[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

ပန်းချီးကားချပ်ထဲက ကောင်မလေးတစ်ယောက်အလားထင်ရတဲ့ နန်းဆုရတီစိုး

အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုကြာရပ်တည်နေဆဲဖြစ်တဲ့ သရုပ်ဆောင် အဆိုတော်နန်းဆုရတီစိုးကတော့ လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိနေတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


“ရူးအောင်ချစ်ရသူ” သီချင်းလေးနဲ့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုထပ်မံရရှိထားတဲ့ နန်းဆုဟာ ဖက်ရှင်နဲ့ ပတ်သက်ရင် အမြင်မရိုင်းအောင်ဝတ်ဆင်လေ့ရှိပြီး မိန်းကလေးတိုင်းအားကျရလောက်အောင် နုပျိုလန်းဆန်းနေဆဲဖြစ်ပါတယ်။ လတ်တလောမှာလည်း နန်းဆုရဲ့ အသစ်တစ်ဖန်ထွက်ရှိလာတဲ့ အလှပုံရိပ်တွေက အရင်ကနဲ့မတူပဲ ပန်းပွင့်လေးတွေနဲ့ပုံဖော်ရိုက်ကူးထားတာမို့ တကယ့်ကို ပန်းချီကားချပ်ထဲကလို လှပနေတာတွေ့ရပါတယ်။

အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်နေရဆဲဖြစ်သလို အရမ်းချစ်တတ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားတာမို့ နန်းစုကတော့ စိတ်ချမ်းသာစရာဘဝကိုပိုင်ဆိုင်ထားရပါတယ်။  မြန်မာဝတ်စုံလေးတွေနဲ့လည်းလိုက်ဖက်ညီသလို ခေတ်ဆန်တဲ့ အဝတ်အစားတွေနဲ့လည်း လိုက်လျောညီထွေ ဝတ်ဆင်တတ်သူမို့ သူမကို လူမှုကွန်ရက်မှာစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

Photos Credit -Nansu Yati Soe facebook

Stella(Akhayar)

www.akhayar.com