[Zawgyi]

ျမင့္ျမတ္ကို အကယ္ဒမီရေစခ်င္တယ္လို႔ဆိုတဲ႔ ေရႊပိုးအိမ္

“အသည္းကြဲပါတီ” ရုပ္ရွင္ဇာတ္ကားထဲမွာ ရိုးရိုးေအးေအးေလးနဲ႔ပုံစံမ်ိဳးကိုမွ ဟာသကာရိုက္တာ သရုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး သရုပ္ေဆာင္ရတဲ့အေပၚမွာ အခက္အခဲေတြရိွခဲ့ေသးလားဆိုတာကိုေတာ့ “ေရႊပိုးအိမ္”က “အခက္အခဲက သိပ္အမ်ားႀကီးမရိွပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဦးညီကလည္းသင္တယ္။ ေနာက္ ကိုထြန္းထြန္း ၊ စင္သီယာတို႔က သင္ေပးၾကေတာ့ သိပ္အခက္အခဲႀကီးမရိွပါဘူး။ ဟာသက ကိုယ္တစ္ခါမွမလုပ္ဘူးေတာ့ ကိုယ္လုပ္ႏိုင္ပါ့မလားလို႔စိုးရိမ္တယ္။ဒါေပမယ့္ ရိုက္ေတာ့လည္း အဆင္ေျပသြားပါတယ္။ ညီမကေတာ့ ဘယ္ကာရိုက္တာပဲလာလာ အဲ့ဒီကာရိုက္တာေပၚမွာ အေကာင္းဆုံးျဖစ္ေအာင္လို႔ သရုပ္ေဆာင္ခ်င္တာပါပဲ။ ဒရမ္မာေတြရိုက္တာမ်ားေတာ့ ဟာသကိုမရိုက္ဖူးလို႔ ရိုက္ၾကည့္ခ်င္တယ္။ ေနာက္ထပ္ တျခားကာရိုက္ေတြကလည္း ကိုယ္သရုပ္မေဆာင္ဖူးေသးေတာ့ သရုပ္ေဆာင္ဖူးခ်င္ပါတယ္”လို႔ ေျပာပါတယ္။

ဒီႏွစ္အကယ္ဒမီပြဲတက္ဖက္ရွင္နဲ႔ပတ္သက္ၿပီးေတာ့လည္း ေရႊပိုးအိမ္က အခုလိုေျပာခဲ့ပါတယ္။ “ဒီႏွစ္အကယ္ဒမီပြဲအတြက္ စပြန္ဆာကေတာ့ ‘Aroma’ က ေပးထားပါတယ္။ ၀တ္စုံကမၿပီးေသးေတာ့ ဘယ္လိုဖက္ရွင္မ်ိဳးျဖစ္မယ္ဆိုတာ မသိေသးပါဘူး။ မိတ္ကပ္ေရာ၊ ဆံပင္ေရာ၊ လက္၀တ္ရတနာေရာအားလုံး ‘Aroma’ ကပဲ အကုန္လုပ္ေပးမွာပါ။

ဒီႏွစ္မွာေရာ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ဘယ္သူေတြကိုရေစခ်င္မိလဲလို႔ဆိုေတာ့ “ဒီႏွစ္ မအူ၀ဲကိုရေစခ်င္ပါတယ္။ ေနာက္ၿပီး ကိုေနတိုး၊ ကိုျမင့္ျမတ္၊ ကိုေျပတီဦးတို႔ေပါ့။ ကိုျမင့္ျမတ္ကေတာ့ မရေသးတဲ့အတြက္ေၾကာင့္မို႔ ကိုျမင့္ျမတ္ကိုရေစခ်င္ပါတယ္”လို႔ ဆိုပါတယ္။

Photo Credit: Shwe Poe Eain Facebook

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မြင့်မြတ်ကို အကယ်ဒမီရစေချင်တယ်လို့ဆိုတဲ့ ရွှေပိုးအိမ်

“အသည်းကွဲပါတီ” ရုပ်ရှင်ဇာတ်ကားထဲမှာ ရိုးရိုးအေးအေးလေးနဲ့ပုံစံမျိုးကိုမှ ဟာသကာရိုက်တာ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သရုပ်ဆောင်ရတဲ့အပေါ်မှာ အခက်အခဲတွေရှိခဲ့သေးလားဆိုတာကိုတော့ “ရွှေပိုးအိမ်”က “အခက်အခဲက သိပ်အများကြီးမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဦးညီကလည်းသင်တယ်။ နောက် ကိုထွန်းထွန်း ၊ စင်သီယာတို့က သင်ပေးကြတော့ သိပ်အခက်အခဲကြီးမရှိပါဘူး။ ဟာသက ကိုယ်တစ်ခါမှမလုပ်ဘူးတော့ ကိုယ်လုပ်နိုင်ပါ့မလားလို့စိုးရိမ်တယ်။ဒါပေမယ့် ရိုက်တော့လည်း အဆင်ပြေသွားပါတယ်။ ညီမကတော့ ဘယ်ကာရိုက်တာပဲလာလာ အဲ့ဒီကာရိုက်တာပေါ်မှာ အကောင်းဆုံးဖြစ်အောင်လို့ သရုပ်ဆောင်ချင်တာပါပဲ။ ဒရမ်မာတွေရိုက်တာများတော့ ဟာသကိုမရိုက်ဖူးလို့ ရိုက်ကြည့်ချင်တယ်။ နောက်ထပ် တခြားကာရိုက်တွေကလည်း ကိုယ်သရုပ်မဆောင်ဖူးသေးတော့ သရုပ်ဆောင်ဖူးချင်ပါတယ်”လို့ ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပွဲတက်ဖက်ရှင်နဲ့ပတ်သက်ပြီးတော့လည်း ရွှေပိုးအိမ်က အခုလိုပြောခဲ့ပါတယ်။ “ဒီနှစ်အကယ်ဒမီပွဲအတွက် စပွန်ဆာကတော့ ‘Aroma’ က ပေးထားပါတယ်။ ဝတ်စုံကမပြီးသေးတော့ ဘယ်လိုဖက်ရှင်မျိုးဖြစ်မယ်ဆိုတာ မသိသေးပါဘူး။ မိတ်ကပ်ရော၊ ဆံပင်ရော၊ လက်ဝတ်ရတနာရောအားလုံး ‘Aroma’ ကပဲ အကုန်လုပ်ပေးမှာပါ။

ဒီနှစ်မှာရော အကယ်ဒမီနဲ့ပတ်သက်ပြီး ဘယ်သူတွေကိုရစေချင်မိလဲလို့ဆိုတော့ “ဒီနှစ် မအူဝဲကိုရစေချင်ပါတယ်။ နောက်ပြီး ကိုနေတိုး၊ ကိုမြင့်မြတ်၊ ကိုပြေတီဦးတို့ပေါ့။ ကိုမြင့်မြတ်ကတော့ မရသေးတဲ့အတွက်ကြောင့်မို့ ကိုမြင့်မြတ်ကိုရစေချင်ပါတယ်”လို့ ဆိုပါတယ်။

Photo Credit: Shwe Poe Eain Facebook

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။