[Zawgyi]







Stella(Akhayar)

www.akhayar.com

[Unicode]

ကျန်းမာရေးမကောင်းတဲ့ ဒေါ်စံပယ်ဆီ အလှုငွေသွားရောက်လှုဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးထားရတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ ရုပ်ရည်လေးလှသလို စိတ်ထားလေးလည်းလှတယ်ဆိုတာ သူ့ရဲ့ လုပ်ရပ်လေးကို ကြည့်လိုက်တာနဲ့ သိပါတယ်။ ရွှေပိုးအိမ်ဟာ သူမရဲ့ We love ပရိသတ်တွေနဲ့အတူ သြဂုတ်လ(၂၉)ရက်နေ့မှာ ကျန်းမာရေးမကောင်းတဲ့ သရုပ်ဆောင်ဒေါ်စံပယ်ဆီ သွားရောက်လှုဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ဒေါ်စံပယ်ဟာ မြန်မာဇာတ်ကားတော်တော်များများမှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်မှာ ကျန်းမာရေးအခြေအနေကြောင့်  နေအိမ်မှာပဲ ဆေးကုသမှုခံယူရင်း အနားယူနေရပါတယ်။


ရွှေပိုးအိမ်ဟာ နှလုံးသွေးကြောကျဉ်း ရောဂါခံစားနေရတဲ့သရုပ်ဆောင် ဒေါ်စံပယ် ရဲ့ နေအိမ်ကိုသွားရောက်ပြီး သူမရဲ့ အနုပညာကြေးလေးနဲ့ တတ်နိုင်သလောက် သွားရောက်ကာ ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ရွှေပိုးကိုတော့ တကယ်လိုအပ်ပြီးအခက်အခဲဖြစ်နေတဲ့ အနုပညာသမားတစ်ယောက်ကို ကူညီလိုက်တဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေပိုပြီး အချစ်ပိုနေကြပါတယ်။

ရွှေပိုးဟာ ဇာတ်ကားတွေရိုက်ကူးနေရပြီး မြန်မာဆန်ဆန်လေးနဲ့လှတဲ့ သူမရဲ့ ပုံရိပ်လေးတွေကြောင့်လည်း လူမှုကွန်ရက်ပေါ်မှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပါတယ်။ ရွှေပိုးရဲ့ ကုသိုလ်အတွက် ပရိသတ်ကြီးလည်း ဆုမွန်ကောင်းတောင်းလိုက်ပါဦးနော်။

Photos Credit – Shwe Poe Eain

Stella(Akhayar)

www.akhayar.com