[Zawgyi]

အခ်စ္ကုိအဓိပၸါယ္ဖြင့္ဆိုလိုက္တဲ့ နန္းဆုရတီစိုး

လတ္တေလာမွာ သရုပ္ေဆာင္နန္းဆုရတီစိုးက အဆိုေတာ္ G-Fatt နဲ႔ တရားဝင္ခ်စ္သူေတြလုိ႔ ဝန္ခံၿပီးတြဲေနတာၾကတာျဖစ္ပါတယ္။ သူမတို႔ခ်စ္သူႏွစ္ဦးကိုေတာ့ ပရိသတ္ေတြက အားက်ေနၾကသလို၊ ေဝဖန္မႈေတြကလည္း ဆက္တိုက္ကိုရွိေနခဲ့တာပါ၊ အဲဒီလိုေဝဖန္မႈအေပၚကို ဘယ္လိုသေဘာထားလဲလို႔ေမးၾကည့္ရာ နန္းဆုရတီစိုးက“အခ်စ္ေရးကေတာ့ အခုခ်ိန္ထိေအးေအးေဆးေဆးသာသာယာယာပါပဲ တစ္ေယာက္ရဲ႕လိုအပ္ခ်က္ကို တစ္ေယာက္ကျဖည့္ဆည္းေပးရင္း ကူညီေပးရင္းနဲ႔ပဲ နားလည္ မႈေတြနဲ႔ပဲေနျဖစ္ပါတယ္။ အားလံုးလည္းျမင္တဲ့အတိုင္းပါပဲ ေပ်ာ္ပါတယ္။ သာယာပါတယ္။ ေအးေဆးပါပဲ။ ဖူးစာဆိုတာရွိပါတယ္။ နန္းဆုက ဖူးစာကိုယံုပါတယ္။ ေရစက္ရွိလုိ႔လည္း နန္းဆုတို႔ ေတြ႕ဆံုရတာပါ။ တကယ္ဖူးစာဆံုရင္ေတာ့ ေပါင္းရမွာပါ။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

အခ်စ္ေရးနဲ႔ပတ္သက္တဲ့ ခံယူခ်က္ဆိုရင္ အျဖဴေရာင္စကၠဴေလးတစ္ရြက္လိုပါပဲ။ ကဗ်ာဆန္ဆန္ေျပာလုိက္တာပါ။ နန္းဆုကေတာ့ ျဖဴစင္တဲ့အခ်စ္ေတြကိုပဲေပးမွာပါ။ ျဖဴျဖဴစင္စင္ပဲ နားလည္မႈေတြ သစၥာရွိမႈ ကူညီေဖးမမႈ ၾကင္နာမႈေတြအမ်ားႀကီးပဲ လိုအပ္ပါတယ္။ အဲဒါေလးေတြနဲ႔ ႏွစ္ေယာက္လံုးက ေရရွည္သြားႏိုင္မယ္ဆိုရင္ ေရွ႕ဆက္ၿပီးသာယာတဲ့အခ်စ္လမ္းေလးျဖစ္မွာပါ” လို႔ ေျပာျပပါတယ္။

မဂၤလာလက္ဖြဲ႕

မဂၤလာလက္ဖြဲ႕

လတ္တေလာနန္းဆုရတီစိုးအေနနဲ႔ ပြင့္လင္းရာသီျဖစ္တဲ့အတြက္ နယ္ရိႈးပြဲေတြမွာ သီခ်င္းသီဆိုေဖ်ာ္ေျဖမႈေတြျပဳလုပ္ေနၿပီး လာမယ့္၂၀၁၇ အကယ္ဒမီေပးပြဲအတြက္လည္း အႏုပညာညီအစ္ကိုေမာင္ႏွမေတြကိုယ္စား ရင္ခုန္ေနပါတယ္လို႔ ဆက္လက္ေျပာျပပါေသးတယ္။ “ဒီႏွစ္အကယ္ဒမီေပးပြဲအတြက္အႏုပညာရွင္ေတြအားလံုးအတြက္ ရင္ခုန္ေပးပါတယ္။ ဒီႏွစ္မွာ ထူးထူးျခားျခားေကာင္းမြန္တဲ့ရုပ္ရွင္ ဇာတ္ကားေလးေတြလည္း ရွိတယ္။ ရံုၿပိဳင္စနစ္နဲ႔ ဇာတ္ကားေတြျဖစ္တဲ့အတြက္လည္း ဇာတ္ကားအေရအတြက္လည္း အရမ္းကိုမ်ားလာတယ္။ တခ်ိဳ႕ဇာတ္ကားေတြေတာ့ နန္းဆုသြားၾကည့္ျဖစ္တယ္။ တခ်ိဳ႕ကားေတြကေတာ့ အလုပ္နဲ႔တိုက္ေနတာေလးေတြရွိရင္ေတာ့ မၾကည့္ျဖစ္ဘူး။ အကယ္ဒမီေပးပြဲကိုလည္း တက္ျဖစ္မွာပါ” လို႔ နန္းဆုရတီစိုးကေျပာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုလိုက်တဲ့ နန်းဆုရတီစိုး

လတ်တလောမှာ သရုပ်ဆောင်နန်းဆုရတီစိုးက အဆိုတော် G-Fatt နဲ့ တရားဝင်ချစ်သူတွေလို့ ဝန်ခံပြီးတွဲနေတာကြတာဖြစ်ပါတယ်။ သူမတို့ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေက အားကျနေကြသလို၊ ဝေဖန်မှုတွေကလည်း ဆက်တိုက်ကိုရှိနေခဲ့တာပါ၊ အဲဒီလိုဝေဖန်မှုအပေါ်ကို ဘယ်လိုသဘောထားလဲလို့မေးကြည့်ရာ နန်းဆုရတီစိုးက“အချစ်ရေးကတော့ အခုချိန်ထိအေးအေးဆေးဆေးသာသာယာယာပါပဲ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ဆည်းပေးရင်း ကူညီပေးရင်းနဲ့ပဲ နားလည် မှုတွေနဲ့ပဲနေဖြစ်ပါတယ်။ အားလုံးလည်းမြင်တဲ့အတိုင်းပါပဲ ပျော်ပါတယ်။ သာယာပါတယ်။ အေးဆေးပါပဲ။ ဖူးစာဆိုတာရှိပါတယ်။ နန်းဆုက ဖူးစာကိုယုံပါတယ်။ ရေစက်ရှိလို့လည်း နန်းဆုတို့ တွေ့ဆုံရတာပါ။ တကယ်ဖူးစာဆုံရင်တော့ ပေါင်းရမှာပါ။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

အချစ်ရေးနဲ့ပတ်သက်တဲ့ ခံယူချက်ဆိုရင် အဖြူရောင်စက္ကူလေးတစ်ရွက်လိုပါပဲ။ ကဗျာဆန်ဆန်ပြောလိုက်တာပါ။ နန်းဆုကတော့ ဖြူစင်တဲ့အချစ်တွေကိုပဲပေးမှာပါ။ ဖြူဖြူစင်စင်ပဲ နားလည်မှုတွေ သစ္စာရှိမှု ကူညီဖေးမမှု ကြင်နာမှုတွေအများကြီးပဲ လိုအပ်ပါတယ်။ အဲဒါလေးတွေနဲ့ နှစ်ယောက်လုံးက ရေရှည်သွားနိုင်မယ်ဆိုရင် ရှေ့ဆက်ပြီးသာယာတဲ့အချစ်လမ်းလေးဖြစ်မှာပါ” လို့ ပြောပြပါတယ်။

မင်္ဂလာလက်ဖွဲ့

မင်္ဂလာလက်ဖွဲ့

လတ်တလောနန်းဆုရတီစိုးအနေနဲ့ ပွင့်လင်းရာသီဖြစ်တဲ့အတွက် နယ်ရှိုးပွဲတွေမှာ သီချင်းသီဆိုဖျော်ဖြေမှုတွေပြုလုပ်နေပြီး လာမယ့်၂၀၁၇ အကယ်ဒမီပေးပွဲအတွက်လည်း အနုပညာညီအစ်ကိုမောင်နှမတွေကိုယ်စား ရင်ခုန်နေပါတယ်လို့ ဆက်လက်ပြောပြပါသေးတယ်။ “ဒီနှစ်အကယ်ဒမီပေးပွဲအတွက်အနုပညာရှင်တွေအားလုံးအတွက် ရင်ခုန်ပေးပါတယ်။ ဒီနှစ်မှာ ထူးထူးခြားခြားကောင်းမွန်တဲ့ရုပ်ရှင် ဇာတ်ကားလေးတွေလည်း ရှိတယ်။ ရုံပြိုင်စနစ်နဲ့ ဇာတ်ကားတွေဖြစ်တဲ့အတွက်လည်း ဇာတ်ကားအရေအတွက်လည်း အရမ်းကိုများလာတယ်။ တချို့ဇာတ်ကားတွေတော့ နန်းဆုသွားကြည့်ဖြစ်တယ်။ တချို့ကားတွေကတော့ အလုပ်နဲ့တိုက်နေတာလေးတွေရှိရင်တော့ မကြည့်ဖြစ်ဘူး။ အကယ်ဒမီပေးပွဲကိုလည်း တက်ဖြစ်မှာပါ” လို့ နန်းဆုရတီစိုးကပြောပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။