[Zawgyi]
Photos Credit – NanSuYati Soe
Stella(Akhayar)
www.Akhayar.com 
[Unicode]
လူမှုကွန်ရက်မှာ ရေပန်းစားလျက်ရှိတဲ့ နန်းဆုရတီစိုးရဲ့ အလန်းဆုံးဖက်ရှင်များ
“ရူးအောင်ချစ်မိသူ” ဆိုတဲ့ သီချင်းလေးနဲ့ ပွဲခံထားတဲ့ သရုပ်ဆောင်၊ အဆိုတော် နန်းစုရတီစိုးကတော့ လတ်တလော လူမှုကွန်ရက်မှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးရရှိထားသူဆိုလည်းမမှားပါဘူး။နန်းစုဟာ ဖက်ရှင်နဲ့ပတ်သက်ရင်လည်း ခေတ်နဲ့အမှီလိုက်နိုင်တဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို ဝတ်ဆင်လေ့ရှိသူမို့ မိန်းကလေးချင်းတောင်ငေးလောက်တဲ့ ဆယ်လီတစ်ယောက်ဖြစ်ပါတယ်။
အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုထိန်းထားနိုင်တဲ့ နန်းဆုဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝတ်ဆင်ခဲ့တဲ့ ပွဲတက်ဝတ်စုံလေးတွေနဲ့ပတ်သက်ပြီး ရေပန်းစားလျက်ရှိပါတယ်။ နန်းဆုဟာ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့အတူ လှပသေးသွယ်တဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားရသူမို့ သူမရဲ့ ဘဝကတော့ မြင်တာနဲ့ စိတ်ချမ်းသာစရာကောင်းလှပါတယ်။
ဇူလိုင်လ(၂၄)ရက်နေ့တုန်းကလည်း နန်းစုဟာ Samsung Galaxy J8 launch Event ကို ချစ်သူဖြစ်တဲ့ အဆိုတော် Gfatt နဲ့အတူတူပွဲတက်ခဲ့ပြီး အဝါရောင်နဲ့ ဒီဇိုင်နာမပုံ့ချုပ်လုပ်ဖန်တီးထားတဲ့ အမိုက်စားဂါဝန်လေးကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ လတ်တလော လူမှုကွန်ရက်ပေါ်မှာ ဟော့ဖြစ်နေတဲ့ နန်းစုရဲ့ အလန်းဆုံး ဖက်ရှင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Stella(Akhayar)
www.Akhayar.com