွားတာပါ”လို့ ဆိုပါတယ်။

သူမအနေနဲ့ ပန်းအလှဆင်လုပ်ငန်းကိုလည်း တိုးချဲ့လုပ်ကိုင်ဖို့ရှိကြောင်း ပြောကြားခဲ့တယ်။ “သဉ္ဇာနောက်ထပ်ဝါသနာပါတဲ့ အလုပ်ကလေ ပန်းဆိုင်တစ်ဆိုင် ဖွင့်ချင်တာပါ။ ပန်းတွေနဲ့ အလှဆင်ရတာကို သဉ္ဇာအရမ်းကြိုက်တယ်။ သဘောကျပါတယ်။ အခုလည်း ပန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေ တက်နေပါတယ်။ သင်တန်းတက်ပြီးသွားရင် သဉ္ဇာကတော့ စီးပွားရေးတစ်ခုအနေနဲ့ Floral Service လုပ်ငန်းတစ်ခုဖွင့်ဖို့ စီစဉ်သွားမယ်။ နောက်ထပ်လည်း သားသမီးယူဖို့ အစီအစဉ်ရှိပါတယ်လို့” ဆိုပါတယ်။ ပရိသတ်ကြီးက သူမကို ချစ်ကြသေးလား။

www.akhayar.com