[Zawgyi]
www.akhayar.com
[Unicode]
သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောပြလာတဲ့ အကယ်ဒမီသက်မွန်မြင့်
ဒီနှစ်မှာတော့ အနုပညာရှင်တွေတော်တော်များများ ပြည်တွင်း၊ပြည်ပခရီးထွက်ကြတာတွေ များပါတယ်။ ဒီနှစ်မှာလည်း ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်သက်မွန်မြင့်ကရော သင်္ကြန်မှာ ဘာတွေလုပ်ဖြစ်မလဲဆိုတာကိုတော့ သက်မွန်မြင့်က…..“ဒီနှစ်သင်္ကြန်ကိုတော့ မိသားစုနဲ့အတူတူ စင်္ကာပူထွက်ဖြစ်ပါမယ်။ သင်္ကြန်ရောက်ပြီဆိုရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေလည်း ကြားရတယ်။ ပိတောက်ပန်းသိပ်ကြိုက်တော့ ပိတောက်ပန်းပွင့်ချိန်ကို မျှော်ရတယ်လေ။ နောက်ပြီး မုန့်လုံးရေပေါ်ဆို အရမ်းကြိုက်တယ်လေ။ သင်္ကြန်သီချင်းလေးတွေနဲ့ ရေဆော့ရတာကြိုက်တယ်။ သက်မွန်က လျှောက်လည်ရတာထက် မဏ္ဍပ်ထိုင်ရတာပိုကြိုက်တယ်။
လျှောက်လည်တာကျတော့ ကားလမ်းတွေအရမ်းပိတ်တော့ ကားပိတ်တဲ့ဒဏ်ကို မခံနိုင်ဘူး။ တစ်ခေါက်တော့ မဏ္ဍပ်ထိုင်ရင်းနဲ့ မဏ္ဍပ်ကလူတွေနဲ့ဖွဲ့ပြီး လျှောက်သွားကြတာ ရုပ်ဖျက်ပြီးသွားဘူးပါတယ်။ အဲဒီမှာ ရုပ်ဖျက်သွားရင်းနဲ့ မုန့်လုံးရေပေါ်ကို ကိုယ်ကကြိုက်တော့ ဟန်တောင်မဆောင်နိုင်တော့ပဲ မုန့်ကျွေးကြပါဆိုပြီး တောင်းစားခဲ့ဘူးတာတော့ အမှတ်တရပါပဲ။ တစ်နှစ်မှတစ်ခါဆုံရတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲလေးမှာ ပြည်သူများအားလုံး ဘေးမသီရန်မခပဲ အေးအေးချမ်းချမ်းနဲ့ သင်္ကြန်ကို ဖြတ်သန်းနိုင်ကြပါစေလို့” ဆုတောင်းပေးပါတယ်။
Photo Credit:Thet Mon Myint Facebook Page
www.akhayar.com