[Zawgyi]







Stella(Akhayar)

www.akhayar.com

[Unicode]

ကျောင်းစတက်တော့မယ့်သမီးလေးကို လိုက်ပို့တဲ့ မျိုးစန္ဒီကျော်

တစ်ချိန်က ဗီစီဒီသီချင်းတွေနဲ့ ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော မျိုးစန္ဒီကျော်ကိုတော့ ပရိသတ်တွေမမေ့လောက်သေးဘူးလို့ထင်ပါတယ်။ မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားတဲ့ မျိုးစန္ဒီကျော် တစ်ယောက် လက်ရှိမှာတော့ အနုပညာအလုပ်တွေကျဲသွားပေမယ့် သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ လူမှုကွန်ရက်မှာ ပရိသတ်နဲ့မျက်ခြေမပြတ်အောင်မျှဝေလေ့ရှိပါတယ်။


လတ်တလောမှာ သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ မျိုးစန္ဒီကျော် ဟာ သမီးဖြစ်သူ Jewel လေး ကျောင်းစတက်တဲ့နေ့ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ သမီးလေး Jewel လေးဟာ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာမို့လည်း မြင်သူတိုင်းချစ်နေရတဲ့ကလေးငယ်လေးဖြစ်ပါတယ်။

သူမတို့သားအမိပုံလေးတွေကိုမြင်တိုင်း ပရိသတ်တွေကတော့ အကဲပိုနေရပြီး အမြဲလိုလိုစောင့်ကြည့်အားပေးနေကြတာလည်းဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ဟာ သရုပ်ဆောင်ပီပြင်ပြီး ဗီဒီယိုဇာတ်ကားတော်တော်များများလည်း ရိုက်ကူးထားရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဒီလိုချစ်စရာကောင်းတဲ့မီးမီးလေးကတော့ မေမေထက်တောင်ပိုပြီးဆယ်လီဖြစ်နေပါပြီ။

Photos Credit – Myo Sandi Kyaw

Stella(Akhayar)

www.akhayar.com