[Zawgyi]

ပရိသတ္ေတြသိခ်င္ေနတဲ့ ၀ိတ္ခ်တဲ့အေၾကာင္းကုိ ေျပာျပမယ့္ စမုိင္းလ္

Gym ေဆာ့ျပီး အလွအပထိန္းသိမ္းမႈေတြျပန္လုပ္ရာက ၀ိတ္က်သြားျပီျဖစ္တဲ့ သရုပ္ေဆာင္မင္းသမီးေခ်ာ စမုိင္းလ္ကေတာ့ အႏုပညာေလာကထဲ တစ္ေက်ာ့ျပန္ေရာက္ရွိလာေပမယ့္ ပရိသတ္အခုိင္အမာရရွိထားဆဲျဖစ္ပါတယ္။

သမီးႏွစ္ေယာက္ရဲ႕ေမေမ စမုိင္းလ္ကေတာ့ မိသားစုနဲ႕အတူ ဥေရာပခရီးစဥ္ကေန ျပန္လာတာျဖစ္ျပီး သူမရဲ႕ ျပင္းျပင္းထန္ထန္ ၀ိတ္ခ်နည္းကုိလည္း ပရိသတ္ေတြက သိခ်င္ေနၾကတာျဖစ္ပါတယ္။  လြန္ခဲ့တဲ့ ႏွစ္က ခႏၶာကုိယ္အခ်ိဳးအစားထက္ အမ်ားၾကီး ပိန္သြားတဲ့ စမုိင္းလ္ကေတာ့ သူမရဲ႕ ၀ိတ္ခ်နည္းေတြကုိ ေျပာျပဖုိ႕ စာေရးေနေၾကာင္း အခုလုိ လူမႈကြန္ရက္စာမ်က္နွာကေနတစ္ဆင့္ အသိေပးထားပါတယ္။

“အခုေလဝိတ္ခ်တဲ့အေၾကာင္းကိုေမးလြန္းလို႔တစ္ေယာက္ခ်င္းမေျဖႏိုင္ေတာ့လို႔စာေလးေရးေနတယ္.. ဘာေတြအဓိကသိခ်င္တာလဲဆိုတာေလးေတြေျပာျပေနာ္.. ႀကိဳးစားၿပီးသိသေလာက္အားလုံးကိုမွ်ေဝေပးမယ္။ စဆရကလုပ္တာေတာ့မဟုတ္ပါဘူးေနာ္ ကိုယ္သိတာေလးေတြေဝမွ်ေပးတာပါ” လုိ႕ ေရးသားထားတာေတြ႕ရပါတယ္။ စမုိင္းလ္ ဟာ အိမ္ေထာင္ေရးကံေကာင္းသူျဖစ္တာမုိ႕ သူမတုိ႕မိသားစုဘ၀ကုိ အားက်ေနရတဲ့ ပရိသတ္ေတြလည္း ရွိေနတာျဖစ္ပါတယ္။

Photos Credit – Smile Facebook Page ,Amazing Grace

Stella(Akhayar)

www.akhayar.com

[Unicode]

ပရိသတ်တွေသိချင်နေတဲ့ ဝိတ်ချတဲ့အကြောင်းကို ပြောပြမယ့် စမိုင်းလ်

Gym ဆော့ပြီး အလှအပထိန်းသိမ်းမှုတွေပြန်လုပ်ရာက ဝိတ်ကျသွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ အနုပညာလောကထဲ တစ်ကျော့ပြန်ရောက်ရှိလာပေမယ့် ပရိသတ်အခိုင်အမာရရှိထားဆဲဖြစ်ပါတယ်။


သမီးနှစ်ယောက်ရဲ့မေမေ စမိုင်းလ်ကတော့ မိသားစုနဲ့အတူ ဥရောပခရီးစဉ်ကနေ ပြန်လာတာဖြစ်ပြီး သူမရဲ့ ပြင်းပြင်းထန်ထန် ဝိတ်ချနည်းကိုလည်း ပရိသတ်တွေက သိချင်နေကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်က ခန္ဓာကိုယ်အချိုးအစားထက် အများကြီး ပိန်သွားတဲ့ စမိုင်းလ်ကတော့ သူမရဲ့ ဝိတ်ချနည်းတွေကို ပြောပြဖို့ စာရေးနေကြောင်း အခုလို လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။


“အခုလေဝိတ်ချတဲ့အကြောင်းကိုမေးလွန်းလို့တစ်ယောက်ချင်းမဖြေနိုင်တော့လို့စာလေးရေးနေတယ်.. ဘာတွေအဓိကသိချင်တာလဲဆိုတာလေးတွေပြောပြနော်.. ကြိုးစားပြီးသိသလောက်အားလုံးကိုမျှဝေပေးမယ်။ စဆရကလုပ်တာတော့မဟုတ်ပါဘူးနော် ကိုယ်သိတာလေးတွေဝေမျှပေးတာပါ” လို့ ရေးသားထားတာတွေ့ရပါတယ်။ စမိုင်းလ် ဟာ အိမ်ထောင်ရေးကံကောင်းသူဖြစ်တာမို့ သူမတို့မိသားစုဘဝကို အားကျနေရတဲ့ ပရိသတ်တွေလည်း ရှိနေတာဖြစ်ပါတယ်။

Photos Credit – Smile Facebook Page, Amazing Grace

Stella(Akhayar)

www.akhayar.com