[Zawgyi]

အစ္ကိုလုိ သူငယ္ခ်င္းလို အျမဲရွိေပးတဲ့ ခ်စ္သူေလးကို ေက်းဇူးတင္ပါတယ္ဆိုတဲ႔ ပိုင္ၿဖိဳးသု

အႏုပညာပ်ိဳးခင္းမွစင္တင္မင္းသမီးတစ္ဦးျဖစ္တဲ့ သရုပ္ေဆာင္ပိုင္ၿဖိဳးသုက သူမရဲ႕လတ္တေလာ အခ်စ္ေရးက ေအးေအးေဆးေဆးနဲ႔ အဆင္ေျပေၾကာင္းကိုေျပာပါတယ္။ “ညီမရဲ႕အခ်စ္ေရးက ေအးေအးေဆးေဆးရွိပါတယ္။ ညီမခ်စ္သူကိုလည္း ေတာ္ေတာ္မ်ားမ်ားသိၿပီးသားပါ။ သူက ဒါ႐ိုက္တာဏႀကီးပါ။ သူကအစ္ကိုတစ္ေယာက္လိုေရာ၊ သူငယ္ခ်င္းတစ္ေယာက္လိုေရာ အၿမဲေဘးကေျပာျပေပးတယ္၊ အႏုပညာနဲ႔ပတ္သက္တာေတြကိုလည္း သင္ျပေပးတယ္။ ၿပီးခဲ့တဲ့ “မီ”ရုပ္ရွင္ဇာတ္ကားႀကီးဆိုရင္လည္း သူကုိယ္တိုင္ဒါရိုက္တာလုပ္ထားၿပီး ညီမတို႔ရိုက္ကူးၿပီးစီးခဲ့တယ္။ သူကအႀကီးျဖစ္ေနေတာ့ အရာရာနားလည္ၿပီး သင္ျပေပးပါတယ္၊ ညီမအျမင္ကေတာ့ သူက အရမ္းထက္ျမက္တဲ့လူတစ္ေယာက္ပါ။ အခုခ်ိန္ထိလည္း ညီမနားမွာ အေကာင္းဆံုးေနေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပိုင္ၿဖိဳးသုကေျပာပါတယ္။

သရုပ္ေဆာင္ပိုင္ၿဖိဳးသုအေနနဲ႔ ဗိုလ္ေအာင္ဒင္ခ်စ္ေသာမိန္းမမ်ား ဗီဒီယိုဇာတ္ကားနဲ႔ ပရိသတ္ေတြရဲ႕အားေပးမႈကိုအျပည့္ရရွိခဲ့ၿပီး ဗီဒီယိုဇာတ္ကား၊ရုပ္ရွင္ဇာတ္ကားမ်ားလည္း ရိုက္ကူးၿပီးစီးထားတဲ့အတြက္ ပရိသတ္ေတြဆီကို ေရာက္လာရင္ အားေပးၾကဖို႔လည္း ေျပာၾကားထားပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အစ်ကိုလို သူငယ်ချင်းလို အမြဲရှိပေးတဲ့ ချစ်သူလေးကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ ပိုင်ဖြိုးသု

အနုပညာပျိုးခင်းမှစင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုက သူမရဲ့လတ်တလော အချစ်ရေးက အေးအေးဆေးဆေးနဲ့ အဆင်ပြေကြောင်းကိုပြောပါတယ်။ “ညီမရဲ့အချစ်ရေးက အေးအေးဆေးဆေးရှိပါတယ်။ ညီမချစ်သူကိုလည်း တော်တော်များများသိပြီးသားပါ။ သူက ဒါရိုက်တာဏကြီးပါ။ သူကအစ်ကိုတစ်ယောက်လိုရော၊ သူငယ်ချင်းတစ်ယောက်လိုရော အမြဲဘေးကပြောပြပေးတယ်၊ အနုပညာနဲ့ပတ်သက်တာတွေကိုလည်း သင်ပြပေးတယ်။ ပြီးခဲ့တဲ့ “မီ”ရုပ်ရှင်ဇာတ်ကားကြီးဆိုရင်လည်း သူကိုယ်တိုင်ဒါရိုက်တာလုပ်ထားပြီး ညီမတို့ရိုက်ကူးပြီးစီးခဲ့တယ်။ သူကအကြီးဖြစ်နေတော့ အရာရာနားလည်ပြီး သင်ပြပေးပါတယ်၊ ညီမအမြင်ကတော့ သူက အရမ်းထက်မြက်တဲ့လူတစ်ယောက်ပါ။ အခုချိန်ထိလည်း ညီမနားမှာ အကောင်းဆုံးနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပိုင်ဖြိုးသုကပြောပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုအနေနဲ့ ဗိုလ်အောင်ဒင်ချစ်သောမိန်းမများ ဗီဒီယိုဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရရှိခဲ့ပြီး ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးပြီးစီးထားတဲ့အတွက် ပရိသတ်တွေဆီကို ရောက်လာရင် အားပေးကြဖို့လည်း ပြောကြားထားပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။