[Zawgyi]

“ေမာင္မစၥက၀ိညာဥ္”မွာ အသံပိုင္းဆိုင္ရာသရုပ္ေဆာင္ထားတဲ႔ နန္းျမတ္ၿဖိဳးသင္း

“ေမာင္မစၥက၀ိညာဥ္” ကားကိုျပန္ၾကည့္ေတာ့ ကိုယ့္ကိုကိုယ္အားရေက်နပ္တာမ်ိဳးရိွလားဆိုေတာ့…

ဒီကားမွာ ႏွင္းဆီကာရိုက္တာအေနနဲ႔ျပန္ၾကည့္ေတာ့ အားမရတာေတြ အမ်ားႀကီးေတြ႔မိတယ္။ “အီေဖကိုယ္တို႔ေရြးေကာက္ပြဲ” ရုပ္ရွင္ဇာတ္ကားမတိုင္ခင္ကတည္းက ပထမဆုံးရိုက္ရတဲ့ရုပ္ရွင္ကားႀကီးလည္းျဖစ္ေတာ့ လိုအပ္ခ်က္ေတြလည္း ေတြ႔ရပါတယ္။ မိတ္ကပ္ပိုင္းမွာလည္း လိုအပ္ခ်က္ေလးေတြ ေတြ႔ရတယ္။ ဒီကားေလးမွာ အသံသရုပ္ေဆာင္ထားရတာေလးကေတာ့ ထူးျခားၿပီးေတာ့ ကိုယ့္ဘ၀အတြက္ အမွတ္တရျဖစ္ပါတယ္။

အသံသရုပ္ေဆာင္မွဳအပိုင္းမွာေရာ ဘယ္လိုအခက္အခဲေတြႀကံဳရေသးလဲလို႔ဆိုေတာ့…

ကိုခန္႔တို ့ကိုျမင့္ျမတ္တို႔ရဲ႕ရုပ္ေတြ ပါးစပ္ေပါက္ေတြအေပၚမွာ ကိုယ္က အသံထပ္ရတာေပါ့ေလ။ ကိုယ့္အသံေၾကာင့္ ကိုယ့္ဆရာသမားေတြရဲ႕အိုက္တင္ေတြ မပ်က္စီးရေအာင္လည္း အာရုံစိုက္ရေသးတယ္။ ၿပီးေတာ့ ပါးစပ္လႈပ္တာကိုက္ေအာင္၊ သဘာ၀က်ေအာင္ အမ်ားႀကီး ႀကိဳးစားထားရပါတယ္။Stress ေတြလည္းအရမ္းမ်ားခဲ့တယ္။ အဲဒါေလးေတြက အမွတ္တရေပါ့ေနာ္။ ဒီကားေလးထြက္လာေတာ့လည္း လူႀကီးေတြက အသံပိုင္းသရုပ္ေဆာင္ထားတာေလးကို ေက်နပ္တယ္၊ အားရတယ္ဆိုၿပီးခ်ီးက်ဴးၾကေတာ့ ကိုယ္အသက္ရွဴေခ်ာင္သြားတယ္။ ကိုယ္က ဒီကားထဲမွာ သရုပ္ေဆာင္ရတဲ့အခန္းက ေလး၊ ငါးခန္းပဲပါတယ္။ ကိုယ့္ရဲ႕အသံက ဇာတ္ကားအစကေနအဆုံးထိ ေတာက္ေလွ်ာက္ပါေနတယ္။

ဒီကားေလးနဲ ့ပတ္သက္ၿပီး ပရိသတ္ေတြကိုအမွတ္တရစကားေလးေျပာေပးပါဦးဆိုေတာ့

နန္းျမတ္ကို ဒီကားမွာ နန္းျမတ္မ်က္ႏွာျမင္ရဖို႔ထက္ အသံၾကားဖို႔က ပိုၿပီးမ်ားပါတယ္။ အသံနဲ႔အေကာင္းဆုံး သရုပ္ေဆာင္ထားပါတယ္။ ပထမဆုံးရိုက္ခြင့္ရတဲ့ရုုပ္ရွင္ကားႀကီးျဖစ္လို ့လိုအပ္တာေတြရိွရင္ နားလည္ေပးၾကပါလို ့ဒီကားေလးကုိလည္း လာေရာက္ၾကည္႔ရႈေပးၾကပါအံုးလို႔ ေျပာပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

“မောင်မစ္စကဝိညာဉ်”မှာ အသံပိုင်းဆိုင်ရ သရုပ်ဆောင်ထားတဲ့ နန်းမြတ်ဖြိုးသင်း

“မောင်မစ္စကဝိညာဉ်” ကားကိုပြန်ကြည့်တော့ ကိုယ့်ကိုကိုယ်အားရကျေနပ်တာမျိုးရှိလားဆိုတော့…

ဒီကားမှာ နှင်းဆီကာရိုက်တာအနေနဲ့ပြန်ကြည့်တော့ အားမရတာတွေ အများကြီးတွေ့မိတယ်။ “အီဖေကိုယ်တို့ရွေးကောက်ပွဲ” ရုပ်ရှင်ဇာတ်ကားမတိုင်ခင်ကတည်းက ပထမဆုံးရိုက်ရတဲ့ရုပ်ရှင်ကားကြီးလည်းဖြစ်တော့ လိုအပ်ချက်တွေလည်း တွေ့ရပါတယ်။ မိတ်ကပ်ပိုင်းမှာလည်း လိုအပ်ချက်လေးတွေ တွေ့ရတယ်။ ဒီကားလေးမှာ အသံသရုပ်ဆောင်ထားရတာလေးကတော့ ထူးခြားပြီးတော့ ကိုယ့်ဘဝအတွက် အမှတ်တရဖြစ်ပါတယ်။

အသံသရုပ်ဆောင်မှုအပိုင်းမှာရော ဘယ်လိုအခက်အခဲတွေကြုံရသေးလဲလို့ဆိုတော့…

ကိုခန့်တို့ ကိုမြင့်မြတ်တို့ရဲ့ရုပ်တွေ ပါးစပ်ပေါက်တွေအပေါ်မှာ ကိုယ်က အသံထပ်ရတာပေါ့လေ။ ကိုယ့်အသံကြောင့် ကိုယ့်ဆရာသမားတွေရဲ့အိုက်တင်တွေ မပျက်စီးရအောင်လည်း အာရုံစိုက်ရသေးတယ်။ ပြီးတော့ ပါးစပ်လှုပ်တာကိုက်အောင်၊ သဘာဝကျအောင် အများကြီး ကြိုးစားထားရပါတယ်။Stress တွေလည်းအရမ်းများခဲ့တယ်။ အဲဒါလေးတွေက အမှတ်တရပေါ့နော်။ ဒီကားလေးထွက်လာတော့လည်း လူကြီးတွေက အသံပိုင်းသရုပ်ဆောင်ထားတာလေးကို ကျေနပ်တယ်၊ အားရတယ်ဆိုပြီးချီးကျူးကြတော့ ကိုယ်အသက်ရှူချောင်သွားတယ်။ ကိုယ်က ဒီကားထဲမှာ သရုပ်ဆောင်ရတဲ့အခန်းက လေး၊ ငါးခန်းပဲပါတယ်။ ကိုယ့်ရဲ့အသံက ဇာတ်ကားအစကနေအဆုံးထိ တောက်လျှောက်ပါနေတယ်။

ဒီကားလေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအမှတ်တရစကားလေးပြောပေးပါဦးဆိုတော့

နန်းမြတ်ကို ဒီကားမှာ နန်းမြတ်မျက်နှာမြင်ရဖို့ထက် အသံကြားဖို့က ပိုပြီးများပါတယ်။ အသံနဲ့အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ပထမဆုံးရိုက်ခွင့်ရတဲ့ရုုပ်ရှင်ကားကြီးဖြစ်လို့လိုအပ်တာတွေရှိရင် နားလည်ပေးကြပါလို့ဒီကားလေးကိုလည်း လာရောက်ကြည့်ရှုပေးကြပါအုံးလို့ ပြောပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။