[Zawgyi]







Stella(Akhayar)

www.Akhayar.com 

[Unicode]

အင်္ဂလန်က နာမည်ကြီး ဂေါက်ကွင်းကို အလည်ရောက်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

အနုပညာလောကထဲကိုတစ်ကျော့ပြန်ဝင်ရောက်လာချိန်မှာ အလှုအတန်းလုပ်ရင်း ဂုဏ်သတင်းကျော်ဇော်လာသူကတော့ သရုပ်ဆောင်စမိုင်းလ် တို့မိသားစုပါပဲ။ အိမ်ထောင်ရေးကံကောင်းပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးပိုင်ဆိုင်ထားတဲ့ စမိုင်းလ်ဟာ လက်တစ်လောမှာ ခင်ပွန်းသည်နဲ့အတူ အင်္ဂလန်နိုင်ငံကို အလည်ရောက်ရှိနေတာဖြစ်ပါတယ်။


သြဂုတ်လ(၃)ရက်နေ့က လန်ဒန်မြို့မှာရှိတဲ့ အထင်ကရ ဂေါက်ကွင်းတစ်ခုဖြစ်တဲ့Wimbledon ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
မရှိအတူရှိအတူ ကြိုးစားလာခဲ့ကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ စီးပွားရေးတောင့်တင့်ခိုင်မာသလို အလှုအတန်းတွေကိုလည်း ဖောဖောသီသီလှုဒါန်းလေ့ရှိပြီး ပြည်ပခရီးစဉ်တွေလည်း မိသားစုလိုက်အတူတူခရီးထွက်လေ့ရှိပါတယ်။


သမီးလေးနှစ်ယောက်ရဲ့ မိဘတွေဖြစ်ကြတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ ကြင်စဦးဇနီးမောင်နှံတွေလိုပဲ အရမ်းချစ်ကြပြီး ဆင်တူဝတ်စုံလေးတွေဝတ်ပြီး လည်ပတ်ခဲ့တာကိုတွေ့ရပါတယ်။ ရှေ့သွားနောက်လိုက်ညီတဲ့ စမိုင်းလ် တို့ စုံတွဲရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အားကျသွားမယ်လို့ထင်ပါတယ်။

Photos Credit – Smile facebook

Stella(Akhayar)

www.Akhayar.com