[Zawgyi]
Stella(Akhayar)
www.akhayar.com
[Unicode]
အတုယူစရာကောင်းတဲ့ စိုးပြည့်သဇင် ရဲ့ မွန်မြတ်တဲ့ ခံယူချက်လေးတစ်ခု
အကယ်ဒမီစိုးပြည့်သဇင်ကတော့ ဇာတ်ကားတစ်ကားရိုက်ကူးဖို့ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်မှာ ကုသိုလ်တွေအများကြီးရရှိခဲ့တာမို့ သူမရဲ့ လုပ်ရပ်အတွက် အနုပညာအသိုင်းဝိုင်းနဲ့ ပရိသတ်တွေဆီက ချီးကျူးသံတွေအများကြီးကြားခဲ့ရတာဖြစ်ပါတယ်။
အနုပညာလောကထဲမှာ အနေအေးဆေးတည်ငြိမ်လွန်းတာမို့ နာမည်ပျက်မရှိခဲ့တဲ့ စိုးပြည့်ဟာ ပရိသတ်အားပေးမှုတခဲနက်ရရှိထားပါတယ်။ လတ်တလောမှာတော့ စိုးပြည့်က သူမခံယူထားတဲ့ ခံယူချက်ကို လူမှုကွန်ရက်ကနေတစ်ဆင့် မျှဝေထားတာတွေ့ရပါတယ်။ရုပ်ရည်လေးချစ်စရာကောင်းသလို သူမရဲ့ စိတ်သဘောထားလေးကလည်း နူးည့ံတယ်ဆိုတာ သူမရဲ့ ခံယူချက်လေးကို ဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်။
“လူတစ်ယောက်ဟာ…ချမ်းသာတဲ့မိဘဝမ်းမှာဖြစ်တည်ဖို့လည်းရွေးချယ်ခွင့်မရှိသလို့…..ရုပ်လှဖို့..ပြည့်စုံဖို့ကိုလည်းရွေးချယ်ခွင့်မရှိခဲ့ပါဘူး…..ပြုဖူးတဲ့အတိတ်ကံကပစ်ချလိုက်တဲ့ဘဝမှာပျော်အောင်နေပြီးကြိုးစားရတာပါ……ဒီတော့ကျမတို့ကဘာရွေးချယ်ခွင့်ဘာဆုံးဖြတ်ခွင့်မှမရှိဘဲလူဖြစ်လာရတာပေါ့……ကိုယ်ဆုံးဖြတ်ပြီးရွေးချယ်လို့ရတာကတော့ဒီဘဝမှာစိတ်ကောင်းစိတ်မြတ်လေးတွေမွေးဖို့ဘဲ….ဟုတ်ပါတယ်…..ဒါကိုတော့ကျွန်မတို့လိုသလိုပုံဖော်လို့ရတယ်လေ……ကျွန်မတို့အခုပုံဖော်သလို….နောင်မှာအကျိုးပေးမှာပါဘဲ…..ဒါဆိုစိတ်ကောင်းရှိဖို့ကအဓိကဘဲပေါ့….(ကျွန်မရဲ့ယူဆချက်လေးတစ်ခုပါ)” ဆိုပြီး စိတ်ကောင်းရှိဖို့အရေးကြီးတဲ့အကြောင်းကို ပြောပြထားတာပါ။ပရိသတ်တွေလည်း စိုးပြည့်ရဲ့ စကားကို သဘောကျထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။
Photos Credit – Soe Pyae Thazin facebook
Stella(Akhayar)
www.akhayar.com