[Zawgyi]

Reflection အတြက္ စိတ္ေရာလူေရာႏွစ္ၿပီး အပင္ပန္းခံႀကိဳးစားခဲ့တယ္ဆိုတဲ့ ပက္ထရစ္ရွာ

Reflection ဇာတ္ကားမွာ ပါ၀င္သရုပ္ေဆာင္ထားတဲ့ ပက္ထရစ္ရွာက ဒီဇာတ္ကားနဲ႔ပတ္သက္ၿပီး သူ႔မရဲ႕ေလ့လာႀကိဳးစားအားထုတ္ျဖစ္ခဲ့ပုံနဲ႔ အသစ္တစ္ေယာက္ရဲ႕စိတ္ခံစားခ်က္ ဘယ္လိုရိွခဲ့တယ္ဆိုတာကို ေျပာျပခဲ့ပါတယ္။ “ျမန္မာႏိုင္ငံမွာ ပထမဆုံးမိန္းကေလးအက္ရွင္ရိုက္ရတာဆိုေတာ့ အင္တာနက္ကေန မိန္းမအက္ရွင္ကားေတြ ၾကည့္ရတယ္။ ၿပီးေတာ့ မိတ္ကပ္ ဘယ္လိုလိမ္းသလဲေပါ့။ မ်က္ႏွာမာတဲ့ဘက္ကိုေရာက္ေအာင္လို႔ေပါ့။ ကိုယ္က ေလ့လာထားေပမယ့္လည္း Scene အေပၚမွာ ဖိုက္တင္ခန္းေတြရိုက္ဖို႔ ေလ့က်င့္ရတယ္။

ေနာက္ၿပီး တကယ့္ကို ၀ါရင့္သရုပ္ေဆာင္ေတြနဲ႔ သရုပ္ေဆာင္ရတာဆိုေတာ့ အရမ္းစိတ္ႏွစ္ထားတယ္။ Pressure လည္း အရမ္းမ်ားတယ္။ တာ၀န္လည္း ပိုႀကီးတယ္ေပါ့ေနာ္။ ကိုယ္က အသစ္တစ္ေယာက္လည္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ အက္ရွင္ကားဆိုေတာ့ ပိုၿပီးႀကိဳးစားရပါတယ္” လို႔ ဆိုပါတယ္။

ဇာတ္ကားထြက္လာတဲ့အခါမွာ ျပန္ၾကည့္လိုက္တဲ့အခါမွာ လိုေနတာေလးေတြရွိလို႔ အားမရေပမယ့္ ခ်စ္တဲ့စိတ္ေလးနဲ႔ၾကည့္ျပီး သည္းခံေပးပါလို႔လည္း ေျပာၾကားခဲ့ပါတယ္။ “ရွာရွာ စိတ္ေရာလူေရာ ႏွစ္ၿပီးေတာ့ ကိုယ့္ကိုကိုယ္အားမရတဲ့အထိ အပင္ပန္းခံၿပီး ႀကိဳးစားခဲ့ပါတယ္။ ရွာရွာ သရုပ္ေဆာင္တဲ့အခါမွာ လိုအပ္ခ်က္ေတြရိွရင္ ခ်စ္တဲ့စိတ္ေလးနဲ႔ သည္းခံၿပီးေတာ့ၾကည့္ေပးပါလို႔ ရွာရွာ ေျပာခ်င္ပါတယ္”လို႕ ေျဖၾကားသြားပါတယ္။

www.akhayar.com

[Unicode]

Reflection အတွက် စိတ်ရောလူရောနှစ်ပြီး အပင်ပန်းခံကြိုးစားခဲ့တယ်ဆိုတဲ့ ပက်ထရစ်ရှာ

Reflection ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပက်ထရစ်ရှာက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး သူ့မရဲ့လေ့လာကြိုးစားအားထုတ်ဖြစ်ခဲ့ပုံနဲ့ အသစ်တစ်ယောက်ရဲ့စိတ်ခံစားချက် ဘယ်လိုရှိခဲ့တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ ပထမဆုံးမိန်းကလေးအက်ရှင်ရိုက်ရတာဆိုတော့ အင်တာနက်ကနေ မိန်းမအက်ရှင်ကားတွေ ကြည့်ရတယ်။ ပြီးတော့ မိတ်ကပ် ဘယ်လိုလိမ်းသလဲပေါ့။ မျက်နှာမာတဲ့ဘက်ကိုရောက်အောင်လို့ပေါ့။ ကိုယ်က လေ့လာထားပေမယ့်လည်း Scene အပေါ်မှာ ဖိုက်တင်ခန်းတွေရိုက်ဖို့ လေ့ကျင့်ရတယ်။

နောက်ပြီး တကယ့်ကို ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်ရတာဆိုတော့ အရမ်းစိတ်နှစ်ထားတယ်။ Pressure လည်း အရမ်းများတယ်။ တာဝန်လည်း ပိုကြီးတယ်ပေါ့နော်။ ကိုယ်က အသစ်တစ်ယောက်လည်းဖြစ်တယ်။ နောက်ပြီးတော့ အက်ရှင်ကားဆိုတော့ ပိုပြီးကြိုးစားရပါတယ်” လို့ ဆိုပါတယ်။

ဇာတ်ကားထွက်လာတဲ့အခါမှာ ပြန်ကြည့်လိုက်တဲ့အခါမှာ လိုနေတာလေးတွေရှိလို့ အားမရပေမယ့် ချစ်တဲ့စိတ်လေးနဲ့ကြည့်ပြီး သည်းခံပေးပါလို့လည်း ပြောကြားခဲ့ပါတယ်။ “ရှာရှာ စိတ်ရောလူရော နှစ်ပြီးတော့ ကိုယ့်ကိုကိုယ်အားမရတဲ့အထိ အပင်ပန်းခံပြီး ကြိုးစားခဲ့ပါတယ်။ ရှာရှာ သရုပ်ဆောင်တဲ့အခါမှာ လိုအပ်ချက်တွေရှိရင် ချစ်တဲ့စိတ်လေးနဲ့ သည်းခံပြီးတော့ကြည့်ပေးပါလို့ ရှာရှာ ပြောချင်ပါတယ်”လို့ ဖြေကြားသွားပါတယ်။

www.akhayar.com